တကၠသိုလ္ဝင္တန္း က်ရႈံးေပမဲ့ သင္ယူၿပီးေျမာက္ျခင္းလက္မွတ္ ထုတ္ေပးမည္ ျဖစ္ေသာ္လည္း ကန႔္သတ္ခ်က္ရွိေၾကာင္း အေျခခံပညာၫႊန္ခ်ဳပ္ေျပာၿပီ

တကၠသိုလ္ဝင္တန္း က်ရႈံးတဲ့ ေက်ာင္းသား/သူေတြကို ထုတ္ေပးတဲ့ အထက္တန္းၿပီးေျမာက္ေၾကာင္းလက္မွတ္ ကိုလည္း လုပ္ငန္းခြင္ ေတြမွာ အလုပ္ရွင္ေတြဘက္ကလည္း လက္ခံေပးဖို႔လိုေၾကာင္း၊တခ်ိဳ႕ ပညာသင္ေက်ာင္းေတြမွာလည္း ဒီလက္မွတ္နဲ႔ တက္ေရာက္ခြင့္ျပဳ ႏိုင္ဖို႔လိုေၾကာင္း အေျခခံပညာဦးစီးဌာနဒုၫြန္ခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကလည္း ေျပာပါတယ္။ယခုႏွစ္တကၠသိုလ္ဝင္တန္း ေအာင္ စာရင္းကို ဒီကေန႔မွာ အြန္လိုင္းကတစ္ဆင့္ ထုတ္ျပန္ေၾကညာေပးခဲ့ပါတယ္။

ဝင္ေရာက္ေျဖဆိုသူ ၉၁၀,၂၂၉ ဦးရွိခဲ့ရာ ေအာင္ျမင္သူ၂၉၁,၇၉၈ ဦးရွိတာေၾကာင့္ ေအာင္ခ်က္ရာခိုင္ႏႈန္း ၃၂.၀၆ ရာခိုင္ႏႈန္းရွိတယ္လို႔လည္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနစာရင္းေတြအရသိရပါတယ္။မၾကာခင္ထုတ္ေပးမွာျဖစ္ပါတယ္။ဒီႏွစ္မွာ တကၠသိုလ္ဝင္တန္း က်ရႈံးေပမဲ့ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီသူ ၅ သိန္းခြဲခန႔္ကို အထက္တန္းၿပီးေျမာက္ျခင္းလက္မွတ္ထုတ္ေပးသြားမယ္လို႔ အေျခခံပညာဦးစီးဌာနကေန သိရပါတယ္။အထက္တန္းၿပီးေျမာက္ျခင္းလက္မွတ္ထုတ္ေပးႏိုင္ဖို႔ သတ္မွတ္ခ်က္ (၇) ခ်က္ရွိပါတယ္။

ေက်ာင္းတြင္းစစ္စာေမးပြဲေတြမွာ အဆင့္ျပည့္မီတာ၊ေက်ာင္း တက္မွန္တာ၊ ျပစ္မႈကင္းတာ စတဲ့အခ်က္ေတြေပၚမူတည္ၿပီး လက္မွတ္ ထုတ္ ေပးမယ္လို႔ အေျခခံပညာဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။က်ရႈံးသူတိုင္း ရမွာမဟုတ္ပါဘူး။ ျပင္ပေျဖေတြ မရပါဘူး။ ေက်ာင္းတြင္း ေျဖေပမယ့္ သတ္မွတ္ခ်က္နဲ႔ မကိုက္ညီရင္မရပါဘူး။ အခုေတာ့ လက္မွတ္ထုတ္ေပးဖို႔ ေက်ာင္းသား ၅ သိန္းခြဲ ေလာက္ လ်ာထားပါတယ္။ ေက်ာင္းအလိုက္ အဆင္သင့္ျဖစ္ေနပါၿပီ။

မၾကာခင္အခ်ိန္အတြင္းမွာပဲ ထုတ္ေပးႏိုင္တာ့မွာပါ။”လို႔ ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။ အထက္တန္း ၿပီးေျမာက္ ျခင္း လက္မွတ္ထုတ္ေပးျခင္းကို ဒီႏွစ္ကစတင္သြားမွာျဖစ္ပါတယ္။ႏွစ္စဥ္ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ ၃၀ ရာခိုင္ႏႈန္းခန႔္သာ ေအာင္ ျမင္သူရွိၿပီး က်ရႈံးသူ ၇၀ ရာခိုင္ႏႈန္းမွာလည္း အခြင့္အလမ္းမဆုံးရႈံးေစရေအာင္ ရည္႐ြယ္တယ္လို႔လည္းသိရပါတယ္။

Credit : DUWUN

UNICODE

တက္ကသိုလ်ဝင်တန်း ကျရှုံးတဲ့ ကျောင်းသား/သူတွေကို ထုတ်ပေးတဲ့ အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် ကိုလည်း လုပ်ငန်းခွင် တွေမှာ အလုပ်ရှင်တွေဘက်ကလည်း လက်ခံပေးဖို့လိုကြောင်း၊တချို့ ပညာသင်ကျောင်းတွေမှာလည်း ဒီလက်မှတ်နဲ့ တက်ရောက်ခွင့်ပြု နိုင်ဖို့လိုကြောင်း အခြေခံပညာဦးစီးဌာနဒုညွန်ချုပ် ဒေါက်တာတင်မောင်ဝင်းကလည်း ပြောပါတယ်။ယခုနှစ်တက္ကသိုလ်ဝင်တန်း အောင် စာရင်းကို ဒီကနေ့မှာ အွန်လိုင်းကတစ်ဆင့် ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

ဝင်ရောက်ဖြေဆိုသူ ၉၁၀,၂၂၉ ဦးရှိခဲ့ရာ အောင်မြင်သူ၂၉၁,၇၉၈ ဦးရှိတာကြောင့် အောင်ချက်ရာခိုင်နှုန်း ၃၂.၀၆ ရာခိုင်နှုန်းရှိတယ်လို့လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနစာရင်းတွေအရသိရပါတယ်။မကြာခင်ထုတ်ပေးမှာဖြစ်ပါတယ်။ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်း ကျရှုံးပေမဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူ ၅ သိန်းခွဲခန့်ကို အထက်တန်းပြီးမြောက်ခြင်းလက်မှတ်ထုတ်ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။အထက်တန်းပြီးမြောက်ခြင်းလက်မှတ်ထုတ်ပေးနိုင်ဖို့ သတ်မှတ်ချက် (၇) ချက်ရှိပါတယ်။

ကျောင်းတွင်းစစ်စာမေးပွဲတွေမှာ အဆင့်ပြည့်မီတာ၊ကျောင်း တက်မှန်တာ၊ ပြစ်မှုကင်းတာ စတဲ့အချက်တွေပေါ်မူတည်ပြီး လက်မှတ် ထုတ် ပေးမယ်လို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ကျရှုံးသူတိုင်း ရမှာမဟုတ်ပါဘူး။ ပြင်ပဖြေတွေ မရပါဘူး။ ကျောင်းတွင်း ဖြေပေမယ့် သတ်မှတ်ချက်နဲ့ မကိုက်ညီရင်မရပါဘူး။ အခုတော့ လက်မှတ်ထုတ်ပေးဖို့ ကျောင်းသား ၅ သိန်းခွဲ လောက် လျာထားပါတယ်။ ကျောင်းအလိုက် အဆင်သင့်ဖြစ်နေပါပြီ။

မကြာခင်အချိန်အတွင်းမှာပဲ ထုတ်ပေးနိုင်တာ့မှာပါ။”လို့ ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ အထက်တန်း ပြီးမြောက် ခြင်း လက်မှတ်ထုတ်ပေးခြင်းကို ဒီနှစ်ကစတင်သွားမှာဖြစ်ပါတယ်။နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ၃၀ ရာခိုင်နှုန်းခန့်သာ အောင် မြင်သူရှိပြီး ကျရှုံးသူ ၇၀ ရာခိုင်နှုန်းမှာလည်း အခွင့်အလမ်းမဆုံးရှုံးစေရအောင် ရည်ရွယ်တယ်လို့လည်းသိရပါတယ်။

Credit :  DUWUN

Add a Comment

Your email address will not be published. Required fields are marked *