တိရစာၦန္ခ်စ္သူတိုင္း မ်က္ရည္ မဆည္ႏိုင္ျဖစ္ခဲ့ရ တဲ့ ေမပန္းခ်ီေခြးေလး ရဲ႕ ေသဆုံးမႈ အေၾကာင္း (႐ုပ္/သံ)

ကိုယ္သိပ္ခ်စ္ရတဲ့ ကိုယ့္ရဲ႕ကေလးေလးဟာ ကိုယ့္ေရွ႕မွာပဲ ဒီလိုအျဖစ္ ဆိုးနဲ႔ ေလာကႀကီးထဲက ထြက္သြားရတာမို႔ ပန္းခ်ီကေတာ့ အေတာ္ ေလးကို ေျဖမဆည္ႏိုင္ ျဖစ္ေနခဲ့ပါတယ္။ သမီးေလးရဲ႕ေနာက္ဆုံးႏႈတ္ဆက္မႈဗီဒီယိုေလးကို ” ႐ူးၿပီ ငါ့သမီးေလးေနာင္ဘဝ လူျဖစ္ပါေစ ” ဆိုၿပီး လူမႈကြန္ရက္မွာ မွ်ေဝခဲ့ပါတယ္။

ဒီလိုခံစားခ်က္ေတြဟာ တိခ်စ္သူေတြ အတြက္ေတာ့ အေတာ္ေလးကိုဆိုးဝါးၿပီး မႀကဳံခ်င္ဆုံးအခိုက္အတန႔္ေတြပါပဲ။ တစ္သက္လုံး ကိုယ့္ ရင္ထဲမွာ ေထြးေပြ႕ၿပီးခ်စ္လာခဲ့တဲ့ ကေလးေလးရဲ႕ေနာက္ဆုံးႏႈတ္ဆက္ခ်ိန္ေတြကို တိခ်စ္သူတိုင္းက ရင္မဆိုင္ခ်င္ၾကပါဘူး။ ကေလးေလး လည္း ေကာင္းရာမြန္ရာေရာက္ပါေစ။

ေခြးေလးေတြဟာ လူေတြနဲ႔အရင္းႏွီးဆုံးျဖစ္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ေမတၱာေတြ ဖလွယ္ၾကသူေတြပါ။ ကိုယ္ခ်စ္လို႔ တျမတ္တႏိုးေမြးထားတဲ့ ေခြးေလးေတြကို ေခြးလို႔ေတာင္မျမင္ေတာ့ဘဲ ကိုယ့္သားသမီးေလးလို ကိုယ့္မိသားစုဝင္တစ္ေယာက္လိုကို သ ေဘာထားေၾကာင္းကို တိခ်စ္သူေတြသာ ခံစားဖူးပါတယ္။

ဒီလိုသိပ္ခ်စ္ရတဲ့ ကိုယ့္ကေလးေလးဟာ ကိုယ့္ေရွ႕မွာ ဆုံးပါး သြားတာကို ဘယ္လိုမွမခံစားႏိုင္ၾကပါဘူး။ ေမပန္းခ်ီ ရဲ႕ ေခြးမေလးဟာ လည္း လမ္းထဲက တျခားအေကာင္ႀကီးေခြးေတြ ဝိုင္းကိုက္ၾက တာေၾကာင့္ နံ႐ိုးေတြက်ိဳးၿပီး ေဆးခန္းပို႔ကာ ကုသမႈခံယူခဲ့ေပမယ့္လည္း အခ်ိန္မမီေတာ့ဘဲ ဆုံးပါးသြားခဲ့ရပါတယ္။

photo and video- May Panche

UNICODE

ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့ကလေးလေးဟာ ကိုယ့်ရှေ့မှာပဲ ဒီလိုအဖြစ် ဆိုးနဲ့ လောကကြီးထဲက ထွက်သွားရတာမို့ ပန်းချီကတော့ အတော် လေးကို ဖြေမဆည်နိုင် ဖြစ်နေခဲ့ပါတယ်။ သမီးလေးရဲ့နောက်ဆုံးနှုတ်ဆက်မှုဗီဒီယိုလေးကို ” ရူးပြီ ငါ့သမီးလေးနောင်ဘဝ လူဖြစ်ပါစေ ” ဆိုပြီး လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

ဒီလိုခံစားချက်တွေဟာ တိချစ်သူတွေ အတွက်တော့ အတော်လေးကိုဆိုးဝါးပြီး မကြုံချင်ဆုံးအခိုက်အတန့်တွေပါပဲ။ တစ်သက်လုံး ကိုယ့် ရင်ထဲမှာ ထွေးပွေ့ပြီးချစ်လာခဲ့တဲ့ ကလေးလေးရဲ့နောက်ဆုံးနှုတ်ဆက်ချိန်တွေကို တိချစ်သူတိုင်းက ရင်မဆိုင်ချင်ကြပါဘူး။ ကလေးလေး လည်း ကောင်းရာမွန်ရာရောက်ပါစေ။

ခွေးလေးတွေဟာ လူတွေနဲ့အရင်းနှီးဆုံးဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် မေတ္တာတွေ ဖလှယ်ကြသူတွေပါ။ ကိုယ်ချစ်လို့ တမြတ်တနိုးမွေးထားတဲ့ ခွေးလေးတွေကို ခွေးလို့တောင်မမြင်တော့ဘဲ ကိုယ့်သားသမီးလေးလို ကိုယ့်မိသားစုဝင်တစ်ယောက်လိုကို သ ဘောထားကြောင်းကို တိချစ်သူတွေသာ ခံစားဖူးပါတယ်။

https://www.facebook.com/may.panchee/videos/2111676585629351/

ဒီလိုသိပ်ချစ်ရတဲ့ ကိုယ့်ကလေးလေးဟာ ကိုယ့်ရှေ့မှာ ဆုံးပါး သွားတာကို ဘယ်လိုမှမခံစားနိုင်ကြပါဘူး။ မေပန်းချီ ရဲ့ ခွေးမလေးဟာ လည်း လမ်းထဲက တခြားအကောင်ကြီးခွေးတွေ ဝိုင်းကိုက်ကြ တာကြောင့် နံရိုးတွေကျိုးပြီး ဆေးခန်းပို့ကာ ကုသမှုခံယူခဲ့ပေမယ့်လည်း အချိန်မမီတော့ဘဲ ဆုံးပါးသွားခဲ့ရပါတယ်။

https://www.facebook.com/may.panchee/videos/2111678968962446/

photo and video- May Panche

Add a Comment

Your email address will not be published. Required fields are marked *