ရတက္ မေအးစရာ ျဖစ္လာတဲ့ အင္ဒို – ပစိဖိတ္ ရပ္ဝန္း အတြင္းက ေတာင္တ႐ုတ္ ပင္လယ္အေရး သတိထားသင့္

ကပ္ေရာဂါတိုက္ဖ်က္ေရး ကာလအတြင္း အင္ဒို-ပစိဖိတ္ မဟာဗ်ဴဟာ အေကာင္အထည္ ေဖာ္ေရး အတြက္ မဟာမိတ္ေတြနဲ႔ ပူးေပါင္းကာ စစ္ေရးေလ့က်င့္ခန္းမ်ား ျပဳလုပ္တာေတြ၊ တ႐ုတ္ႏိုင္ငံဟာ Two Ocean Strategy မဟာဗ်ဴဟာကို အားသြန္ခြန္စိုက္ ေဖာ္ေဆာင္လာ တာ ေတြ၊ေတာင္တ႐ုတ္ ပင္လယ္ အတြင္း က်ည္စစ္ က်ည္မွန္မ်ား အသုံးျပဳ စစ္ေရး ေလ့က်င့္မႈမ်ား ဆက္တိုက္ ေဆာင္႐ြက္လာမႈေတြနဲ႔အတူ အင္အား ႀကီးႏိုင္ငံမ်ားအၾကား တုန႔္ျပန္မႈျမန္ဆန္လာျခင္းေတြ က ေဒသတြင္း တည္ၿငိမ္ေရး ကို ထိခိုက္ေစကာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ။

တစ္ေန႔ထက္ တစ္ေန႔ ျပင္းထန္လာေန တာေၾကာင့္ ရတက္မေအးစရာ အေျခအေန ကို ျပန္လည္ ေရာက္ ရွိလာခဲ့ၿပီ ျဖစ္ ပါ တယ္ ။ယေန႔ ကမာၻႀကီး မွာ အင္အားႀကီး ႏိုင္ငံေတြ အၾကား အမ်ိဳးသား အက်ိဳးစီးပြား ေဖာ္ေဆာင္ေရး မဟာဗ်ဴဟာ မ်ား ခ်မွတ္ က်င့္သုံးရာ မွ အၿပိဳင္ အဆိုင္ ဩဇာျဖန႔္ က်က္ လက္႐ုံး ဆန႔္ တန္းမႈမ်ား ပိုမိုျပင္း ထန္ လာၿပီး Flash Point အေနနဲ႔ အင္ဒို-ပစိဖိတ္ေဒသႀကီး အတြင္း မွာ တစ္ စတစ္စ အရွိန္ ျမင့္ တက္လာေနၿပီျဖစ္ ပါတယ္ ။

ဒုတိယ ကမာ ၻစစ္ေနာက္ပိုင္း ႏွစ္အတန္ၾကာ အင္အားခ်ိ နဲ႔ခဲ့တဲ့ တ႐ုတ္ ေရတပ္နဲ႔ ေလတပ္ တို႔ဟာ ပင္လယ္ျပင္ မွာ အေမရိကန္ေရတပ္ နဲ႔ ထိပ္တိုက္ ေတြ႕ဆုံႏိုင္ဖို႔ စြမ္းေဆာင္ရည္ေတြ မရွိခဲ့ေပ မဲ့ လြန္ခဲ့တဲ့ ႏွစ္ အနည္း ငယ္ အတြင္း တ႐ုတ္ႏိုင္ငံရဲ႕ စြမ္းေဆာင္ရည္ ဟာ လ်င္ျမန္ စြာ တိုးတက္ ေျပာင္းလဲလာခဲ့ျခင္းက အေမရိကန္တို႔အေနနဲ႔သာမက ကမာၻ႔ႏိုင္ငံ အမ်ားစုကပါ စိုးရိမ္ပူပန္မႈမ်ား ျမင့္တက္လာခဲ့ ပါတယ္။

အင္ဒို-ပစိဖိတ္ ေဒသ အတြင္း တ႐ုတ္တို႔ရဲ႕ေရေၾကာင္း စြမ္းအား တိုးတက္လာမႈကို ထိန္းခ်ဳပ္ရန္ အေမရိကန္တို႔ဟာ အက်ိဳးစီးပြားရရွိေရး အတြက္ ယွဥ္ၿပိဳင္ဘက္ႏိုင္ငံအေပၚ အင္အားႀကီးထြားခြင့္မေပး ဘဲ တည္ေဆာက္ဆဲ အရိပ္အေယာင္ေတြ႕ျမင္ေန တဲ့ ကာလအတြင္း မွာပင္ ဦးႏွိမ္ျခင္း၊ မိမိဩဇာ ကို ျဖန႔္က်က္ျခင္း၊ ရွင္သန္ ႀကီးထြားႏိုင္မည့္ အခြင့္အလမ္းမ်ား ပိတ္ဆို႔ျခင္း၊ ဘုံအက်ိဳးစီးပြားတူညီတဲ့ ႏိုင္ငံမ်ားနဲ႔ပူး ေပါင္းကာ ဆန႔္က်င္ ဘက္အား ထိန္းခ်ဳပ္ျခင္းစတဲ့ နည္းလမ္းမွန္ သမွ် ကို အသုံးျပဳလာခဲ့ ပါတယ္။

တ႐ုတ္ႏိုင္ငံက လည္း အေမရိကန္ ကို ေဒသတြင္း ထိန္းခ်ဳပ္ ႏိုင္ေအာင္ ႀကိဳးစားျခင္း၊ စစ္ေရးဆိုင္ရာ အျငင္းပြားဖြယ္ သြင္ျပင္ လကၡဏာ မ်ား ဖန္တီးျခင္းေတြအေပၚ တစ္စိုက္မတ္မတ္ ကန႔္ကြက္ေျပာ ဆိုေနသလို ေတာင္တ႐ုတ္ ပင္လယ္ အတြင္း ေရွးယခင္က တည္းက မိမိတို႔ ပိုင္ဆိုင္တယ္ လို႔ ယူဆထားတဲ့ Nine-Dash Line အေပၚမွာ ခိုင္မာစြာ ရပ္တည္ႏိုင္ေရး ႀကိဳးပမ္းလ်က္ ရွိပါတယ္။

REF: LET PAN

UNICODE

ကပ်ရောဂါတိုက်ဖျက်ရေး ကာလအတွင်း အင်ဒို-ပစိဖိတ် မဟာဗျူဟာ အကောင်အထည် ဖော်ရေး အတွက် မဟာမိတ်တွေနဲ့ ပူးပေါင်းကာ စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်တာတွေ၊ တရုတ်နိုင်ငံဟာ Two Ocean Strategy မဟာဗျူဟာကို အားသွန်ခွန်စိုက် ဖော်ဆောင်လာ တာ တွေ၊တောင်တရုတ် ပင်လယ် အတွင်း ကျည်စစ် ကျည်မှန်များ အသုံးပြု စစ်ရေး လေ့ကျင့်မှုများ ဆက်တိုက် ဆောင်ရွက်လာမှုတွေနဲ့အတူ အင်အား ကြီးနိုင်ငံများအကြား တုန့်ပြန်မှုမြန်ဆန်လာခြင်းတွေ က ဒေသတွင်း တည်ငြိမ်ရေး ကို ထိခိုက်စေကာ ထိပ်တိုက်တွေ့ဆုံမှုတွေ။

တစ်နေ့ထက် တစ်နေ့ ပြင်းထန်လာနေ တာကြောင့် ရတက်မအေးစရာ အခြေအနေ ကို ပြန်လည် ရောက် ရှိလာခဲ့ပြီ ဖြစ် ပါ တယ် ။ယနေ့ ကမ္ဘာကြီး မှာ အင်အားကြီး နိုင်ငံတွေ အကြား အမျိုးသား အကျိုးစီးပွား ဖော်ဆောင်ရေး မဟာဗျူဟာ များ ချမှတ် ကျင့်သုံးရာ မှ အပြိုင် အဆိုင် ဩဇာဖြန့် ကျက် လက်ရုံး ဆန့် တန်းမှုများ ပိုမိုပြင်း ထန် လာပြီး Flash Point အနေနဲ့ အင်ဒို-ပစိဖိတ်ဒေသကြီး အတွင်း မှာ တစ် စတစ်စ အရှိန် မြင့် တက်လာနေပြီဖြစ် ပါတယ် ။

ဒုတိယ ကမာ ္ဘစစ်နောက်ပိုင်း နှစ်အတန်ကြာ အင်အားချိ နဲ့ခဲ့တဲ့ တရုတ် ရေတပ်နဲ့ လေတပ် တို့ဟာ ပင်လယ်ပြင် မှာ အမေရိကန်ရေတပ် နဲ့ ထိပ်တိုက် တွေ့ဆုံနိုင်ဖို့ စွမ်းဆောင်ရည်တွေ မရှိခဲ့ပေ မဲ့ လွန်ခဲ့တဲ့ နှစ် အနည်း ငယ် အတွင်း တရုတ်နိုင်ငံရဲ့ စွမ်းဆောင်ရည် ဟာ လျင်မြန် စွာ တိုးတက် ပြောင်းလဲလာခဲ့ခြင်းက အမေရိကန်တို့အနေနဲ့သာမက ကမ္ဘာ့နိုင်ငံ အများစုကပါ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ ပါတယ်။

အင်ဒို-ပစိဖိတ် ဒေသ အတွင်း တရုတ်တို့ရဲ့ရေကြောင်း စွမ်းအား တိုးတက်လာမှုကို ထိန်းချုပ်ရန် အမေရိကန်တို့ဟာ အကျိုးစီးပွားရရှိရေး အတွက် ယှဉ်ပြိုင်ဘက်နိုင်ငံအပေါ် အင်အားကြီးထွားခွင့်မပေး ဘဲ တည်ဆောက်ဆဲ အရိပ်အယောင်တွေ့မြင်နေ တဲ့ ကာလအတွင်း မှာပင် ဦးနှိမ်ခြင်း၊ မိမိဩဇာ ကို ဖြန့်ကျက်ခြင်း၊ ရှင်သန် ကြီးထွားနိုင်မည့် အခွင့်အလမ်းများ ပိတ်ဆို့ခြင်း၊ ဘုံအကျိုးစီးပွားတူညီတဲ့ နိုင်ငံများနဲ့ပူး ပေါင်းကာ ဆန့်ကျင် ဘက်အား ထိန်းချုပ်ခြင်းစတဲ့ နည်းလမ်းမှန် သမျှ ကို အသုံးပြုလာခဲ့ ပါတယ်။

တရုတ်နိုင်ငံက လည်း အမေရိကန် ကို ဒေသတွင်း ထိန်းချုပ် နိုင်အောင် ကြိုးစားခြင်း၊ စစ်ရေးဆိုင်ရာ အငြင်းပွားဖွယ် သွင်ပြင် လက္ခဏာ များ ဖန်တီးခြင်းတွေအပေါ် တစ်စိုက်မတ်မတ် ကန့်ကွက်ပြော ဆိုနေသလို တောင်တရုတ် ပင်လယ် အတွင်း ရှေးယခင်က တည်းက မိမိတို့ ပိုင်ဆိုင်တယ် လို့ ယူဆထားတဲ့ Nine-Dash Line အပေါ်မှာ ခိုင်မာစွာ ရပ်တည်နိုင်ရေး ကြိုးပမ်းလျက် ရှိပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *