လာမယ့္ဩဂုတ္ လ (၁၂)ရက္ နဲ႔ (၁၃)ရက္ေတြမွာ တစ္နာရီ ကို အလုံး (၁၀၀) ေလာက္ ၾကယ္ မိုးေတြ ႐ြာသြန္းၿဖိဳးမည္ဟု ဆို
|ၾကယ္ေႂကြတာကို ေမွာင္ေသာေနရာ (တနည္း) ျပင္ပအလင္းေရာင္ အားနည္းတဲ့ ေနရာကေန ၾကည့္ရပါတယ္။ သို႔ေပမယ့္.. ဒုတိယဝါဆို လဆုတ္လျခမ္းရဲ႕ အလင္းေရာင္ အေႏွာက္အယွက္ကေတာ့ ရွိေနႏိုင္ပါတယ္။ ေနမထြက္မီ ကပ္ၿပီး အေရွ႕ေျမာက္အရပ္ရဲ႕ ၄၉ ဒီဂရီ အ ျမင့္ေလာက္ကို ေမာ့ၾကည့္မိလွ်င္ေတာ့..တစ္နာရီကို ၁၁၄ လုံးေလာက္ ေႂကြဆင္းမယ့္ ၾကယ္ေႂကြျခင္း။
(ၾကယ္မိုး႐ြာျခင္း) မ်ားကို သင္ျမင္ေတြ႕ရႏိုင္ပါတယ္။ ၂၀၂၀ ခုႏွ စ္ ဩဂုတ္လ ၁၂ ရက္ နဲ႔ ၁၃ ရက္ နံနက္ခင္းမ်ားမွာေတာ့ ပါးစီးယပ္စ္ လို႔ေခၚတဲ့ ၾကယ္တာရာမ်ားရွိရာ အရပ္မွ ၾကယ္မိုးမ်ားစြာ ႐ြာသြန္းၿဖိဳးျခင္းျဖစ္စဥ္ကို မိုးတိမ္ကင္းစင္ပါက ေစာင့္ေမွ်ာ္ၾကည့္ရႈလို႔ ရႏိုင္ပါၿပီ။ ၾကယ္ေႂကြတယ္ဆိုတာ က်ေနာ္ မၾကာခဏေျပာထားသလို.. အာကာသအတြင္း ေမ်ာလြင့္ေနတဲ့ ဥကၠာခဲ၊ ဥကၠာမႈန္မ်ားနဲ႔။
ကမာၻ႔ေလထုတို႔ ပြတ္တိုက္ရာက ေလာင္ကြၽမ္း ေပၚထြက္လာတဲ့ အလင္းတန္းမ်ား ျဖစ္ၾကပါတယ္။ယခုတစ္ေခါက္ ပြတ္တိုက္ေလာင္ ကြၽမ္း မယ့္ ဥကၠာခဲမႈန္မ်ားကေတာ့.. ၾကယ္တံခြန္ 109P/ Swift-turttle ရဲ႕ လမ္းေၾကာင္းမွာ က်က်န္ေနခဲ့တဲ့ ေက်ာက္ခဲမႈန္မ်ားပဲျဖစ္ပါတယ္။ က်ေနာ္တို႔ ကမာၻဟာ အဲ့ဒီ့ေနရာကို ႏွစ္စဥ္ ဇူလိုင္လ ၁၇ ရက္မွ ဩဂုတ္လ ၂၄ ရက္အတြင္း ျဖတ္သန္းေလ့ရွိၿပီး။
ဩဂုတ္လ ၁၂ ရက္ေန႔မွာေတာ့ ေက်ာက္ခဲ အမ်ားဆုံး ရွိတဲ့ေနရာကို ျဖတ္သန္းတဲ့အတြက္..ၾကယ္မိုးေတြ ႐ြာသလို တစ္နာရီကို အလုံး (၁၀၀) ေလာက္ ေလာင္ကြၽမ္း က်ဆင္း (တနည္း) ေႂကြက်ျခင္း ျဖစ္ပါတယ္။ညေကာင္းကင္မွာ အရပ္မ်က္ႏွာကို ေဖာ္ျပၾကတဲ့အခါ.. ၾကယ္တာရာ၊ ရာသီ၊ နကၡတ္ မ်ားနဲ႔ ေဖာ္ျပၾကရပါတယ္။ ယခု ၾကယ္ေႂကြျခင္းကို ျမန္မာႏိုင္ငံမွ ၾကည့္ရႈမည္ဆိုပါက.. ။
ပါးစီးယပ္စ္ (Perseus constellation) လို႔ေခၚတဲ့ ၾကယ္စုကို ရွာေဖြၾကည့္ရႈရမွာျဖစ္ပါတယ္။ထိုၾကယ္စုဟာ လက္ရွိအခ်ိန္မွာ ည (၁၀) နာရီေက်ာ္ေလာက္မွ အေရွ႕ (ေျမာက္) ဘက္ အရပ္ကေန ေပၚထြက္လာတာျဖစ္ၿပီး အျမင့္ဆုံး (အမ်ားဆုံး) ေႂကြက်မယ့္အခ်ိန္ဟာ နံနက္ ခင္းပိုင္း (၆) နာရီ ဝန္းက်င္မွာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ နံနက္ခင္း ေနမထြက္မီအခ်ိန္ဟာ အေကာင္းဆုံးေတြ႕ျမင္ရမယ့္ အခ်ိန္ျဖစ္ပါတယ္။
အာကာသဝါသနာရွင္မ်ားအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)
UNICODE
ကြယ်ကြွေတာကို မှောင်သောနေရာ (တနည်း) ပြင်ပအလင်းရောင် အားနည်းတဲ့ နေရာကနေ ကြည့်ရပါတယ်။ သို့ပေမယ့်.. ဒုတိယဝါဆို လဆုတ်လခြမ်းရဲ့ အလင်းရောင် အနှောက်အယှက်ကတော့ ရှိနေနိုင်ပါတယ်။ နေမထွက်မီ ကပ်ပြီး အရှေ့မြောက်အရပ်ရဲ့ ၄၉ ဒီဂရီ အ မြင့်လောက်ကို မော့ကြည့်မိလျှင်တော့..တစ်နာရီကို ၁၁၄ လုံးလောက် ကြွေဆင်းမယ့် ကြယ်ကြွေခြင်း။
(ကြယ်မိုးရွာခြင်း) များကို သင်မြင်တွေ့ရနိုင်ပါတယ်။ ၂၀၂၀ ခုနှ စ် ဩဂုတ်လ ၁၂ ရက် နဲ့ ၁၃ ရက် နံနက်ခင်းများမှာတော့ ပါးစီးယပ်စ် လို့ခေါ်တဲ့ ကြယ်တာရာများရှိရာ အရပ်မှ ကြယ်မိုးများစွာ ရွာသွန်းဖြိုးခြင်းဖြစ်စဉ်ကို မိုးတိမ်ကင်းစင်ပါက စောင့်မျှော်ကြည့်ရှုလို့ ရနိုင်ပါပြီ။ ကြယ်ကြွေတယ်ဆိုတာ ကျနော် မကြာခဏပြောထားသလို.. အာကာသအတွင်း မျောလွင့်နေတဲ့ ဥက္ကာခဲ၊ ဥက္ကာမှုန်များနဲ့။
ကမ္ဘာ့လေထုတို့ ပွတ်တိုက်ရာက လောင်ကျွမ်း ပေါ်ထွက်လာတဲ့ အလင်းတန်းများ ဖြစ်ကြပါတယ်။ယခုတစ်ခေါက် ပွတ်တိုက်လောင် ကျွမ်း မယ့် ဥက္ကာခဲမှုန်များကတော့.. ကြယ်တံခွန် 109P/ Swift-turttle ရဲ့ လမ်းကြောင်းမှာ ကျကျန်နေခဲ့တဲ့ ကျောက်ခဲမှုန်များပဲဖြစ်ပါတယ်။ ကျနော်တို့ ကမ္ဘာဟာ အဲ့ဒီ့နေရာကို နှစ်စဉ် ဇူလိုင်လ ၁၇ ရက်မှ ဩဂုတ်လ ၂၄ ရက်အတွင်း ဖြတ်သန်းလေ့ရှိပြီး။
ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ ကျောက်ခဲ အများဆုံး ရှိတဲ့နေရာကို ဖြတ်သန်းတဲ့အတွက်..ကြယ်မိုးတွေ ရွာသလို တစ်နာရီကို အလုံး (၁၀၀) လောက် လောင်ကျွမ်း ကျဆင်း (တနည်း) ကြွေကျခြင်း ဖြစ်ပါတယ်။ညကောင်းကင်မှာ အရပ်မျက်နှာကို ဖော်ပြကြတဲ့အခါ.. ကြယ်တာရာ၊ ရာသီ၊ နက္ခတ် များနဲ့ ဖော်ပြကြရပါတယ်။ ယခု ကြယ်ကြွေခြင်းကို မြန်မာနိုင်ငံမှ ကြည့်ရှုမည်ဆိုပါက.. ။
ပါးစီးယပ်စ် (Perseus constellation) လို့ခေါ်တဲ့ ကြယ်စုကို ရှာဖွေကြည့်ရှုရမှာဖြစ်ပါတယ်။ထိုကြယ်စုဟာ လက်ရှိအချိန်မှာ ည (၁၀) နာရီကျော်လောက်မှ အရှေ့ (မြောက်) ဘက် အရပ်ကနေ ပေါ်ထွက်လာတာဖြစ်ပြီး အမြင့်ဆုံး (အများဆုံး) ကြွေကျမယ့်အချိန်ဟာ နံနက် ခင်းပိုင်း (၆) နာရီ ဝန်းကျင်မှာဖြစ်ပါတယ်။အဲ့ဒါကြောင့် နံနက်ခင်း နေမထွက်မီအချိန်ဟာ အကောင်းဆုံးတွေ့မြင်ရမယ့် အချိန်ဖြစ်ပါတယ်။
အာကာသဝါသနာရှင်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)