ျပည္ပသို႔အလုပ္သြားလုပ္ရန္ COVID-19 ကင္းရွင္းေၾကာင္းေထာက္ခံခ်က္ ရလိုပါက က်ပ္(၂)သိန္းေကာက္မည္ဟု ထုတ္ျပန္

ျပည္ပသို႔သြားေရာက္လုပ္ကိုင္မည့္ အလုပ္သမားမ်ားသည္ ဓာတ္ခြဲနမူနာရယူရန္ အလူပ္လုပ္ကိုင္မည့္ သက္ေသအေထာက္အထား၊ လက္ မွတ္မ်ား၊ ႏိုင္ငံကူးလက္မွတ္မ်ား၊ ေလယာဥ္လက္မွတ္မ်ားႏွင့္အတူ ျပည္ပမထြက္ခြာမီ ၇၂ နာရီႀကိဳတင္၍ စစ္ေဆးမည့္ဌာနသို႔ ကိုယ္တိုင္ သြားေရာက္ကာ ကုန္က်စရိတ္ကို ျမန္မာ့စီးပြားေရးဘဏ္သို႔ ေပးသြင္းရမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

ဓာတ္ခြဲစစ္ေဆးမည့္သူမ်ားအေနႏွင့္ နီးစပ္ရာ ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရး ကုသေရးဦးစီးဌာနမ်ားတြင္ ႀကိဳတင္သြားေရာက္ စုံစမ္းႏိုင္ၿပီး ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရး။ ကုသေရးဦးစီးဌာနမွတစ္ဆင့္ တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာန အစီအစဥ္မ်ားျဖင့္ မိမိတို႔ ေနထိုင္ရာ ေဒသႏွင့္နီးစပ္ေသာ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန(ရန္ကုန္)(NHL) ႏွင့္ မႏၲေလးတို႔ရွိ ဓာတ္ခြဲဌာနမ်ားတြင္ သြားေရာက္အစစ္ေဆးခံရမည္ျဖစ္သည္။

ျပည္ပသို႔ အလုပ္သြားေရာက္ လုပ္ကိုင္လိုသည့္အတြက္ COVID-19 ေရာဂါကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ရယူလိုပါက စမ္းသပ္စစ္ ေဆးခအျဖစ္ က်ပ္ႏွစ္သိန္းေကာက္ခံမည္ျဖစ္ေၾကာင္း အလုပ္သမားၫႊန္ၾကားမႈ ဦးစီးဌာနက ေၾကညာထားသည္။ျပည္ပသို႔ အလုပ္သမား ေစလႊတ္ျခင္း လုပ္ငန္းစဥ္မ်ား ျပန္လည္စတင္သည္ႏွင့္ ျပည္ပသို႔အလုပ္သြားေရာက္ လုပ္ကိုင္မည့္သူမ်ားသည္ သက္ဆိုင္ရာႏိုင္ငံအသီးသီး သို႔ က်န္းမာေရးေထာက္ခံခ်က္ႏွင့္အတူ ဝင္ေရာက္ရမည္ျဖစ္သည္။

ထို႔အတြက္ က်န္းမာေရးေထာက္ခံခ်က္ကို ကုန္က်စရိတ္သက္သာစြာျဖင့္ ရရွိႏိုင္မည့္ေနရာမ်ားကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာ နက ယင္းဦးစီးဌာနသို႔ အသိေပးအေၾကာင္းၾကားခဲ့သည္။အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန(ရန္ကုန္) (NHL) ႏွင့္ ညႇိႏႈိင္းခ်က္ အျဖစ္ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္လုပ္ကိုင္မည့္ အလုပ္သမားမ်ားအေနႏွင့္ COVID-19 ကင္းရွင္းေၾကာင္း က်န္းမာေရးေထာက္ခံ ခ်က္ရယူရန္ ဓာတ္ခြဲနမူနာ စမ္းသပ္စစ္ေဆးျခင္းမ်ားအတြက္ စမ္းသပ္ေကာက္ခံမည္ျဖစ္သည္။

REF: THE VOICE

UNICODE

ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများသည် ဓာတ်ခွဲနမူနာရယူရန် အလူပ်လုပ်ကိုင်မည့် သက်သေအထောက်အထား၊ လက် မှတ်များ၊ နိုင်ငံကူးလက်မှတ်များ၊ လေယာဉ်လက်မှတ်များနှင့်အတူ ပြည်ပမထွက်ခွာမီ ၇၂ နာရီကြိုတင်၍ စစ်ဆေးမည့်ဌာနသို့ ကိုယ်တိုင် သွားရောက်ကာ ကုန်ကျစရိတ်ကို မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဓာတ်ခွဲစစ်ဆေးမည့်သူများအနေနှင့် နီးစပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ကုသရေးဦးစီးဌာနများတွင် ကြိုတင်သွားရောက် စုံစမ်းနိုင်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး။ ကုသရေးဦးစီးဌာနမှတစ်ဆင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစီအစဉ်များဖြင့် မိမိတို့ နေထိုင်ရာ ဒေသနှင့်နီးစပ်သော အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) နှင့် မန္တလေးတို့ရှိ ဓာတ်ခွဲဌာနများတွင် သွားရောက်အစစ်ဆေးခံရမည်ဖြစ်သည်။

ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်လိုသည့်အတွက် COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ရယူလိုပါက စမ်းသပ်စစ် ဆေးခအဖြစ် ကျပ်နှစ်သိန်းကောက်ခံမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ကြေညာထားသည်။ပြည်ပသို့ အလုပ်သမား စေလွှတ်ခြင်း လုပ်ငန်းစဉ်များ ပြန်လည်စတင်သည်နှင့် ပြည်ပသို့အလုပ်သွားရောက် လုပ်ကိုင်မည့်သူများသည် သက်ဆိုင်ရာနိုင်ငံအသီးသီး သို့ ကျန်းမာရေးထောက်ခံချက်နှင့်အတူ ဝင်ရောက်ရမည်ဖြစ်သည်။

ထို့အတွက် ကျန်းမာရေးထောက်ခံချက်ကို ကုန်ကျစရိတ်သက်သာစွာဖြင့် ရရှိနိုင်မည့်နေရာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာ နက ယင်းဦးစီးဌာနသို့ အသိပေးအကြောင်းကြားခဲ့သည်။အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) နှင့် ညှိနှိုင်းချက် အဖြစ် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအနေနှင့် COVID-19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံ ချက်ရယူရန် ဓာတ်ခွဲနမူနာ စမ်းသပ်စစ်ဆေးခြင်းများအတွက် စမ်းသပ်ကောက်ခံမည်ဖြစ်သည်။

REF:  THE  VOICE

Add a Comment

Your email address will not be published. Required fields are marked *