NLDက နိုင်ငံတကာမှငွေကြေးရယူသုံးစွဲနေကြောင်း ဦးဌေးအောင်၏ ပြောကြားချက်အား စိစစ်အရေးယူမည်ဟု ဒေါက်တာမျိုးညွှန့်ပြောပြီ(ရုပ်သံ)
REF: THE FIFTH WAVE NEWS
UNICODE
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်က Orchid ပိုင်ရှင် ဦးဌေးအောင်က NLD ပါတီအနေဖြင့် နိုင်ငံတော်အနေနဲ့မဟုတ်ဘဲ ပါတီနာမည်ဖြင့် နိုင်ငံတ ကာကနေ ငွေ ကြေး ရယူသုံးစွဲမှုတွေ ရှိနေတယ့်အကြောင်းကို နိုင်ငံရေးပါတီဥက္က ဋ္ဌတွေနဲ့ ခေါင်းဆောင်တွေ ကို ရှင်းလင်းတင်ပြ တိုင်ကြား တဲ့ အခမ်းအနား ပြု လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအခမ်းအနားအပြီးမှာတော့ ဦးဌေးအောင်ရဲ့ရှင်းလင်းမှုတွေအပေါ် NLD ဘက်ကဥပဒေကြောင်းအရဆောင်ရွက်မှုတွေ ပြုလုပ်ဖို့စီစဉ် နေတာဖြစ်ပါတယ်။ ဦးဌေးအောင်ရဲ့ ပြောကြားမှုတွေဟာ ဥပဒေနဲ့ငြိစွန်းမှုရှိ၊ မရှိစစ်ဆေးနေပြီးဥပဒေကြောင်းအရ ဆက် လက် ဆောင်ရွက် သွားမယ်လို့ (NLD) ပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်ပါတယ်။
REF: THE FIFTH WAVE NEWS