တစ်ရက် ကို သိန်း (၃၀) ဖိုးလောက် ရောင်းရတယ် ဆိုတဲ့ နတ်တလင်းမြို့က နာမည်ကြီးရေမုန့်(ရုပ်သံ)
crd : alzy
UNICODE
သူ့ရေမုန့်က ရန်ကုန်က ရေမုန့်တွေလိုမဟုတ်ဘူး။ ရန်ကုန်ရေမုန့် က ပါးလွှာပြီး ဆီတွေသိပ်များနေတာ..နတ်တလင်းရေမုန့်က နည်းနည်း ထူတယ် ပဲပြုတ်နိုင်းချင်းနဲ့ သိပ်ကောင်းတာ။အဲ့နားမှာ တင်ထိုင်စားပစ်လိုက်တယ် .. အေးရော.. ရိုးရိုး မှ ၃၀၀၊ ကြက်ဥ နဲ့ ၅၀၀ တဲ့ ပြည် သွားလို့ နတ်တလင်းရောက်ရင် ဝင်စားခဲ့အုန်း။ ညနေ ၃ နာရီလောက် မှ ရတာရယ်.. ပြည်လမ်း ဘေးမှာ တင်ရှိပါတယ်။
ရန်ကုန် – ပြည်လမ်းတစ်လျှောက်ဟာ မြို့တွေ တစ်မြို့ပြီး တစ်မြို့ဖြတ်ပြီးသွားရသလိုပဲ စားစရာတွေဟာလဲ မြို့တိုင်းမှာရှိနေလို့ ဟိုမြို့ ခ နရပ် ဒီမြို့ ခနားနား ဆင်းဝယ်နဲ့ ကို တစ်လမ်းလုံးမအားရပါဘူး။ခုလည်း အသိတစ်ယောက်က နတ်တလင်း မြို့ ရောက်ရင် ရေမုန့် စား ကြည့် အရမ်းကိုကောင်းတယ်ဆိုတာနဲ့ ရအောင်ရှာပြီးဝယ်စားတာပါ။
ရောင်းတဲ့ ကောင်လေးပြောပြမှပဲ ဒီရေမုန့်ဟာ တန်ဆောင်တိုင် ပွဲတော်ရက်တွေ ဆို တစ်ရက် သိန်း ၃၀ ဖိုးလောက် ရောင်းရတဲ့ ရေမုန့်ပါ တဲ့။ပရိသတ်ကြီးလဲ လမ်းကြုံရင်ဝင်စားကြည့်လိုက်ပါအုံး။အရသာသိရအောင်။
crd : alzy
Add a Comment
Your email address will not be published. Required fields are marked *