မ်ိဳးဆက္(၄)ဆက္တိုင္ ျမန္မာတျပည္လုံး (၁၀)တန္း အမွတ္အမ်ားဆုံး ပထမေနရာကို သိမ္းပိုက္ ခဲ့ၾကသူမ်ား အေၾကာင္း

ျမစ္ စမ္းယုမြန္

ေစာဝင္းျမင့္ ဆယ္တန္း ေအာင္ျမင္စဥ္ က ညီမျဖစ္သူ စမ္းယုမြန္မွာ သတၱမတန္းသာ ရွိေသးသည္။ စမ္းယုမြန္သည္လည္း ဦးဟုတ္စိန္၏ မ်ိဳးဆက္ျဖစ္သျဖင့္ေဆြမ်ိဳးမ်ား၏အားထားျခင္းကိုခံရသည္ ။၁၉၉၆ခုႏွစ္တြင္စမ္းယုမြန္သည္ဒသမတန္း စာေမးပြဲကိုဝင္ေရာက္ ေျဖဆို ခဲ့သည္။ အေဘး၊ အဘိုး ၊ မိခင္ ၊ အစ္ကို တို႔၏ ေျခရာကို နင္းမွနင္းႏိုင္ပါ့မလား ဟူ၍ စမ္းယုမြန္ ၏ စာေမးပြဲေအာင္စာရင္းကို ရင္တမမ ႏွင့္ တေဆြမ်ိဳးလုံး ေစာင့္ၾကည့္ခဲ့သည္ ။

ထင္သည့္အတိုင္းပင္ စမ္းယုမြန္ သည္လည္း ျမန္မာတစ္ႏိုင္ငံလုံး ဆယ္တန္းစာေမးပြဲတြင္ အဆင့္ ၁ ျဖင့္ ဗိုလ္စြဲ ခဲ့ျပန္ပါသည္ ။အလြန္တရာ ခက္ခဲလွေသာ ႏိုင္ငံလုံး အဆင့္ ၁ ေနရာကို မ်ိဳးဆက္ေလးဆက္ တိုင္တိုင္ (၅) ႀကိမ္ဆက္တိုက္ ဗိုလ္စြဲခဲ့ ေသာဦးဟုတ္စိန္၏ မိသားစုမ်ိဳး ဆက္မ်ားမွာအလြန္ပင္ထူးျခားလွပါေတာ့သည္ ။(အငယ္ဆုံးၿဖိဳးသန႔္ထူးကလည္း၂၀၀ျပည့္ႏွစ္မွာတစ္ႏိုင္ငံ လုံးတတိယရရွိခဲ့ပါတယ္။)

ဦးဟုတ္စိန္

ယခင္က ဘဂၤလားစာေမးပြဲ (ေခၚ) ဆယ္တန္းစာေမးပြဲကို ၁၉၀၉ ခုႏွစ္၌ စိန္ေပါလ္ေက်ာင္းမွ ေမာင္ဟုတ္စိန္က ျမန္မာႏိုင္ငံ လုံး ပထမ အဆင့္ျဖင့္ေအာင္ျမင္ခဲ့သည္ ။ထိုအခ်ိန္က စိန္ေပါလ္ေက်ာင္း ႏွင့္ စိန္ဂြၽန္းေက်ာင္းတို႔မွာ အဓိကၿပိဳင္ဘက္မ်ား ျဖစ္ခဲ့သည္။ ေမာင္ဟုတ္စိန္ သည္ ငယ္စဥ္ကတည္းက အလြန္ေတာ္ၿပီး ႏွစ္စဥ္ ထူးခြၽန္ဆုမ်ား ရရွိခဲ့သူ ျဖစ္သည္ ။ ႏိုင္ငံလုံး ပထမ အဆင့္ရခ်ိန္တြင္ ေမာင္ဟုတ္စိန္ မွာ အသက္(၁၉) ႏွစ္ သာ ရွိေသးသည္။ ရန္ကုန္ေကာလိပ္ႏွင့္ ကာလကတၱားတို႔၌ ပညာသင္ဆု ရခဲ့ၿပီး တက္ေရာက္သင္ယူခဲ့သည္ ။

၁၉၁၃ ခုႏွစ္တြင္ ကာလကတၱား တကၠသိုလ္မွ ဘီေအဘြဲ႕ရရွိခဲ့သည္။ ထို႔ေနာက္ပါဠိ၊ျမန္မာစာဆရာ၊စာရင္းကိုင္၊လက္ေထာက္အတြင္းဝန္ ၊ အတြင္းဝန္ ၊ တရားလႊတ္ေတာ္ေရွ႕ေနႀကီး စသည္ျဖင့္ ရာထူးမ်ားကိုထမ္းေဆာင္ခဲ့သည္ ။၁၉၄၇မွစတင္ကာ၁၉၇၇ခုႏွစ္ အထိပါဠိ-ျမန္မာ-အဘိဓာန္က်မ္းကိုျပဳစုခဲ့သည္။ယေန႔တိုင္ရဟန္းရွင္လူတို႔အားကိုးအားထားျပဳရသည့္အဘိဓာန္က်မ္းမ်ားကိုအသက္ထက္ဆုံးျပဳစုသြားခဲ့ၿပီး အသက္ ၉၄ ႏွစ္ အ႐ြယ္တြင္ ကြယ္လြန္ခဲ့သည္ ။

သား ေမာင္ေစာလႈိင္

ဦးဟုတ္စိန္ ႏွင့္ ဇနီးေဒၚျမေမ တို႔မွ သား ေမာင္ေစာလႈိင္ကို ဖြားျမင္ခဲ့သည္။ ေမာင္ေစာလႈိင္သည္ ဒုတိယ မ်ိဳးဆက္ အျဖစ္ ဖခင္ေျခရာကို နင္းႏိုင္ခဲ့သည္။၁၉၃၆ခုႏွစ္ဆယ္တန္းစာေမးပြဲကိုျမန္မာႏိုင္ငံလုံးပထမျဖင့္ေအာင္ျမင္ခဲ့သည္ ။ဦးေစာလႈိင္မွာ ေနာင္တြင္ ႏိုင္ငံျခားေရးဝန္ ႀကီးဌာန သို႔ ဝင္ေရာက္ အမႈထမ္းခဲ့ရာ စပိန္ႏိုင္ငံ၏ ျမန္မာႏိုင္ငံေတာ္ဆိုင္ရာ ဂုဏ္ထူးေဆာင္ ေကာင္စစ္ဝန္ ျဖစ္လာခဲ့သည္ ။

ေျမး ခ်ယ္ရီသန္းသန္းတင္

ဦးေစာလႈိင္ႏွင့္ဇနီးေဒၚၫြန႔္ရီတို႔မွသမီးသန္းသန္းတင္(ခ်ယ္ရီ)ကို ဖြားျမင္ပါသည္။ ေဒၚသန္းသန္းတင္သည္ စိန္ဂြန္းကြန္ဗင့္ (ယခုလသာ ထ-၂) ေက်ာင္း ၌ ပညာဆည္းပူးခဲ့သည္ ။ေဒၚသန္းသန္းတင္မွာလည္း ဖခင္ ႏွင့္ အဘိုးတို႔၏ ေျခရာကို ဆက္နင္းႏိုင္ခဲ့သူ ျဖစ္သည္။ ၁၉၆၄ ခုႏွစ္ ဆယ္တန္းစာေမးပြဲတြင္ ျမန္မာႏိုင္ငံလုံး ပထမအဆင့္ေနရာကိုStMaryDiocesanအမ်ိဳးသမီး အထက္တန္းေက်ာင္းမွေအာင္ျမင္ခဲ့ၿပီး ေဆးတကၠသိုလ္သို႔ တက္ေရာက္ခဲ့သည္ ။

ေနာင္တြင္ မီးယပ္ႏွင့္ သားဖြားပါရဂူေဆးပညာရွင္ပါေမာကၡ ေဒါက္တာေဒၚခ်ယ္ရီသန္းသန္းတင္ အျဖစ္ ထင္ရွားခဲ့သည္ ။

ျမစ္ ေစာဝင္းျမင့္

ေဒါက္တာ ေဒၚခ်ယ္ရီသန္းသန္းတင္သည္ အထူးကု ဆရာဝန္ႀကီး ဦးေအာင္မြန္ ႏွင့္ လက္ဆက္ကာ သားေစာဝင္းျမင့္ ၊ သမီး စမ္းယုမြန္ ႏွင့္ သားေမာင္ၿဖိဳးသန႔္ထူးတို႔ကို ေမြးဖြားခဲ့သည္ ။ဦးဟုတ္စိန္၏ စတုတၳ မ်ိဳးဆက္ျဖစ္သူ ေမာင္ေစာဝင္းျမင့္ က အေဘး၊ အဘိုး ၊ မိခင္ တို႔၏ ေျခရာကို ထပ္မံနင္းႏိုင္ခဲ့ျပန္သည္ ။ေစာဝင္းျမင့္သည္ ဒသမတန္း စာေမးပြဲကို အထက ၂ ကမာ႐ြတ္ မွ ဝင္ေရာက္ေျဖဆိုခဲ့ၿပီးတစ္ႏိုင္ငံလုံး ပထမ ရခဲ့သည့္အျပင္ ထိုေခတ္ကာလက ျမန္မာႏိုင္ငံ၏ အျမင့္ဆုံး စံခ်ိန္ ျဖစ္ေသာ အမွတ္ေပါင္း ၅၅၇ မွတ္ ကို စံခ်ိန္တင္ႏိုင္ခဲ့သည္ ။

တကၠသိုလ္ဝင္တန္း စာေမးပြဲသည္ႀကိဳးစားသူမ်ား အတြက္ေအာင္ျမင္ဖို႔သိပ္မခက္လွေသာစာေမးပြဲျဖစ္ေသာ္လည္း ဂုဏ္ထူးမ်ားပါဖို႔ေတာ့ ခက္ခဲလွသည္ ။ထိုထက္ပို၍တစ္ႏိုင္ငံလုံး အဆင့္ ၁ မွ ၁၀ အထိဝင္ရန္မွာအ လြန္ပင္ခက္ခဲလွၿပီးအဆင့္၁ေနရာကို ရရန္အတြက္မႈမည္မွ် ခက္ခဲေၾကာင္း ေျပာ၍ မလိုေတာ့ပါ..။သို႔ေသာ္ ထို ႏိုင္ငံလုံး အဆင့္ ၁ေနရာကို မ်ိဳးဆက္ေလးဆက္တိုင္တိုင္(၅)ႀကိမ္ဆက္ ရရွိခဲ့သူမ်ားရွိခဲ့ ဖူးသည္ဟု ဆိုလွ်င္ အလြန္အမင္းအံၾသသြားႏိုင္ပါသည္ ။

မသိေသးသူမ်ား အတြက္ ထိုမိသားစု အေၾကာင္းကို ဗဟုသုတ အျဖစ္ေဖာ္ျပလိုပါသည္ ။

ကိုးကား – ပုဂၢိဳလ္ထူးတို႔ရဲ႕ဘဝတစ္ေကြ႕ – တင္ႏိုင္တိုး

UNICODE

မြစ် စမ်းယုမွန်

စောဝင်းမြင့် ဆယ်တန်း အောင်မြင်စဉ် က ညီမဖြစ်သူ စမ်းယုမွန်မှာ သတ္တမတန်းသာ ရှိသေးသည်။ စမ်းယုမွန်သည်လည်း ဦးဟုတ်စိန်၏ မျိုးဆက်ဖြစ်သဖြင့်ဆွေမျိုးများ၏အားထားခြင်းကိုခံရသည် ။၁၉၉၆ခုနှစ်တွင်စမ်းယုမွန်သည်ဒသမတန်း စာမေးပွဲကိုဝင်ရောက် ဖြေဆို ခဲ့သည်။ အဘေး၊ အဘိုး ၊ မိခင် ၊ အစ်ကို တို့၏ ခြေရာကို နင်းမှနင်းနိုင်ပါ့မလား ဟူ၍ စမ်းယုမွန် ၏ စာမေးပွဲအောင်စာရင်းကို ရင်တမမ နှင့် တဆွေမျိုးလုံး စောင့်ကြည့်ခဲ့သည် ။

ထင်သည့်အတိုင်းပင် စမ်းယုမွန် သည်လည်း မြန်မာတစ်နိုင်ငံလုံး ဆယ်တန်းစာမေးပွဲတွင် အဆင့် ၁ ဖြင့် ဗိုလ်စွဲ ခဲ့ပြန်ပါသည် ။အလွန်တရာ ခက်ခဲလှသော နိုင်ငံလုံး အဆင့် ၁ နေရာကို မျိုးဆက်လေးဆက် တိုင်တိုင် (၅) ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့ သောဦးဟုတ်စိန်၏ မိသားစုမျိုး ဆက်များမှာအလွန်ပင်ထူးခြားလှပါတော့သည် ။(အငယ်ဆုံးဖြိုးသန့်ထူးကလည်း၂၀၀ပြည့်နှစ်မှာတစ်နိုင်ငံ လုံးတတိယရရှိခဲ့ပါတယ်။)

ဦးဟုတ်စိန်

ယခင်က ဘင်္ဂလားစာမေးပွဲ (ခေါ်) ဆယ်တန်းစာမေးပွဲကို ၁၉၀၉ ခုနှစ်၌ စိန်ပေါလ်ကျောင်းမှ မောင်ဟုတ်စိန်က မြန်မာနိုင်ငံ လုံး ပထမ အဆင့်ဖြင့်အောင်မြင်ခဲ့သည် ။ထိုအချိန်က စိန်ပေါလ်ကျောင်း နှင့် စိန်ဂျွန်းကျောင်းတို့မှာ အဓိကပြိုင်ဘက်များ ဖြစ်ခဲ့သည်။ မောင်ဟုတ်စိန် သည် ငယ်စဉ်ကတည်းက အလွန်တော်ပြီး နှစ်စဉ် ထူးချွန်ဆုများ ရရှိခဲ့သူ ဖြစ်သည် ။ နိုင်ငံလုံး ပထမ အဆင့်ရချိန်တွင် မောင်ဟုတ်စိန် မှာ အသက်(၁၉) နှစ် သာ ရှိသေးသည်။ ရန်ကုန်ကောလိပ်နှင့် ကာလကတ္တားတို့၌ ပညာသင်ဆု ရခဲ့ပြီး တက်ရောက်သင်ယူခဲ့သည် ။

၁၉၁၃ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်မှ ဘီအေဘွဲ့ရရှိခဲ့သည်။ ထို့နောက်ပါဠိ၊မြန်မာစာဆရာ၊စာရင်းကိုင်၊လက်ထောက်အတွင်းဝန် ၊ အတွင်းဝန် ၊ တရားလွှတ်တော်ရှေ့နေကြီး စသည်ဖြင့် ရာထူးများကိုထမ်းဆောင်ခဲ့သည် ။၁၉၄၇မှစတင်ကာ၁၉၇၇ခုနှစ် အထိပါဠိ-မြန်မာ-အဘိဓာန်ကျမ်းကိုပြုစုခဲ့သည်။ယနေ့တိုင်ရဟန်းရှင်လူတို့အားကိုးအားထားပြုရသည့်အဘိဓာန်ကျမ်းများကိုအသက်ထက်ဆုံးပြုစုသွားခဲ့ပြီး အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည် ။

သား မောင်စောလှိုင်

ဦးဟုတ်စိန် နှင့် ဇနီးဒေါ်မြမေ တို့မှ သား မောင်စောလှိုင်ကို ဖွားမြင်ခဲ့သည်။ မောင်စောလှိုင်သည် ဒုတိယ မျိုးဆက် အဖြစ် ဖခင်ခြေရာကို နင်းနိုင်ခဲ့သည်။၁၉၃၆ခုနှစ်ဆယ်တန်းစာမေးပွဲကိုမြန်မာနိုင်ငံလုံးပထမဖြင့်အောင်မြင်ခဲ့သည် ။ဦးစောလှိုင်မှာ နောင်တွင် နိုင်ငံခြားရေးဝန် ကြီးဌာန သို့ ဝင်ရောက် အမှုထမ်းခဲ့ရာ စပိန်နိုင်ငံ၏ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဖြစ်လာခဲ့သည် ။

မြေး ချယ်ရီသန်းသန်းတင်

ဦးစောလှိုင်နှင့်ဇနီးဒေါ်ညွန့်ရီတို့မှသမီးသန်းသန်းတင်(ချယ်ရီ)ကို ဖွားမြင်ပါသည်။ ဒေါ်သန်းသန်းတင်သည် စိန်ဂွန်းကွန်ဗင့် (ယခုလသာ ထ-၂) ကျောင်း ၌ ပညာဆည်းပူးခဲ့သည် ။ဒေါ်သန်းသန်းတင်မှာလည်း ဖခင် နှင့် အဘိုးတို့၏ ခြေရာကို ဆက်နင်းနိုင်ခဲ့သူ ဖြစ်သည်။ ၁၉၆၄ ခုနှစ် ဆယ်တန်းစာမေးပွဲတွင် မြန်မာနိုင်ငံလုံး ပထမအဆင့်နေရာကိုStMaryDiocesanအမျိုးသမီး အထက်တန်းကျောင်းမှအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည် ။

နောင်တွင် မီးယပ်နှင့် သားဖွားပါရဂူဆေးပညာရှင်ပါမောက္ခ ဒေါက်တာဒေါ်ချယ်ရီသန်းသန်းတင် အဖြစ် ထင်ရှားခဲ့သည် ။

မြစ် စောဝင်းမြင့်

ဒေါက်တာ ဒေါ်ချယ်ရီသန်းသန်းတင်သည် အထူးကု ဆရာဝန်ကြီး ဦးအောင်မွန် နှင့် လက်ဆက်ကာ သားစောဝင်းမြင့် ၊ သမီး စမ်းယုမွန် နှင့် သားမောင်ဖြိုးသန့်ထူးတို့ကို မွေးဖွားခဲ့သည် ။ဦးဟုတ်စိန်၏ စတုတ္ထ မျိုးဆက်ဖြစ်သူ မောင်စောဝင်းမြင့် က အဘေး၊ အဘိုး ၊ မိခင် တို့၏ ခြေရာကို ထပ်မံနင်းနိုင်ခဲ့ပြန်သည် ။စောဝင်းမြင့်သည် ဒသမတန်း စာမေးပွဲကို အထက ၂ ကမာရွတ် မှ ဝင်ရောက်ဖြေဆိုခဲ့ပြီးတစ်နိုင်ငံလုံး ပထမ ရခဲ့သည့်အပြင် ထိုခေတ်ကာလက မြန်မာနိုင်ငံ၏ အမြင့်ဆုံး စံချိန် ဖြစ်သော အမှတ်ပေါင်း ၅၅၇ မှတ် ကို စံချိန်တင်နိုင်ခဲ့သည် ။

တက္ကသိုလ်ဝင်တန်း စာမေးပွဲသည်ကြိုးစားသူများ အတွက်အောင်မြင်ဖို့သိပ်မခက်လှသောစာမေးပွဲဖြစ်သော်လည်း ဂုဏ်ထူးများပါဖို့တော့ ခက်ခဲလှသည် ။ထိုထက်ပို၍တစ်နိုင်ငံလုံး အဆင့် ၁ မှ ၁၀ အထိဝင်ရန်မှာအ လွန်ပင်ခက်ခဲလှပြီးအဆင့်၁နေရာကို ရရန်အတွက်မှုမည်မျှ ခက်ခဲကြောင်း ပြော၍ မလိုတော့ပါ..။သို့သော် ထို နိုင်ငံလုံး အဆင့် ၁နေရာကို မျိုးဆက်လေးဆက်တိုင်တိုင်(၅)ကြိမ်ဆက် ရရှိခဲ့သူများရှိခဲ့ ဖူးသည်ဟု ဆိုလျှင် အလွန်အမင်းအံသြသွားနိုင်ပါသည် ။

မသိသေးသူများ အတွက် ထိုမိသားစု အကြောင်းကို ဗဟုသုတ အဖြစ်ဖော်ပြလိုပါသည် ။

ကိုးကား – ပုဂ္ဂိုလ်ထူးတို့ရဲ့ဘဝတစ်ကွေ့ – တင်နိုင်တိုး

Add a Comment

Your email address will not be published. Required fields are marked *