သဘာဝ တရားႀကီးက စတင္ဒဏ္ခတ္လာၿပီလား? ဖားကန႔္ တြင္ ဥ႐ုေခ်ာင္းေရမ်ား ႐ုတ္တရက္ ျမင့္တက္မႈ ျဖစ္ေပၚ

လုံးခင္း ေက်း႐ြာအုပ္စု၊ ေမွာ္ပုံေက်း႐ြာ မွာလည္း ေလးႏွစ္အ႐ြယ္ မိန္းကေလး တစ္ဦး ဦး အိမ္ေရွ႕ေရႏုတ္ေျမာင္း အတြင္းျပဳတ္က်ကာ ဆန္ ခါေခ်ာင္း လက္တက္ အတြင္း ေမ်ာပါခဲ့ၿပီး လက္ရွိအခ်ိန္ထိ ရွာေဖြေတြ႕ရွိျခင္း မရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒီကေန႔ ဩဂုတ္ (၁၁) ရက္ မနက္ပိုင္းမွာေတာ့ ေခ်ာင္းေရ က်ဆင္းသြားၿပီး ပုံမွန္ ေရမ်က္ႏွာျပင္ အထက္ ႏွစ္ေပခန႔္ မွာ ရွိေနတယ္လို႔ သိရပါတယ္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ေဒသ ဥ႐ုေခ်ာင္း အထက္ပိုင္းမွာ မိုး႐ြာသြန္းမႈ မ်ားတာေၾကာင့္ ဩဂုတ္လ (၁၀) ရက္ ဥ႐ုေခ်ာင္းေရ ျမင့္တက္ၿပီး ၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕ ေရနစ္ျမဳပ္မႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ဥ႐ုေခ်ာင္းေရ ျမႇင့္တက္တာေၾကာင့္ ဖားကန႔္ၿမိဳ႕ အနိမ့္ပိုင္း ေနရာေတြ ျဖစ္တဲ့ ေမာ္ဝမ္းရပ္ကြက္၊ ငွက္ေပ်ာေတာရပ္ကြက္၊ မရွီကေထာင္ ရပ္ကြက္နဲ႔ ၿမိဳ႕မေက်ာက္ဝိုင္း တို႔က ေနအိမ္အခ်ိဳ႕ ေရျမဳပ္ခဲ့ပါတယ္။

ဒါ့အျပင္ ဥ႐ုေခ်ာင္းက အထက္ပိုင္းက နန႔္စမ္း (၂) သံေဘာင္တံတားမွာ ေရတိုက္စား တာေၾကာင့္ အလယ္ကြန္ကရစ္တိုင္ (၁) ေပခန႔္ နိမ့္ က်မႈ ျဖစ္ပြားခဲ့ ပါတယ္။

REF: LET PAN

UNICODE

လုံးခင်း ကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာ မှာလည်း လေးနှစ်အရွယ် မိန်းကလေး တစ်ဦး ဦး အိမ်ရှေ့ရေနုတ်မြောင်း အတွင်းပြုတ်ကျကာ ဆန် ခါချောင်း လက်တက် အတွင်း မျောပါခဲ့ပြီး လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒီကနေ့ ဩဂုတ် (၁၁) ရက် မနက်ပိုင်းမှာတော့ ချောင်းရေ ကျဆင်းသွားပြီး ပုံမှန် ရေမျက်နှာပြင် အထက် နှစ်ပေခန့် မှာ ရှိနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဥရုချောင်း အထက်ပိုင်းမှာ မိုးရွာသွန်းမှု များတာကြောင့် ဩဂုတ်လ (၁၀) ရက် ဥရုချောင်းရေ မြင့်တက်ပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဥရုချောင်းရေ မြှင့်တက်တာကြောင့် ဖားကန့်မြို့ အနိမ့်ပိုင်း နေရာတွေ ဖြစ်တဲ့ မော်ဝမ်းရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင် ရပ်ကွက်နဲ့ မြို့မကျောက်ဝိုင်း တို့က နေအိမ်အချို့ ရေမြုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဥရုချောင်းက အထက်ပိုင်းက နန့်စမ်း (၂) သံဘောင်တံတားမှာ ရေတိုက်စား တာကြောင့် အလယ်ကွန်ကရစ်တိုင် (၁) ပေခန့် နိမ့် ကျမှု ဖြစ်ပွားခဲ့ ပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *