အမ်ိဳးသမီးလက္ေ႐ြးစင္ လူငယ္တိုက္စစ္မႉး စန္းေသာ္ေသာ္ ဂုဏ္ထူးျဖင့္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္

စန္းေသာ္ေသာ္သည္ ၂၀၁၈-၂၀၁၉ စာသင္ႏွစ္တြင္လည္း တကၠသိုလ္ဝင္တန္းစာေမးပြဲကို ပထမအႀကိမ္ဝင္ေရာက္ ေျဖဆိုခဲ့ရာ ပထဝီ ႏွင့္ ေဘာဂေဗဒ ဘာသာတို႔တြင္ ဂုဏ္ထူးမွတ္မ်ား ရရွိခဲ့ေသာ္လည္း သခ်ၤာတစ္ဘာသာ က်ရႈံးခဲ့ေသာေၾကာင့္ စာေမးပြဲ ေအာင္ျမင္ျခင္းမရွိခဲ့ေပ။ ေဘာလုံးအားကစား တစ္ဖက္ျဖင့္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ဒုတိယအႀကိမ္ ထပ္မံေျဖဆိုခဲ့ရာတြင္လည္း စန္းေသာ္ေသာ္သည္ ၂၀၁၉ ခုႏွစ္အတြင္း၌ အဓိကၿပိဳင္ပြဲမ်ားျဖစ္သည့္ ယူ-၁၉အမ်ိဳးသမီးအသင္း၏ အာရွေျခစစ္ပြဲ၊

လက္ေ႐ြးစင္အမ်ိဳးသမီးအသင္း၏ ဆီးဂိမ္းစ္ၿပိဳင္ပြဲမ်ားကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရၿပီး စာေမးပြဲအတြက္ အနီးကပ္ ႀကိဳးစားခဲ့ကာ တကၠသိုလ္ ဝင္တန္းစာေမးပြဲကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္း၏ လူငယ္တိုက္စစ္မႉး ႏွင့္ ယူ- ၁၉လက္ေ႐ြးစင္အမ်ိဳးသမီးအသင္းေခါင္းေဆာင္ စန္းေသာ္ေသာ္သည္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ဂုဏ္ထူးတစ္ဘာသာျဖင့္ ေအာင္ျမင္ ခဲ့ေၾကာင္းသိရသည္။

စန္းေသာ္ေသာ္သည္ ၂၀၁၉-၂၀၂၀စာသင္ႏွစ္၏ တကၠသိုလ္ဝင္တန္း စာေမးပြဲကို ဧရာဝတီတိုင္းေဒသႀကီးမွ ဝင္ေရာက္ေျဖဆိုခဲ့ၿပီး သမိုင္း တစ္ဘာသာ ဂုဏ္ထူးထြက္ရွိခဲ့ျခင္းျဖစ္သည္။ပညာေရးတစ္ဖက္ျဖင့္ ေဘာလုံးအားကစားကိုဝါသနာႀကီးခဲ့သူ စန္းေသာ္ေသာ္သည္ သက္ တမ္းအလိုက္ ျမန္မာ့လက္ေ႐ြးစင္ လူငယ္အသင္းမ်ားျဖစ္သည့္ ယူ-၁၆ အမ်ိဳးသမီးအသင္း၊ ယူ-၁၉ အမ်ိဳးသမီးအသင္းတို႔တြင္ အဆင့္ဆင့္ ကစားခဲ့ၿပီး ေျခစြမ္းေကာင္းမ်ားျပသႏိုင္ခဲ့ေသာေၾကာင့္ လက္ေ႐ြးစင္အမ်ိဳးသမီးအသင္းႀကီးအထိ ပါဝင္ကစားႏိုင္ခဲ့သည္။

မိုင္းေစာလြင္

UNICODE

စန်းသော်သော်သည် ၂၀၁၈-၂၀၁၉ စာသင်နှစ်တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပထမအကြိမ်ဝင်ရောက် ဖြေဆိုခဲ့ရာ ပထဝီ နှင့် ဘောဂဗေဒ ဘာသာတို့တွင် ဂုဏ်ထူးမှတ်များ ရရှိခဲ့သော်လည်း သင်္ချာတစ်ဘာသာ ကျရှုံးခဲ့သောကြောင့် စာမေးပွဲ အောင်မြင်ခြင်းမရှိခဲ့ပေ။ ဘောလုံးအားကစား တစ်ဖက်ဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒုတိယအကြိမ် ထပ်မံဖြေဆိုခဲ့ရာတွင်လည်း စန်းသော်သော်သည် ၂၀၁၉ ခုနှစ်အတွင်း၌ အဓိကပြိုင်ပွဲများဖြစ်သည့် ယူ-၁၉အမျိုးသမီးအသင်း၏ အာရှခြေစစ်ပွဲ၊

လက်ရွေးစင်အမျိုးသမီးအသင်း၏ ဆီးဂိမ်းစ်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး စာမေးပွဲအတွက် အနီးကပ် ကြိုးစားခဲ့ကာ တက္ကသိုလ် ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ လူငယ်တိုက်စစ်မှူး နှင့် ယူ- ၁၉လက်ရွေးစင်အမျိုးသမီးအသင်းခေါင်းဆောင် စန်းသော်သော်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင် ခဲ့ကြောင်းသိရသည်။

စန်းသော်သော်သည် ၂၀၁၉-၂၀၂၀စာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး သမိုင်း တစ်ဘာသာ ဂုဏ်ထူးထွက်ရှိခဲ့ခြင်းဖြစ်သည်။ပညာရေးတစ်ဖက်ဖြင့် ဘောလုံးအားကစားကိုဝါသနာကြီးခဲ့သူ စန်းသော်သော်သည် သက် တမ်းအလိုက် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများဖြစ်သည့် ယူ-၁၆ အမျိုးသမီးအသင်း၊ ယူ-၁၉ အမျိုးသမီးအသင်းတို့တွင် အဆင့်ဆင့် ကစားခဲ့ပြီး ခြေစွမ်းကောင်းများပြသနိုင်ခဲ့သောကြောင့် လက်ရွေးစင်အမျိုးသမီးအသင်းကြီးအထိ ပါဝင်ကစားနိုင်ခဲ့သည်။

မိုင်းစောလွင်

Add a Comment

Your email address will not be published. Required fields are marked *