ကိုယ္ဝန္ေဆာင္ မိခင္မ်ား အား ေငြက်ပ္ (၃)ေသာင္း ေထာက္ ပံ့ ျခင္း ကို စက္တင္ဘာ (၂၀) ရက္ ေနာက္ ပိုင္း တြင္ စတင္ မည္ဟု ေျပာၿပီ

ကိုဗစ္-၁၉ ကာလ အတြင္း ကိုယ္ဝန္ ေဆာင္၊ ႏို႔တိုက္မိခင္မ်ား ႏွင့္ လူမႈေရးပင္စင္ရ သက္ႀကီး႐ြယ္အိုမ်ားအား ေငြေၾကး ေထာက္ပံ့ျခင္း အ တြက္ အေမရိကန္ေဒၚလာ ၉ သန္း အသုံးျပဳမည္ ျဖစ္ေၾကာင္း လူမႈဝန္ထမ္းဦးစီး ဌာနႏွင့္ LIFT တို႔၏ ေမလ ၂၇ ရက္တြင္ ျပဳလုပ္ သည့္ Online သတင္းစာ ရွင္းလင္းပြဲက သိရသည္။

ကိုဗစ္-၁၉ ကာလအတြင္း ႏိုင္ငံတစ္ဝန္းရွိ ကိုယ္ဝန္ ေဆာင္ မိခင္ မ်ားအား “ေငြဗိုက္” Application အသုံး ျပဳ၍ ဩဂုတ္လ ၁၁ ရက္မွ စက္တင္ဘာလ ၁၅ ရက္အထိ ကိုယ္ဝန္ေဆာင္ ကိုယ္တိုင္ျဖစ္ေစ (သို႔မဟုတ္) ကိုယ္စား လွယ္ ျဖင့္ျဖစ္ေစ စာရင္းသြင္းႏိုင္ေၾကာင္း သိရသည္။

ေထာက္ပံ့ေၾကး ေငြက်ပ္ ၃၀ဝဝဝ တစ္ႀကိမ္ ေထာက္ပံ့ျခင္း ကို ဧရာဝတီဘဏ္၊ က‌ေမာၻဇဘဏ္၊ Wave Money၊ အေသးစား ေငြေရးေၾကး ေရးအဖြဲ႕အစည္းမ်ား ၊မိတ္ ဖက္အဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္း၍ ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကားေရး မႉး ဦးေက်ာ္လင္းထင္ကေျပာသည္။

လူမႈဝန္ထမ္းဦးစီးဌာန အေနျဖင့္ ကိုဗစ္-၁၉ စီးပြားေရးကုစားမႈ အစီအစဥ္အရ ယခင္ MCCT အစီအစဥ္ ေဆာင္႐ြက္လ်က္ ရွိေသာ ေဒသ မ်ား တြင္ပါဝင္ျခင္း မရွိသည့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ကိုးခုရွိ ကိုယ္ဝန္ေဆာင္ မိခင္မ်ားအား ေငြေၾကး ေထာက္ပံ့မႈ အစီအစဥ္ကို စက္ တင္ဘာလ ၂၀ ရက္ေနာက္ပိုင္းတြင္ စတင္မည္ ျဖစ္ေၾကာင္းသိရသည္။

REF: ျပည္ျမန္မာ

UNICODE

ကိုဗစ်-၁၉ ကာလ အတွင်း ကိုယ်ဝန် ဆောင်၊ နို့တိုက်မိခင်များ နှင့် လူမှုရေးပင်စင်ရ သက်ကြီးရွယ်အိုများအား ငွေကြေး ထောက်ပံ့ခြင်း အ တွက် အမေရိကန်ဒေါ်လာ ၉ သန်း အသုံးပြုမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီး ဌာနနှင့် LIFT တို့၏ မေလ ၂၇ ရက်တွင် ပြုလုပ် သည့် Online သတင်းစာ ရှင်းလင်းပွဲက သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန် ဆောင် မိခင် များအား “ငွေဗိုက်” Application အသုံး ပြု၍ ဩဂုတ်လ ၁၁ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ ကိုယ်ဝန်ဆောင် ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ကိုယ်စား လှယ် ဖြင့်ဖြစ်စေ စာရင်းသွင်းနိုင်ကြောင်း သိရသည်။

ထောက်ပံ့ကြေး ငွေကျပ် ၃၀ဝဝဝ တစ်ကြိမ် ထောက်ပံ့ခြင်း ကို ဧရာဝတီဘဏ်၊ က‌မ္ဘောဇဘဏ်၊ Wave Money၊ အသေးစား ငွေရေးကြေး ရေးအဖွဲ့အစည်းများ ၊မိတ် ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူး ဦးကျော်လင်းထင်ကပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ယခင် MCCT အစီအစဉ် ဆောင်ရွက်လျက် ရှိသော ဒေသ များ တွင်ပါဝင်ခြင်း မရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုရှိ ကိုယ်ဝန်ဆောင် မိခင်များအား ငွေကြေး ထောက်ပံ့မှု အစီအစဉ်ကို စက် တင်ဘာလ ၂၀ ရက်နောက်ပိုင်းတွင် စတင်မည် ဖြစ်ကြောင်းသိရသည်။

REF:  ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *