အေးချမ်း တဲ့ အပြုံးလေးတွေ နဲ့ ပရိသတ်တွေကို ကြွေစေပြန်တဲ့ ဖြူဖြူထွေး(ဗီဒီယိုဖိုင်)






UNICODE

သူမကတော့ ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ ရှိပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမရဲ့ အပြုံးလေးတွေကြီးပဲ စုစည်းထားတဲ့ ဗီဒီယိုလေးကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထား တာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ဖြူဖြူထွေးတစ်ယောက် အရမ်းချစ်ဖို့ကောင်းလွန်းတာကြောင့် မျှဝေပေးလိုက် ပါတယ်။

ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တက္ကသိုလ်ကျောင်းသူဘဝကတည်း က အနုပညာအလုပ်တွေကို ကြိုးစား ပမ်းစားလုပ်ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် သူမဝါသနာပါတဲ့ အနုပညာလမ်းကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဖြူဖြူထွေးက ကြော်ငြာလေးတွေ သာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာဆိုရင်လည်း ဝါရင့်အနုပညာရှင်တွေနဲ့တွဲဖက်ပြီး သရုပ်ဆောင် နေရတာဖြစ်ပါတယ်။ ဖြူထွေးဟာ ဟာသဗီဒီယိုလေးတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ သွက်လက်ဖျတ်လက်တဲ့ ပုံစံ လေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးပဲ ဖြစ်ပါတယ်။

အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့် လူမှုကွန်ယက် ဖေ့ ဘွတ်စာမျက်နှာပေါ်တွင် ရေပန်းစားလူကြိုက်များလာကာ ပရိသတ်အခိုင်မာရရှိထားတာဖြစ်ပါတယ်။

Source : Phyu Phyu Htwe Facebook Page

Add a Comment

Your email address will not be published. Required fields are marked *