(၁၀) တန္း ေျဖဆိုေအာင္ျမင္ထားသူမ်ားအတြက္ အမွတ္ စာရင္း ထုတ္ေပးမယ့္ရက္ ထုတ္ျပန္

အေျခခံပညာအထက္တန္းအဆင့္ၿပီးေျမာက္ေၾကာင္း ေအာင္လက္မွတ္မ်ားကို စာေမးပြဲ ေျဖၿပီးခ်င္း ထုတ္ေပးရန္ စီစဥ္ခဲ့ေသာ္လည္း COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ကာ ယခုလအတြင္းထုတ္ေပးရန္ ကိုဗစ္ေကာ္မတီကိုတင္ျပထားေၾကာင္း သိရပါတယ္။ အေျခခံပညာအထက္တန္းအဆင့္ၿပီးေျမာက္ေၾကာင္း ေအာင္လက္မွတ္မ်ားကို ေက်ာင္းေခၚခ်ိန္ျပည့္မႈ၊

ေက်ာင္းစာေမးပြဲမ်ား လာေရာက္ ေျဖဆိုမႈ၊ ရမွတ္မ်ားအပါအဝင္ စံသတ္မွတ္ခ်က္ ၇ ခ်က္ႏွင့္ကိုက္ညီပါက သက္ဆိုင္ရာ ေက်ာင္းမ်ားမွတစ္ ဆင့္ ထုတ္ေပးမည္ျဖစ္ေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ သိရပါတယ္။ယခုႏွ စ္ တကၠသိုလ္ဝင္စာေမးပြဲ (၁၀)တန္းေအာင္မွတ္ စာရင္းမ်ား ကို ၾသဂုတ္ ၂ဝ ေက်ာ္တြင္ အြန္လိုင္းမွတစ္ဆင့္ ေလွ်ာက္ထား ထုတ္ေပးႏိုင္ရန္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက စီစဥ္ေဆာင္႐ြက္ေနပါတယ္။

“အြန္လိုင္းကတစ္ဆင့္ျဖစ္ဖို႔မ်ားတယ္ အခုေတာ့ နည္းပညာပိုင္းေတြျပင္ဆင္ေနလို႔ မထုတ္ျပန္ေသးတာျဖစ္မယ္။ အမွတ္စာရင္း ထုတ္တာ ကို ႏိုင္ငံေတာ္ဝင္ေငြအျဖစ္ လုပ္ထားတာဆိုေတာ့ Paymet တစ္ခုနဲ႔သူတို႔လုပ္မွာ၊ ေငြကိုႏိုင္ငံေတာ္ဘ႑ာေတြထဲဝင္သြားေအာင္ ဘယ္လို စီစဥ္ထားလဲေတာ့ မသိေသးဘူး။ အြန္လိုင္းနဲ႔ေပးဖို႔ေတာ့ သူတို႔ရည္႐ြယ္ေနတယ္။

အခုနည္းပညာပိုင္းအဆင္သင့္ျဖစ္ေအာင္လုပ္ေနတယ္လို႔ ၾကားတယ္” လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။ကိုဗစ္ကာလျဖစ္သည့္အတြက္ လူစုလူ‌‌‌ေဝး မျဖစ္ေစရန္ အြန္လိုင္းမွတစ္ဆင့္ ထုတ္ေပးေရးကို စီစဥ္ျခင္းျဖစ္ ၿပီး တကၠသိုလ္ဝင္တန္း အမွတ္စာရင္းထုတ္ယူႏိုင္မည့္ေန႔ရက္ အတိအက်ကို ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ေၾကျငာသြားမယ္ဆိုပါတယ္။

UNICODE

အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း အောင်လက်မှတ်များကို စာမေးပွဲ ဖြေပြီးချင်း ထုတ်ပေးရန် စီစဉ်ခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ကာ ယခုလအတွင်းထုတ်ပေးရန် ကိုဗစ်ကော်မတီကိုတင်ပြထားကြောင်း သိရပါတယ်။ အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း အောင်လက်မှတ်များကို ကျောင်းခေါ်ချိန်ပြည့်မှု၊

ကျောင်းစာမေးပွဲများ လာရောက် ဖြေဆိုမှု၊ ရမှတ်များအပါအဝင် စံသတ်မှတ်ချက် ၇ ချက်နှင့်ကိုက်ညီပါက သက်ဆိုင်ရာ ကျောင်းများမှတစ် ဆင့် ထုတ်ပေးမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရပါတယ်။ယခုနှ စ် တက္ကသိုလ်ဝင်စာမေးပွဲ (၁၀)တန်းအောင်မှတ် စာရင်းများ ကို သြဂုတ် ၂ဝ ကျော်တွင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထား ထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်။

“အွန်လိုင်းကတစ်ဆင့်ဖြစ်ဖို့များတယ် အခုတော့ နည်းပညာပိုင်းတွေပြင်ဆင်နေလို့ မထုတ်ပြန်သေးတာဖြစ်မယ်။ အမှတ်စာရင်း ထုတ်တာ ကို နိုင်ငံတော်ဝင်ငွေအဖြစ် လုပ်ထားတာဆိုတော့ Paymet တစ်ခုနဲ့သူတို့လုပ်မှာ၊ ငွေကိုနိုင်ငံတော်ဘဏ္ဍာတွေထဲဝင်သွားအောင် ဘယ်လို စီစဉ်ထားလဲတော့ မသိသေးဘူး။ အွန်လိုင်းနဲ့ပေးဖို့တော့ သူတို့ရည်ရွယ်နေတယ်။

အခုနည်းပညာပိုင်းအဆင်သင့်ဖြစ်အောင်လုပ်နေတယ်လို့ ကြားတယ်” လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။ကိုဗစ်ကာလဖြစ်သည့်အတွက် လူစုလူ‌‌‌ဝေး မဖြစ်စေရန် အွန်လိုင်းမှတစ်ဆင့် ထုတ်ပေးရေးကို စီစဉ်ခြင်းဖြစ် ပြီး တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်ယူနိုင်မည့်နေ့ရက် အတိအကျကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေငြာသွားမယ်ဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *