႐ုရွား ၏ ကိုဗစ္-၁၉ ကာကြယ္ ေဆး တရားဝင္ ျဖစ္လွ်င္ ျမန္မာႏိုင္ ငံ အ တြက္ ( WHO ) က စီစဥ္ ေပးထားဟု ေျပာဆို

႐ုရွား ကေတာ့ ကိုဗစ္ ကာကြယ္ ေဆးေတြ႕ၿပီး လို႔ ေျပာ ပါတယ္ ။ ဒါကြၽန္မ တို႔ ဘယ္ေလာက္ အထိေသခ်ာ တယ္ ၊ မေသခ်ာ တယ္ ဆိုတာ မသိေသး ဘူးေပါ့ေနာ္ ။ ေသခ်ာၿပီ ဆို ရင္ ကြၽန္မ တို႔က ကြၽန္မ တို႔ ျပည္ သူေတြ အတြက္ အျမန္ဆုံး ရေအာင္ လို႔ လုပ္ မွာ ပဲ။ သို႔ေသာ္ လည္း ဒါ ဟာ လည္း ဒီေန႔ မနက္ျဖန္ ျဖစ္ မွာ မဟုတ္ဘူး။ ကြၽန္မ ေျပာ ရ တဲ့ အေၾကာင္းက ဒီၾကားကာလ မွာ သည္းညည္းခံၿပီးေတာ့ ေန ၾက ပါ ။ စည္း ကမ္း ထိန္းသိမ္း ၾကပါ ” ဟု ႏိုင္ငံေတာ္၏ အတိုင္ခံပုဂၢိဳလ္က ျပည္သူမ်ားအား တိုက္တြန္းေျပာ ဆို ခဲ့သည္ ။

ပထမဆုံး ကိုဗစ္ ကာကြယ္ ေဆးကို ရရွိၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ လိုက္ေသာ ႐ုရွားႏိုင္ငံ ၏ တာဝန္ ရွိသူမ်ား ႏွင့္ ကမာၻ႔ က်န္းမာေရးအဖြဲ႕ ( WHO ) မွ ညႇိႏႈိင္း ေဆြးေႏြးလ်က္ ရွိေနေၾကာင္း ႏွင့္ ကာကြယ္ေဆး တရားဝင္ရ ၿပီးဆို လ်င္ ဝင္ေငြနည္း၊ ဝင္ေငြ အလယ္အလတ္ ရွိသည့္ ႏိုင္ငံ ေပါင္းစုံ မက်န္ေစရန္ WHO အဖြဲ႕က စီစဥ္ေပး ထားေၾကာင္း က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီး ဌာန ၊ အၿမဲတမ္း အတြင္းဝန္ ေဒါက္တာ သက္ခိုင္ဝင္း က ေျပာသည္ ။

႐ုရွားႏိုင္ငံ အေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကို တိုက္ဖ်က္ ႏိုင္ၿပီး ကိုယ္ခံအားကို ထိန္းထား ေပးႏိုင္ေသာ ပထမဆုံး ကာကြယ္ေဆး ကို ထုတ္ လုပ္ ခဲ့ေၾကာင္း သမၼတဗလာဒီမာပူတင္က ၾသဂုတ္လ ၁၁ က ထုတ္ျပန္ ခဲ့ျခင္း ျဖစ္ သည္ ။႐ုရွား က စၿပီးေတာ့ Viccnine (ကာကြယ္ေဆး) ေတြ႕တယ္ လို႔ေျပာ ပါတယ္။ ေတြ႕တဲ့ ကိစၥကို WHO က တရားဝင္ ျဖစ္ မျဖစ္ ကို ႐ုရွားက တာဝန္ရွိသူေတြ နဲ႔ ညႇိႏႈိင္းေဆြးေႏြး လ်က္ ရွိ တယ္ လို႔ သတင္း ရရွိပါတယ္။ ေနာက္ၿပီး ေတာ့ WHO နဲ႔လည္း က်န္းမာေရးဝန္ႀကီးဌာန ေဆြးေႏြးထား တာ ရွိပါတယ္။

WHO က ကာကြယ္ ေဆးက တကယ္လို႔ တရားဝင္ ရၿပီ ဆိုရင္ ကြၽန္ေတာ္တို႔လို ဝင္ေငြနည္းတဲ့ ႏိုင္ငံေတြေရာ၊ ဝင္ေငြ အလယ္အလတ္ရွိတဲ့ ႏိုင္ငံေတြပါ မက်န္ခဲ့ေအာင္ သက္ဆိုင္ရာ ႏိုင္ငံတကာ အဖြဲ႕ အစည္းေတြနဲ႔ညႇိႏႈိင္းၿပီးေတာ့ ႏိုင္ငံေပါင္းစုံ က ရရွိဖို႔ အတြက္ အထူးသျဖင့္ High Rise ျပည္သူေတြ ျဖစ္တဲ့ သက္ႀကီး႐ြယ္အိုေတြ ၊ က်န္းမာေရး ေစာင့္ေရွာက္တဲ့ ဝန္ထမ္းေတြ ဦးစားေပးၿပီး ရရွိေအာင္ စီစဥ္ထား တယ္ ဆိုတာ ကို တင္ျပလို ပါတယ္ ” ဟု ေဒါက္တာ သက္ခိုင္ဝင္း က ယေန႔ ၾသဂုတ္လ ၁၂ရက္ တြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ႏွင့္ ေဖ့ဖ္ဘုတ္ တိုက္႐ိုက္ ေဆြးေႏြးစဥ္ ေျပာဆို ခဲ့သည္ ။

႐ုရွားႏိုင္ငံ အေနျဖင့္ ကို႐ိုနာ ဗိုင္းရပ္စ္ ကာကြယ္ ေဆး ကို သီတင္းပတ္ မ်ား အတြင္း အမ်ား အျပား ထုတ္လုပ္မႈ စတင္ရန္ ေမွ်ာ္မွန္း ထား ၿပီး လာမည့္ႏွစ္အတြင္းမွစ၍ တစ္လလွ်င္ ေဆးခုနစ္ သန္း အထိ ထုတ္လုပ္ႏိုင္ မည္ျဖစ္ေၾကာင္း ႏိုင္ငံတကာ သတင္းမ်ား တြင္ ေဖာ္ျပ ထား ေၾကာင္း သိရသည္ ။

REF: SHWE WIKI

UNICODE

ရုရှား ကတော့ ကိုဗစ် ကာကွယ် ဆေးတွေ့ပြီး လို့ ပြော ပါတယ် ။ ဒါကျွန်မ တို့ ဘယ်လောက် အထိသေချာ တယ် ၊ မသေချာ တယ် ဆိုတာ မသိသေး ဘူးပေါ့နော် ။ သေချာပြီ ဆို ရင် ကျွန်မ တို့က ကျွန်မ တို့ ပြည် သူတွေ အတွက် အမြန်ဆုံး ရအောင် လို့ လုပ် မှာ ပဲ။ သို့သော် လည်း ဒါ ဟာ လည်း ဒီနေ့ မနက်ဖြန် ဖြစ် မှာ မဟုတ်ဘူး။ ကျွန်မ ပြော ရ တဲ့ အကြောင်းက ဒီကြားကာလ မှာ သည်းညည်းခံပြီးတော့ နေ ကြ ပါ ။ စည်း ကမ်း ထိန်းသိမ်း ကြပါ ” ဟု နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ်က ပြည်သူများအား တိုက်တွန်းပြော ဆို ခဲ့သည် ။

ပထမဆုံး ကိုဗစ် ကာကွယ် ဆေးကို ရရှိပြီးဖြစ်ကြောင်း ထုတ်ပြန် လိုက်သော ရုရှားနိုင်ငံ ၏ တာဝန် ရှိသူများ နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ( WHO ) မှ ညှိနှိုင်း ဆွေးနွေးလျက် ရှိနေကြောင်း နှင့် ကာကွယ်ဆေး တရားဝင်ရ ပြီးဆို လျင် ဝင်ငွေနည်း၊ ဝင်ငွေ အလယ်အလတ် ရှိသည့် နိုင်ငံ ပေါင်းစုံ မကျန်စေရန် WHO အဖွဲ့က စီစဉ်ပေး ထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန ၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း က ပြောသည် ။

ရုရှားနိုင်ငံ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကို တိုက်ဖျက် နိုင်ပြီး ကိုယ်ခံအားကို ထိန်းထား ပေးနိုင်သော ပထမဆုံး ကာကွယ်ဆေး ကို ထုတ် လုပ် ခဲ့ကြောင်း သမ္မတဗလာဒီမာပူတင်က သြဂုတ်လ ၁၁ က ထုတ်ပြန် ခဲ့ခြင်း ဖြစ် သည် ။ရုရှား က စပြီးတော့ Viccnine (ကာကွယ်ဆေး) တွေ့တယ် လို့ပြော ပါတယ်။ တွေ့တဲ့ ကိစ္စကို WHO က တရားဝင် ဖြစ် မဖြစ် ကို ရုရှားက တာဝန်ရှိသူတွေ နဲ့ ညှိနှိုင်းဆွေးနွေး လျက် ရှိ တယ် လို့ သတင်း ရရှိပါတယ်။ နောက်ပြီး တော့ WHO နဲ့လည်း ကျန်းမာရေးဝန်ကြီးဌာန ဆွေးနွေးထား တာ ရှိပါတယ်။

WHO က ကာကွယ် ဆေးက တကယ်လို့ တရားဝင် ရပြီ ဆိုရင် ကျွန်တော်တို့လို ဝင်ငွေနည်းတဲ့ နိုင်ငံတွေရော၊ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေပါ မကျန်ခဲ့အောင် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ညှိနှိုင်းပြီးတော့ နိုင်ငံပေါင်းစုံ က ရရှိဖို့ အတွက် အထူးသဖြင့် High Rise ပြည်သူတွေ ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ၊ ကျန်းမာရေး စောင့်ရှောက်တဲ့ ဝန်ထမ်းတွေ ဦးစားပေးပြီး ရရှိအောင် စီစဉ်ထား တယ် ဆိုတာ ကို တင်ပြလို ပါတယ် ” ဟု ဒေါက်တာ သက်ခိုင်ဝင်း က ယနေ့ သြဂုတ်လ ၁၂ရက် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဖေ့ဖ်ဘုတ် တိုက်ရိုက် ဆွေးနွေးစဉ် ပြောဆို ခဲ့သည် ။

ရုရှားနိုင်ငံ အနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ် ဆေး ကို သီတင်းပတ် များ အတွင်း အများ အပြား ထုတ်လုပ်မှု စတင်ရန် မျှော်မှန်း ထား ပြီး လာမည့်နှစ်အတွင်းမှစ၍ တစ်လလျှင် ဆေးခုနစ် သန်း အထိ ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများ တွင် ဖော်ပြ ထား ကြောင်း သိရသည် ။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *