မိုးနတ္မင္းႀကီးရဲ႕ သမီးေလး ပညာထူးခြၽန္မႈေၾကာင့္ အေမရိကန္တကၠသိုလ္ ဆက္တက္ခြင့္ရၿပီ

ဟုတ္ပါတယ္ရွင္… အန္ကယ္ဦးထြန္းလြင္ရဲ႕ သမီး “စြမ္းရည္ထြန္းလြင္” ပါတဲ့….ဟယ္… မႀကီးၾကဴရယ္….သမီးက ဒီေလာက္ေတာ္တာ… အန္ကယ္ဦးထြန္းလြင္ႀကီးက မၾကားဘူးလားဟယ္…. အန္ကယ္ေရ… အန္ကယ့္သမီး “စြမ္း” ဘယ္ေလာက္ “စြမ္းရည္” ရွိေၾကာင္း တ ေလာကလုံးကို ႂကြားလိုက္စမ္းပါ..အန္ကယ္ရာ….“စြမ္း” တိုင္းျပည္အက်ိဳးျပဳ ရည္႐ြယ္ခ်က္ေတြ ေအာင္ျမင္ပါေစ….. “စြမ္း”လို “စြမ္း ရည္”ရွိတဲ့ လူငယ္မ်ားစြာေပၚေပါက္ပါေစ….အနာဂတ္မွာ “စြမ္းရည္”ရွိတဲ့ ႏိုင္ငံေတာ္ႀကီးျဖစ္ပါေစ….။

ဒီေလာက္စြမ္းရည္ရွိတဲ့ ျမန္မာသမီးငယ္ေလး တစ္ေယာက္ကိုေတြ႕ရ သိရတာ ႏိုင္ငံအတြက္ အားရွိလိုက္တာ။ဒီလိုစြမ္းရည္ရွိတဲ့ သားငယ္ သမီးငယ္ေတြ အမ်ားႀကီးေပၚထြန္းပါေစ…အဲဒီစြမ္းရည္ရွိတဲ့ သမီးငယ္ေလးနံမည္က “စြမ္းရည္“တဲ့ ျမန္မာျပည္က ၄ တန္းေက်ာင္းသူ “စြမ္း ”…. စကၤာပူကို မိခင္နဲ႔အတူ လာလည္ရင္း …. ခဏတည္းတဲ့အိမ္က အိမ္ရွင္ကေလးေလးေတြေနတဲ့ ရပ္ကြက္ထဲက အစိုးရေက်ာင္းမွာ primary(4) ( Grade 4) အတြက္ ဝင္ခြင့္စာေမးဝင္ေျဖၾကည့္ရာ။

သူ႔အေျဖေတြကို အဲဒီေက်ာင္းက သေဘာက်ၿပီး တစ္တန္းေက်ာ္ကာ primary (5) မွာ ဝင္ခြင့္ေပးလိုက္တဲ့အတြက္ …စကၤာပူမွာ ေက်ာင္း ေနျဖစ္သြားသတဲ့။သူမ်ားတိုင္းျပည္မွာ သမီးငယ္ေလးေက်ာင္းတက္မွာမို႔ မိခင္မွာ က်န္တဲ့သားငယ္သမီးငယ္ ခင္ပြန္းတို႔ကိုထားခဲ့ၿပီး သ မီးကို လိုက္ေစာင့္ေရွာက္ရသတဲ့။ စြမ္း ေလးက အားနာၿပီး အေမ..ရန္ကုန္ အေဖ့ဆီျပန္ပါ။သမီးကို အေမ့မိတ္ေဆြအိမ္ တစ္အိမ္အိမ္မွာသာ ထားခဲ့။ သမီးေနတတ္ပါတယ္။ ပညာေရးအတြက္ သမီးျဖစ္ေအာင္ေနမယ္လို႔ အေမကိုျပတ္ျပတ္သားသားေျပာသတဲ့။

တစ္ကယ္လည္း “စြမ္း”ေလးဟာ လိမၼာၿပီးေနတတ္ေတာ့ ေနေလရာမွာ အဆင္ေျပသတဲ့။စြမ္း” ေလးက သိပ္ဇြဲရွိၿပီး လုပ္သင့္တာကိုသိ၊ သိ တဲ့အတိုင္းလည္းလုပ္ႏိုင္တဲ့ ကေလး။ “စြမ္း”ငယ္ငယ္က သိပ္“၀”တာ။ “၀”တာမွ ကစ္ေနၿပီး လက္ေကာက္ဝတ္ေလးေတြေတာင္ မျမင္ရ ဘူးတဲ့။ စကၤာပူေက်ာင္းေတြက obesity ျပႆနာကို အေလးထား ပညာေပး ပ႐ိုဂရမ္ေတြတစ္စိုက္မတ္မတ္လုပ္တာက တစ္ေၾကာင္း၊ ဆယ္ေက်ာ္သက္နီးပါးသမီးငယ္ရဲ႕ ပတ္ဝန္းက်င္ peer pressure ေၾကာင့္တစ္ေၾကာင္း ျဖစ္မယ္ထင္တယ္….။

“စြမ္း” ဝိတ္ေလွ်ာ့ေတာ့တာဘဲ။ မစားသင့္တဲ့ အစာကို မစားသင့္တဲ့အခ်ိန္မွာ မစားသင့္သေလာက္ မစားကိုမစားဘူး။ ေျခာက္လႊာမွာရွိတဲ့ အိမ္ခန္းကိုျပန္ရင္လည္း ေလွကားနဲ႔ဘဲ တက္တယ္…ဆင္းတယ္။ တစ္ႏွစ္အတြင္း “စြမ္း”ပိန္သြားတာ…. အခုဆိုရင္ ၂၀ ေက်ာ္သက္ “စြမ္း” က … အရမ္းလွ ။စြမ္း“ လိမၼာေၾကာင္း၊ ဇြဲရွိေၾကာင္း၊ ဉာဏ္ရွိေၾကာင္းေျပာျပတာပါ။ Physically ေအာင္ျမင္တာတြင္မက… Academically လည္းေအာင္ျမင္ လိုက္သမွ…..PSLE ေအာင္ေတာ့… စလုံးေတြေတာင္ အိပ္မက္မက္ယူရတဲ့ ။

Raffle Girls’ School (RGS) ကို ဝင္ခြင့္ရသတဲ့။စကၤာပူမွာေတာင္ လူ႔မလိုင္ေတြမွ ဝင္ႏိုင္တဲ့ေက်ာင္း။ “စြမ္း” RGS ဝင္ခြင့္ရသြားေတာ့ စြမ္းေနခဲ့တဲ့ neighbourhood Primary School က ဂုဏ္ယူလို႔မဆုံးဘူးတဲ့။RGS မွာ year (4) ၿပီးေတာ့ စကၤာပူရဲ႕ The most prestige Junior College ျဖစ္တဲ့ Raffles Institution မွာတက္ေနရင္း… ေရွး႐ိုးဆန္ေနတာေလးေတြ က်န္ရွိေနေသးတဲ့ Singapore Education System က ႐ုန္းထြက္ခ်င္လာတယ္။အတန္းေဖာ္ လူ႔မလိုင္ေလးေတြဟာ အမွတ္ေတြေကာင္းဖို႔ အၿပိဳင္အဆိုင္ႀကိဳးစားၾကရင္း။

University ေကာင္းေကာင္းေတြဝင္ဖို႔သာ အာ႐ုံစိုက္ကာ စာသင္ခန္းအျပင္ဘက္က ေလာကႀကီးကိုေမ့ေနၾကတယ္၊ စာအုပ္ထဲက ပညာ ေတြကို apply လုပ္ဖို႔ သတိမရၾကဘူး။“စြမ္း” ကေတာ့ out of the box ကို ၾကည့္ခ်င္ ျမင္ခ်င္ ေတြးခ်င္တာ ေၾကာင့္ prestige RI ကိုစြန႔္ လႊတ္ၿပီး အေမရိကားက University ေတြကို ဝင္ခြင့္လွမ္းေလွ်ာက္တာ တက္ခြင့္ရသြားတယ္။ ဘယ္ University လဲ သိလား………. “ University of California Berkeley”……. OMG!ဘယ္ ဘာသာယူလဲ သိလား….. “Landscape Architecture”……. Interesting ! ။

စြမ္း” ကိုယ္တိုင္က artist ေလ… ပန္းခ်ီလည္းဆြဲတယ္။“UC Berkeley” က ဘြဲ႕ ရၿပီးေတာ့ ဘယ္လို ဘဝခရီးဆက္လဲ သိလား….. ျမန္မာ ျပည္ျပန္လာတယ္။ ဘာလုပ္လဲသိလား….. “ဒို႔အိမ္” Project လုပ္ေနတယ္။နယ္သာလင္ႏိုင္ငံဖြား UC Berkeley ဘြဲ႕ရ တဦးက ပန္းခ်ီ လည္း ဆြဲတတ္တဲ့.. Lanscape architect လည္းျဖစ္တဲ့… “စြမ္း”ရဲ႕ “စြမ္းရည္” ကို ေတြ႕ရွိၿပီး … “ဒို႔အိမ္”placemaking project ေတြ မွာလက္တြဲလုပ္ဖို႔ ဖိတ္ေခၚခဲ့တယ္။

“ဒို႔အိမ္” Alley Garden Project ဆိုတာ ရန္ကုန္မွာ ေနာက္ေဖးလမ္းၾကားေတြကို ရွင္းလင္းသုတ္သင္ၿပီး လွပေအာင္ တိုက္နံရံေတြမွာ လည္း ပန္းခ်ီဆြဲတယ္… စသည္ျဖင့္ heritage conservation and urban renewal နဲ႔တြဲလုပ္ေနတာေလ။ “စြမ္း”နဲ႔ေတာ့ အကိုက္ဘဲ။ ေအာင္ျမင္တဲ့ လမ္းေလးေတြလည္းရွိတယ္။မေအာင္ျမင္တဲ့လမ္းေလးေတြလည္းရွိတယ္။ ရွင္းၿပီးသားလမ္းေလးေတြကို မထိန္းသိမ္းရင္ ျပန္ရႈပ္ၿပီး မေအာင္ျမင္ေတာ့ဘူးေပါ့။

အခုေနာက္ပိုင္းမွာေတာ့ ရွင္းထားတာေလးေတြ ေရရွည္တည္တံံ့ဖို႔ (sustainability) အတြက္ အိမ္ရွင္ (residents) ေတြကိုပါ ပါဝင္လႈပ္ ရွားခိုင္းၿပီး တာဝန္ယူခိုင္းၾကတယ္။ ဒါမွ ဆက္လက္ထိန္းသိမ္း ေအာင္ျမင္ႏိုင္မယ္မဟုတ္လား။ ကိုယ့္လမ္းကို ကိုယ္ပါဝင္ထိန္းသိမ္းမွ သာ ယာတဲ့လမ္းေလးဟာ တည္ၿမဲသလို .. ကိုယ့္တိုင္းျပည္ ကိုယ္ပါဝင္ထိန္းသိမ္းမွသာယာတဲ့တိုင္းျပည္ တည္ၿမဲမွာ မဟုတ္ပါလား။

REF: APANN PYAY

UNICODE

ဟုတ်ပါတယ်ရှင်… အန်ကယ်ဦးထွန်းလွင်ရဲ့ သမီး “စွမ်းရည်ထွန်းလွင်” ပါတဲ့….ဟယ်… မကြီးကြူရယ်….သမီးက ဒီလောက်တော်တာ… အန်ကယ်ဦးထွန်းလွင်ကြီးက မကြားဘူးလားဟယ်…. အန်ကယ်ရေ… အန်ကယ့်သမီး “စွမ်း” ဘယ်လောက် “စွမ်းရည်” ရှိကြောင်း တ လောကလုံးကို ကြွားလိုက်စမ်းပါ..အန်ကယ်ရာ….“စွမ်း” တိုင်းပြည်အကျိုးပြု ရည်ရွယ်ချက်တွေ အောင်မြင်ပါစေ….. “စွမ်း”လို “စွမ်း ရည်”ရှိတဲ့ လူငယ်များစွာပေါ်ပေါက်ပါစေ….အနာဂတ်မှာ “စွမ်းရည်”ရှိတဲ့ နိုင်ငံတော်ကြီးဖြစ်ပါစေ….။

ဒီလောက်စွမ်းရည်ရှိတဲ့ မြန်မာသမီးငယ်လေး တစ်ယောက်ကိုတွေ့ရ သိရတာ နိုင်ငံအတွက် အားရှိလိုက်တာ။ဒီလိုစွမ်းရည်ရှိတဲ့ သားငယ် သမီးငယ်တွေ အများကြီးပေါ်ထွန်းပါစေ…အဲဒီစွမ်းရည်ရှိတဲ့ သမီးငယ်လေးနံမည်က “စွမ်းရည်“တဲ့ မြန်မာပြည်က ၄ တန်းကျောင်းသူ “စွမ်း ”…. စင်္ကာပူကို မိခင်နဲ့အတူ လာလည်ရင်း …. ခဏတည်းတဲ့အိမ်က အိမ်ရှင်ကလေးလေးတွေနေတဲ့ ရပ်ကွက်ထဲက အစိုးရကျောင်းမှာ primary(4) ( Grade 4) အတွက် ဝင်ခွင့်စာမေးဝင်ဖြေကြည့်ရာ။

သူ့အဖြေတွေကို အဲဒီကျောင်းက သဘောကျပြီး တစ်တန်းကျော်ကာ primary (5) မှာ ဝင်ခွင့်ပေးလိုက်တဲ့အတွက် …စင်္ကာပူမှာ ကျောင်း နေဖြစ်သွားသတဲ့။သူများတိုင်းပြည်မှာ သမီးငယ်လေးကျောင်းတက်မှာမို့ မိခင်မှာ ကျန်တဲ့သားငယ်သမီးငယ် ခင်ပွန်းတို့ကိုထားခဲ့ပြီး သ မီးကို လိုက်စောင့်ရှောက်ရသတဲ့။ စွမ်း လေးက အားနာပြီး အမေ..ရန်ကုန် အဖေ့ဆီပြန်ပါ။သမီးကို အမေ့မိတ်ဆွေအိမ် တစ်အိမ်အိမ်မှာသာ ထားခဲ့။ သမီးနေတတ်ပါတယ်။ ပညာရေးအတွက် သမီးဖြစ်အောင်နေမယ်လို့ အမေကိုပြတ်ပြတ်သားသားပြောသတဲ့။

တစ်ကယ်လည်း “စွမ်း”လေးဟာ လိမ္မာပြီးနေတတ်တော့ နေလေရာမှာ အဆင်ပြေသတဲ့။စွမ်း” လေးက သိပ်ဇွဲရှိပြီး လုပ်သင့်တာကိုသိ၊ သိ တဲ့အတိုင်းလည်းလုပ်နိုင်တဲ့ ကလေး။ “စွမ်း”ငယ်ငယ်က သိပ်“၀”တာ။ “၀”တာမှ ကစ်နေပြီး လက်ကောက်ဝတ်လေးတွေတောင် မမြင်ရ ဘူးတဲ့။ စင်္ကာပူကျောင်းတွေက obesity ပြဿနာကို အလေးထား ပညာပေး ပရိုဂရမ်တွေတစ်စိုက်မတ်မတ်လုပ်တာက တစ်ကြောင်း၊ ဆယ်ကျော်သက်နီးပါးသမီးငယ်ရဲ့ ပတ်ဝန်းကျင် peer pressure ကြောင့်တစ်ကြောင်း ဖြစ်မယ်ထင်တယ်….။

“စွမ်း” ဝိတ်လျှော့တော့တာဘဲ။ မစားသင့်တဲ့ အစာကို မစားသင့်တဲ့အချိန်မှာ မစားသင့်သလောက် မစားကိုမစားဘူး။ ခြောက်လွှာမှာရှိတဲ့ အိမ်ခန်းကိုပြန်ရင်လည်း လှေကားနဲ့ဘဲ တက်တယ်…ဆင်းတယ်။ တစ်နှစ်အတွင်း “စွမ်း”ပိန်သွားတာ…. အခုဆိုရင် ၂၀ ကျော်သက် “စွမ်း” က … အရမ်းလှ ။စွမ်း“ လိမ္မာကြောင်း၊ ဇွဲရှိကြောင်း၊ ဉာဏ်ရှိကြောင်းပြောပြတာပါ။ Physically အောင်မြင်တာတွင်မက… Academically လည်းအောင်မြင် လိုက်သမှ…..PSLE အောင်တော့… စလုံးတွေတောင် အိပ်မက်မက်ယူရတဲ့ ။

Raffle Girls’ School (RGS) ကို ဝင်ခွင့်ရသတဲ့။စင်္ကာပူမှာတောင် လူ့မလိုင်တွေမှ ဝင်နိုင်တဲ့ကျောင်း။ “စွမ်း” RGS ဝင်ခွင့်ရသွားတော့ စွမ်းနေခဲ့တဲ့ neighbourhood Primary School က ဂုဏ်ယူလို့မဆုံးဘူးတဲ့။RGS မှာ year (4) ပြီးတော့ စင်္ကာပူရဲ့ The most prestige Junior College ဖြစ်တဲ့ Raffles Institution မှာတက်နေရင်း… ရှေးရိုးဆန်နေတာလေးတွေ ကျန်ရှိနေသေးတဲ့ Singapore Education System က ရုန်းထွက်ချင်လာတယ်။အတန်းဖော် လူ့မလိုင်လေးတွေဟာ အမှတ်တွေကောင်းဖို့ အပြိုင်အဆိုင်ကြိုးစားကြရင်း။

University ကောင်းကောင်းတွေဝင်ဖို့သာ အာရုံစိုက်ကာ စာသင်ခန်းအပြင်ဘက်က လောကကြီးကိုမေ့နေကြတယ်၊ စာအုပ်ထဲက ပညာ တွေကို apply လုပ်ဖို့ သတိမရကြဘူး။“စွမ်း” ကတော့ out of the box ကို ကြည့်ချင် မြင်ချင် တွေးချင်တာ ကြောင့် prestige RI ကိုစွန့် လွှတ်ပြီး အမေရိကားက University တွေကို ဝင်ခွင့်လှမ်းလျှောက်တာ တက်ခွင့်ရသွားတယ်။ ဘယ် University လဲ သိလား………. “ University of California Berkeley”……. OMG!ဘယ် ဘာသာယူလဲ သိလား….. “Landscape Architecture”……. Interesting ! ။

စွမ်း” ကိုယ်တိုင်က artist လေ… ပန်းချီလည်းဆွဲတယ်။“UC Berkeley” က ဘွဲ့ ရပြီးတော့ ဘယ်လို ဘဝခရီးဆက်လဲ သိလား….. မြန်မာ ပြည်ပြန်လာတယ်။ ဘာလုပ်လဲသိလား….. “ဒို့အိမ်” Project လုပ်နေတယ်။နယ်သာလင်နိုင်ငံဖွား UC Berkeley ဘွဲ့ရ တဦးက ပန်းချီ လည်း ဆွဲတတ်တဲ့.. Lanscape architect လည်းဖြစ်တဲ့… “စွမ်း”ရဲ့ “စွမ်းရည်” ကို တွေ့ရှိပြီး … “ဒို့အိမ်”placemaking project တွေ မှာလက်တွဲလုပ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။

“ဒို့အိမ်” Alley Garden Project ဆိုတာ ရန်ကုန်မှာ နောက်ဖေးလမ်းကြားတွေကို ရှင်းလင်းသုတ်သင်ပြီး လှပအောင် တိုက်နံရံတွေမှာ လည်း ပန်းချီဆွဲတယ်… စသည်ဖြင့် heritage conservation and urban renewal နဲ့တွဲလုပ်နေတာလေ။ “စွမ်း”နဲ့တော့ အကိုက်ဘဲ။ အောင်မြင်တဲ့ လမ်းလေးတွေလည်းရှိတယ်။မအောင်မြင်တဲ့လမ်းလေးတွေလည်းရှိတယ်။ ရှင်းပြီးသားလမ်းလေးတွေကို မထိန်းသိမ်းရင် ပြန်ရှုပ်ပြီး မအောင်မြင်တော့ဘူးပေါ့။

အခုနောက်ပိုင်းမှာတော့ ရှင်းထားတာလေးတွေ ရေရှည်တည်တံံ့ဖို့ (sustainability) အတွက် အိမ်ရှင် (residents) တွေကိုပါ ပါဝင်လှုပ် ရှားခိုင်းပြီး တာဝန်ယူခိုင်းကြတယ်။ ဒါမှ ဆက်လက်ထိန်းသိမ်း အောင်မြင်နိုင်မယ်မဟုတ်လား။ ကိုယ့်လမ်းကို ကိုယ်ပါဝင်ထိန်းသိမ်းမှ သာ ယာတဲ့လမ်းလေးဟာ တည်မြဲသလို .. ကိုယ့်တိုင်းပြည် ကိုယ်ပါဝင်ထိန်းသိမ်းမှသာယာတဲ့တိုင်းပြည် တည်မြဲမှာ မဟုတ်ပါလား။

REF:   APANN  PYAY

Add a Comment

Your email address will not be published. Required fields are marked *