လာမည့္ၾသဂုတ္လ ၁၆ ရက္က စတင္ၿပီး လူ(၃၀) အထိ စုေဝးသြားလာခြင့္ရၿပီဟု ထုတ္ျပန္

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါကူးစက္မႈကို အထိုက္အေလ်ာက္ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ ကိုဗစ္နဲ႔ပတ္သက္ၿပီး ထုတ္ျပန္ ထားတဲ့ စည္းကမ္း ခ်က္ေတြကို တဆင့္ခ်င္းေျဖေလွ်ာ့ေပးလာခဲ့တာပါ။လက္ရွိမွာ ျပည္တြင္းကူးစက္မႈလည္းမရွိေတာ့တဲ့အတြက္ ႏိုင္ငံတြင္း ခရီးသြားက႑ ေတြအပါအဝင္၊ စာသင္ေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြ ၊ ႐ုပ္ရွင္ ႐ိုက္ကူးခြင့္ေတြနဲ႔ ဘုရားေတြကိုလည္း ကိုဗစ္စည္းမ်ဥ္းေတြနဲ႔ အညီ ျပန္လည္ ဖြင့္လွစ္ခဲ့ေပး ထားပါၿပီ။

လက္ရွိမွာေတာ့ အလႉ ၊မဂၤလာေဆာင္အခမ္းအနားေတြ၊႐ုပ္ရွင္႐ုံေတြနဲ႔ ျပည္ပေလေၾကာင္းလိုင္း ျပန္ လည္ေျပးဆြဲခြင့္ေတြသာ ဆက္ လက္ကန႔္သတ္ထားဆဲျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ေရာဂါကူးစက္ခံရမႈက ႏိုင္ငံတကာနဲ႔ ယွဥ္ရင္ ကူးစက္မႈအနည္းဆုံး ႏိုင္ငံ တစ္အခုအျဖစ္ ပါဝင္ၿပီး အခ်ိန္ကာလ တစ္ခုအတြင္းမွာ ေရာဂါကူးစက္ျပန႔္ပြါးမႈကို အထိုက္အေလ်ာက္ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔လည္း က်န္းမားေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြကေျပာပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရး ဥပေဒနဲ႔ ထုတ္ျပန္ေၾကညာထားတဲ့ ကိုဗစ္ေၾကာင့္ လူ (၁၅) ဦးထက္ပိုမစုရဆိုတဲ့ အမိန႔္အစား (၃၀)ဦးထက္ပိုမစုရဟု ျပင္ဆင္ေျပာင္းလဲ သတ္မွတ္လိုက္ပါတယ္။ကူးစက္ေရာဂါကာကြယ္ ႏွိမ္နင္းေရး ဥပေဒအရ လူ(၅)ဦးႏွင့္အထက္ မစုေဝး ဖို႔ ဧၿပီလ ၁၆ ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ၾသဂုတ္လ ၁ ရက္ေန႔ကစတင္ၿပီး လူ (၅) ဦးႏွင့္အထက္အစား (၁၅)ဦးႏွင့္အထက္ ပိုမစုရဆိုၿပီး ျပင္ဆင္ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။

ယင္းေၾကညာခ်က္ထုတ္ျပန္ၿပီး ႏွစ္ပတ္အၾကာ ယေန႔ ၾသဂုတ္လ (၁၃)ရက္ေန႔မွာေတာ့ ဩဂုတ္လ (၁၆)ရက္ေန႔ကစၿပီး လူ(၁၅)ဦးအစား (၃၀)ဦးထက္ပိုမစုရလို႔ ထပ္မံေျဖေလွ်ာ့ေပးလိုက္တာ ျဖစ္ပါတယ္။(၁)လေက်ာ္ၾကာ ျပည္တြင္းကူးစက္မႈမရွိေတာ့တဲ့ ျမန္မာႏိုင္ငံ မွာ လက္ ရွိ ေရာဂါပိုးေတြ႕ရွိသူက (၃၆၁)ဦးရွိၿပီး ေသဆုံးသူ (၆)ဦးရွိကာ ျပန္လည္ေကာင္းမြန္လာသူ (၃၁၈)ဦးရွိပါတယ္။ ေဆးကုသမႈခံယူေနရတဲ့ လူနာက (၃၇)ဦးသာ က်န္ရွိေတာ့တာ ျဖစ္ပါတယ္။

အားလုံးက ျပည္ပမွ ျပန္ေရာက္လာသူမ်ား ျဖစ္ပါတယ္။ကိုဗစ္နဲ႔ပတ္သက္ၿပီး ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြ ကို တဆင့္ခ်င္းေျဖ ေလွ်ာ့ေပး လာခဲ့တာ ျဖစ္ပါတယ္။

REF: ELEVEN MEDIA

UNICODE

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုကို အထိုက်အလျောက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကိုဗစ်နဲ့ပတ်သက်ပြီး ထုတ်ပြန် ထားတဲ့ စည်းကမ်း ချက်တွေကို တဆင့်ချင်းဖြေလျှော့ပေးလာခဲ့တာပါ။လက်ရှိမှာ ပြည်တွင်းကူးစက်မှုလည်းမရှိတော့တဲ့အတွက် နိုင်ငံတွင်း ခရီးသွားကဏ္ဍ တွေအပါအဝင်၊ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ ၊ ရုပ်ရှင် ရိုက်ကူးခွင့်တွေနဲ့ ဘုရားတွေကိုလည်း ကိုဗစ်စည်းမျဉ်းတွေနဲ့ အညီ ပြန်လည် ဖွင့်လှစ်ခဲ့ပေး ထားပါပြီ။

လက်ရှိမှာတော့ အလှူ ၊မင်္ဂလာဆောင်အခမ်းအနားတွေ၊ရုပ်ရှင်ရုံတွေနဲ့ ပြည်ပလေကြောင်းလိုင်း ပြန် လည်ပြေးဆွဲခွင့်တွေသာ ဆက် လက်ကန့်သတ်ထားဆဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရမှုက နိုင်ငံတကာနဲ့ ယှဉ်ရင် ကူးစက်မှုအနည်းဆုံး နိုင်ငံ တစ်အခုအဖြစ် ပါဝင်ပြီး အချိန်ကာလ တစ်ခုအတွင်းမှာ ရောဂါကူးစက်ပြန့်ပွါးမှုကို အထိုက်အလျောက်ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း ကျန်းမားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ ထုတ်ပြန်ကြေညာထားတဲ့ ကိုဗစ်ကြောင့် လူ (၁၅) ဦးထက်ပိုမစုရဆိုတဲ့ အမိန့်အစား (၃၀)ဦးထက်ပိုမစုရဟု ပြင်ဆင်ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေး ဥပဒေအရ လူ(၅)ဦးနှင့်အထက် မစုဝေး ဖို့ ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် သြဂုတ်လ ၁ ရက်နေ့ကစတင်ပြီး လူ (၅) ဦးနှင့်အထက်အစား (၁၅)ဦးနှင့်အထက် ပိုမစုရဆိုပြီး ပြင်ဆင်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ယင်းကြေညာချက်ထုတ်ပြန်ပြီး နှစ်ပတ်အကြာ ယနေ့ သြဂုတ်လ (၁၃)ရက်နေ့မှာတော့ ဩဂုတ်လ (၁၆)ရက်နေ့ကစပြီး လူ(၁၅)ဦးအစား (၃၀)ဦးထက်ပိုမစုရလို့ ထပ်မံဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။(၁)လကျော်ကြာ ပြည်တွင်းကူးစက်မှုမရှိတော့တဲ့ မြန်မာနိုင်ငံ မှာ လက် ရှိ ရောဂါပိုးတွေ့ရှိသူက (၃၆၁)ဦးရှိပြီး သေဆုံးသူ (၆)ဦးရှိကာ ပြန်လည်ကောင်းမွန်လာသူ (၃၁၈)ဦးရှိပါတယ်။ ဆေးကုသမှုခံယူနေရတဲ့ လူနာက (၃၇)ဦးသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

အားလုံးက ပြည်ပမှ ပြန်ရောက်လာသူများ ဖြစ်ပါတယ်။ကိုဗစ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ ကို တဆင့်ချင်းဖြေ လျှော့ပေး လာခဲ့တာ ဖြစ်ပါတယ်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *