သာကူး နဲ့ ထိုးဖို့ စိန်ခေါ်တဲ့ မအူပင်သားလေး ကို တရားစွဲမယ် ဆို၊ စပွန်ဆာအကြောင်းတင်တဲ့ ကျုပ်ကိုရောတရား မစွဲဘူးလားဟု ဟန်ငြိမ်းဦး ပြောပြီ





REF: LET PAN

UNICODE

လွန်ခဲ့တဲ့ရက်များက ဟန်ငြိမ်းဦး ဖော်ထုတ်ခဲ့တဲ့ တိုင်ရွန်နဲ့ စပွန်ဆာမမကြီး အကြောင်းဟာလည်း လူမှုကွန်ယက်အသုံးပြုသူများကြား လွန်စွာပြန်နှံ့ခဲ့ပါတယ်။ဆယ်လီသီတင်းတွေ ဖော်ကောင် လုပ်ပေးနေတဲ့ ဟန်ငြိမ်းဦးက ” သာကူးနဲ့One by One ထိုးဖို့ စိန်ခေါ်တဲ့ မအူပင်သားလေးကို တရားစွဲမယ်လို့ သာကူးတိုင်ရွန်မန်နေဂျာမှ ပြောဆိုလိုက်တာကို အခုလို တုံ့ပြန်လိုက်ပါတယ်။

စပွန်ဆာအကြောင်းတင်တဲ့ကျုပ်ကိုရောတရားမစွဲဘူးလား” ဟု မန်နေဂျာကို ဒဲ့ပြောလိုက်ပါတယ်။တစ်ယောက်ချင်း စိန်ခေါ်သည် ဆိုတဲ့ ကိစ္စနှင့် ပတ်သက်ပြီး သရုပ်ဆောင် တိုင်ရွန်ရဲ့ မန်နေဂျာက မအူပင်သားလေးကို အခုလိုတုန့်ပြန်ထားတာပါ။

“ကျွန်‌တော်သည်သရုပ်‌ဆောင် တိုင်ရွန်၏ မန်‌နေဂျာဖြစ်ပါသည်၊ ဂုဏ်သိက္ခာ ထိခိုက်စေရန် ပရိတ်သတ်ကိုစိန်ခေါ်သည် ဟူသော စကားကို live လွှင့် သုံးနှုန်းခြင်းသည် အသရေဖျက်မှု့ ပရိတ်သတ်ကိုအထင်လွဲစေခြင်းဖြစ်စဉ် မြောက်ပါသဖြင့် ထိုစကားကို တာဝန်ယူ ဖြေရှင်းပေး ပါရန် ထိုညီငယ်အား ပြောကြားလိုပါသည် နောက်ဆုံး အကြိမ်သတိပေး လိုက်ပါသည်။

ဆက်လက်ပြီးဆိုးရွားလာလျင် တရား ဥပဒေအရ ဆောင်ရွက်သွားပါမည်” ဟု တိုင်ရွန်၏ မန်နေဂျာ Kopyae Thanlyin အကောင့်မှ တင်ထားကြောင်း သိရပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *