အွန်လိုင်းမှ မိတ်ကပ် တွေ ဝယ်လိမ်းမိ လို့ အသားအရေပျက်စီးပြီး ဘဝပျက်မလိုဖြစ်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်






REF: LET PAN

UNICODE

ဒါက ၂၀၁၆ New Yorkက chic studios မှာ professional makeup artist diplomaယူတုံးက ဒီတုံးကအချိုင့်တွေ မပျောက်သေးဘူး။ အတတ်ကြွဆုံး ဖြစ်နေတဲ့ အချိန် အလှအပနဲ့ ပတ်သတ်ပြီး လုပ်ကိုင်ပါမယ် ဆုံးဖြတ်ထားတဲ့ အချိန်မှာမှ ဒီလို steroid နဲ့ပတ်သတ်ပြီး ဖြစ် ခဲ့တာပါ ….ဘယ်လိုခံစားခဲ့ရလဲ ပြောပြပါမယ် … စဖြစ်ခါစမှာ အရမ်းနာပြီးတော်တော် ဆိုးရွှားသွားလို့ ထမင်းစားဖို့ ပါးစပ်မဟနိုင် စကား ပြော ဖို့ ပါးစပ် မဟနိုင်လို့ အံကြိတ်သံနဲ့ စကားပြော လက်ဖက်စားတဲ့ဇွန်းနဲ့ ထမင်းစားခဲ့ရပါတယ်။ညဘက်တွေ မအိပ်နိုင်ဘဲ အနာတွေ ကိုက်ရင် ထထငိုငိုခဲ့ရတယ် ။မျက်နှာ မသစ်နိုင်လို့ လက်ကို ရေဆွတ်ပီး သာသာလေး တို့ရတယ်။

ခေါင်းငုံ့တာနဲ့ အနာတွေ တင်းပီးကိုက်လို့ ခေါင်းမငုံ့ နိုင်ခဲ့သလို ခေါင်းအုံးပေါ် မျက်နှာအပ် မအိပ်နိုင်ဘေးစောင်း မအိပ်နိုင်ခဲ့ဘူး ။လူကြား ထဲမသွားရဲပဲ ကိုယ်မျက်နှာကို mask အုပ်ပြီးအမြဲနေခဲ့ရတယ် ။ မျက်နှာကြီးတခုလုံး စုတ်ပြတ်သွားခဲ့တယ် ။ ကိုယ်ဝါသနာ ပါတဲ့ အလှအပ အလုပ်နဲ့ လုံးဝဝေးကွာပြီး စိတ်ဓာတ် ကျခဲ့ရပါတယ် ။အခု ဘယ်လိုကျော်လွှားခဲ့လဲ ? ဘာတွေရင်ဆိုင်ခဲ့ရလဲပြောပြမယ် နော် … အမြဲစိတ် ဓာတ်ကျပြီး နေနေလို့မရဘူး ။ ကိုယ်တိုင်သိလာ ခဲ့တဲ့ အချိန်မှာ mask အုပ်ပြီး make up class တွေဖွင့်ခဲ့တယ် ။ကြည်သာ ဒီနေ့ အဓိက ပြောပြချင်တာက လူတိုင်း သိထားသင့်တဲ့ steriod ကြောင့် ထိခိုက်ခံခဲ့ရ တာတွေပါ ။

၅နစ်နီးပါး ကိုယ်တိုင် ကြုံ ခဲ့ရတာတွေမလို့ သေချာအသေးစိတ် ပြောပြပေး ပါမယ်နော် ။အခုဆို အလှကုန် တံဆိပ်ပေါင်းစုံ onlineကနေ MLM ပုံစံတွေနဲ့ ဝင်လာ တော့ ကြည်သာ့ လိုမဖြစ်အောင် မျက်နှာလေးတွေ မပျက်စီးရအာင် အမုန်းခံပြီးကို ဒီ post လေးကို ရေးလိုက် ပါတယ်နော် …လွန်ခဲ့တဲ့ ၅ နှစ်ဆိုတာ ခုချိန်လို ဘယ်အရာမှ အလွယ်တကူ သိဖို့ ခေတ်မမှီသေးတဲ့အချိန် os တွေ facebookမှာ စခေတ် စားချိန် FDA approved ရတဲ့ ပစ္စည်းဆိုတာ ဘာမှန်း မသိသေးချိန် steroid ဆိုတာ ဘာမှန်း မသိသေးချိန် blogger ဆိုတာ။ လက် ၅ ချောင်းမပြည့်သေးချိန် ထိုင်းကပစ္စည်းတွေ မြန်မာပြည်ကို online က စဝင်လာတဲ့အချိန် မင်းသားမင်းသမီးတွေ။

သူတို့ရဲ့ အဆက်အနွယ်တွေက သုံးတယ် ပြောရင် အဟုတ်မှတ်တဲ့ အချိန် ခေတ်မမှီသေးတဲ့ အချိန်ပေါ့နော်…ကြည်သာ့လို Bangkok visa free မဟုတ်သေး ချိန်မှာ bangkok မှာ မိတ်ကပ် ကျောင်းသွားတက်ဖို့ထိ ခေတ်မီတဲ့လူ တောင် ဒီပစ္စည်းကို သုံးမိတယ်ဆို brand image က ဘာလဲ ဆိုတာ သိကြသူတွေရှိမှာပါ ။ အဲ့အချိန်တုံးက အသက်ငယ်သေးတာရော steroid ဆိုတာဘာလဲ မသိခဲ့တာတွေရောကြောင့် သုံး မိခဲ့တာပါ အပေါစား ပစ္စည်းကို စမ်းခဲ့တာ လုံးဝ မဟုတ်ပါနော် 🙂ကဲ အရင်ဆုံး … ဘယ်လိုကြုံတွေခဲ့ရလဲ ကြည်သာ ပြောပြပါမယ်။ ကြည် သာ စဖြစ်ခဲ့တာ ကတော့ 2015 လောက်မှာ ပြသနာ အတော်တက်သွားတဲ့ steroid ပါတဲ့ cream တမျိုး လိမ်းပီး ပျက်စီးသွားတာပါ။

သိသူလဲရှိမယ် မသိသူလဲ ရှိပါမယ် …။အဲ့အချိန်ကကြည်သာ onlinကနေမှ make up blogger လုပ်မယ် make up နဲ့ ပတ်သတ် တာတွေ လုပ်မယ်ဆိုပြီး Bangkok မှာ international makeup school တက်ပြီး ပြန်လာတဲ့ ချိန်ပေါ့နော် …။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *