႐ုရွားရဲ႕ ကိုဗစ္-၁၉ကာကြယ္ ေဆးနဲ႔ ပတ္သက္တဲ့ အေမွာင္ ဖက္ျခမ္း ကို ႐ုရွား သတင္း ေအဂ်င္စီက ဖြင့္ခ် လိုက္ ၿပီ

႐ုရွ covid-19ကာကြယ္ေဆး ထုတ္လုပ္တဲ့ Gamaleya Research Institute က စမ္းသပ္မႈမွာ ပါဝင္သူအနည္းငယ္သာရွိခဲ့တာေၾကာင့္ ဆိုးက်ိဳးေတြကိုအတိအက်မဆုံးျဖတ္ႏိုင္ခဲ့ဘူးလို႔ ဆိုထားပါတယ္။ စမ္းသပ္မႈမွာ ပါဝင္ခဲ့တဲ့ အ႐ြယ္ ေရာက္ၿပီးလူႀကီး ၃၈ ဦးမွာ ဆိုးက်ိဳးျဖစ္ စဥ္ေပါင္း ၁၄၄ ခုရွိခဲ့တယ္လို႔ Fontanka က ဆိုပါတယ္။လက္ရွိေလ့လာမႈ ေတြအရ အသက္ ၁၈ ႏွစ္ေအာက္နဲ႔ အသက္ ၆၀ ေက်ာ္သူေတြ ကို ကာကြယ္ေဆးထိုးေပးမွာမဟုတ္သလို ကိုယ္ဝန္ေဆာင္ေတြနဲ႔ ႏို႔တိုက္မိခင္ ေတြမွာလည္း ေဆးအသုံးမျပဳဖို႔ဆိုထားပါတယ္။

ေက်ာက္ကပ္နဲ႔ အသည္းေရာဂါ၊ ဆီးခ်ိဳ၊ ဝက္႐ူးျပန္ေရာဂါ၊ ႏွလုံးေသြးေၾကာေရာဂါ၊ ကိုယ္ခံအားစနစ္အားနည္းျခင္းနဲ႔ ဓာတ္မတည့္တဲ့ ေရာ ဂါေတြအပါအဝင္ ေရာဂါအခံရွိသူေတြ မွာလည္း ကာကြယ္ေဆး ကို သတိနဲ႔အသုံးျပဳဖို႔ အႀကံျပဳထားတယ္လို႔ သိရပါတယ္။႐ုရွားကိုဗစ္ ကာ ကြယ္ေဆးဟာ လူ ၃၈ ဦးမွာပဲ စမ္းထားၿပီး ဆိုးက်ိဳး ျဖစ္စဥ္ေပါင္း ၁၄၄ ခုရွိေၾကာင္း ႐ုရွားသတင္း ေအဂ်င္စီ ထုတ္ေဖာ္လိုက္ပါ ၿပီ။ ႐ုရွား သတင္း ေအဂ်င္စီတစ္ခုျဖစ္တဲ့ Fontanka ရဲ႕ေဖာ္ျပခ်က္အရ သမၼတဗလာ ဒီမာပူတင္ရဲ႕ ကိုဗစ္ ကာကြယ္ေဆးဟာ။

လူ ၃၈ ဦးမွာပဲစမ္းသပ္ၿပီး ခြင့္ျပဳေပးခဲ့တာလို႔ သိရပါတယ္။ ၾသဂုတ္လ ၁၁ ရက္မွာ ပူတင္က ႏွစ္လၾကာ စမ္းသပ္မႈေတြၿပီးတဲ့ေနာက္ Sputnik V လို႔နာမည္ေပး ထားတဲ့ COVID-19 ကာကြယ္ေဆးကို ခြင့္ျပဳခ်က္ေပး လိုက္ၿပီျဖစ္ၿပီး ေအာက္တိုဘာလမွာ အမ်ားအျပား ထုတ္လုပ္သြားမယ္လို႔ ေၾကညာ ခဲ့ေပမယ့္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေတာ့ ေဆးကိုေလ့လာ ဆန္းစစ္ခြင့္ရဖို႔ ႐ုရွား အာဏာပိုင္ ေတြနဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနပါတယ္။Fontanka သတင္း ေအဂ်င္စီ ကေတာ့ ၄၂ ရက္သာ ေလ့လာမႈေတြ လုပ္ေဆာင္ခဲ့တဲ့။

ကိုဗစ္ ကာကြယ္ေဆးဟာ ထိေရာက္မႈ ရွိ မရွိ ေျပာလို႔မရေသးဘူးလို႔ ဆို ထားပါတယ္။ပူတင္ရဲ႕ သမီးကိုယ္တိုင္ ကာကြယ္ေဆး ထိုးခံထား ၿပီးျဖစ္ သလို ပူတင္ ကလည္း သမီးျဖစ္သူမွာ Antibodies ျဖစ္ေပၚလာေၾကာင္းနဲ႔ အပူခ်ိန္နည္းနည္း တက္႐ုံကလြဲၿပီး ဆိုးက်ိဳးေတြ မခံစား ခဲ့ရဘူးလို႔ ဆိုပါတယ္။Fontanka ကေတာ့ ကာကြယ္ေဆး မွာ ေရာင္ရမ္းျခင္း၊ နာက်င္ျခင္း၊ ပုံမွန္ မဟုတ္ဘဲ ကိုယ္အပူခ်ိန္ျမင့္ တက္ျခင္းနဲ႔ ေဆးထိုးထားတဲ့ေနရာမွာ ယားယံျခင္း အပါအဝင္ ဆိုးက်ိဳးေတြ အမ်ားႀကီးကို ျမင္ေတြ႕ခဲ့ရတယ္လို႔ ဆိုထားပါတယ္။

REF: LET PAN

unicode

ရုရှ covid-19ကာကွယ်ဆေး ထုတ်လုပ်တဲ့ Gamaleya Research Institute က စမ်းသပ်မှုမှာ ပါဝင်သူအနည်းငယ်သာရှိခဲ့တာကြောင့် ဆိုးကျိုးတွေကိုအတိအကျမဆုံးဖြတ်နိုင်ခဲ့ဘူးလို့ ဆိုထားပါတယ်။ စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ အရွယ် ရောက်ပြီးလူကြီး ၃၈ ဦးမှာ ဆိုးကျိုးဖြစ် စဉ်ပေါင်း ၁၄၄ ခုရှိခဲ့တယ်လို့ Fontanka က ဆိုပါတယ်။လက်ရှိလေ့လာမှု တွေအရ အသက် ၁၈ နှစ်အောက်နဲ့ အသက် ၆၀ ကျော်သူတွေ ကို ကာကွယ်ဆေးထိုးပေးမှာမဟုတ်သလို ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင် တွေမှာလည်း ဆေးအသုံးမပြုဖို့ဆိုထားပါတယ်။

ကျောက်ကပ်နဲ့ အသည်းရောဂါ၊ ဆီးချို၊ ဝက်ရူးပြန်ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ကိုယ်ခံအားစနစ်အားနည်းခြင်းနဲ့ ဓာတ်မတည့်တဲ့ ရော ဂါတွေအပါအဝင် ရောဂါအခံရှိသူတွေ မှာလည်း ကာကွယ်ဆေး ကို သတိနဲ့အသုံးပြုဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။ရုရှားကိုဗစ် ကာ ကွယ်ဆေးဟာ လူ ၃၈ ဦးမှာပဲ စမ်းထားပြီး ဆိုးကျိုး ဖြစ်စဉ်ပေါင်း ၁၄၄ ခုရှိကြောင်း ရုရှားသတင်း အေဂျင်စီ ထုတ်ဖော်လိုက်ပါ ပြီ။ ရုရှား သတင်း အေဂျင်စီတစ်ခုဖြစ်တဲ့ Fontanka ရဲ့ဖော်ပြချက်အရ သမ္မတဗလာ ဒီမာပူတင်ရဲ့ ကိုဗစ် ကာကွယ်ဆေးဟာ။

လူ ၃၈ ဦးမှာပဲစမ်းသပ်ပြီး ခွင့်ပြုပေးခဲ့တာလို့ သိရပါတယ်။ သြဂုတ်လ ၁၁ ရက်မှာ ပူတင်က နှစ်လကြာ စမ်းသပ်မှုတွေပြီးတဲ့နောက် Sputnik V လို့နာမည်ပေး ထားတဲ့ COVID-19 ကာကွယ်ဆေးကို ခွင့်ပြုချက်ပေး လိုက်ပြီဖြစ်ပြီး အောက်တိုဘာလမှာ အများအပြား ထုတ်လုပ်သွားမယ်လို့ ကြေညာ ခဲ့ပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ဆေးကိုလေ့လာ ဆန်းစစ်ခွင့်ရဖို့ ရုရှား အာဏာပိုင် တွေနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။Fontanka သတင်း အေဂျင်စီ ကတော့ ၄၂ ရက်သာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့တဲ့။

ကိုဗစ် ကာကွယ်ဆေးဟာ ထိရောက်မှု ရှိ မရှိ ပြောလို့မရသေးဘူးလို့ ဆို ထားပါတယ်။ပူတင်ရဲ့ သမီးကိုယ်တိုင် ကာကွယ်ဆေး ထိုးခံထား ပြီးဖြစ် သလို ပူတင် ကလည်း သမီးဖြစ်သူမှာ Antibodies ဖြစ်ပေါ်လာကြောင်းနဲ့ အပူချိန်နည်းနည်း တက်ရုံကလွဲပြီး ဆိုးကျိုးတွေ မခံစား ခဲ့ရဘူးလို့ ဆိုပါတယ်။Fontanka ကတော့ ကာကွယ်ဆေး မှာ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ပုံမှန် မဟုတ်ဘဲ ကိုယ်အပူချိန်မြင့် တက်ခြင်းနဲ့ ဆေးထိုးထားတဲ့နေရာမှာ ယားယံခြင်း အပါအဝင် ဆိုးကျိုးတွေ အများကြီးကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *