SAI SAI SHOW မှာ လာသမျှ မိန်းကလေးတွေ ကို ကြည့်ချင်တယ် ဆိုတဲ့ ယောကျာ်းလေး ပရိသတ်ရဲ့စကားကို စိုင်းစိုင်းခမ်းလှိုင်တုံ့ပြန်လိုက်ပုံ
UNICODE
စိုင်းစိုင်းခမ်းလှိုင်ကတော့ မထင်ရင် မထင်သလို ရုပ်တည်ကြီးနဲ့ စနောက်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုင်းစိုင်း ရဲ့ အဖြေလေးကိုကြည့်ပြီး သဘောကျ ရင်ခုန်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာ ယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
နှစ်ပေါင်း (၂၀) ကျော်ကြာ ဂီတလောကမှာရော၊ သရုပ်ဆောင်လောကမှာပါ နေရာ ယူထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီနေ့ဒီအချိန်ထိ လည်း ပရိသတ်တွေအပေါ် လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာ အသက် (၄၁) နှစ်အရွယ်ကို ရောက်ရှိနေပြီ ဆို ပေမယ့် လူငယ်လေးတစ်ယောက်လိုပဲ အနုပညာအလုပ်တွေကို တက်တက်ကြွကြွ လုပ်ကိုင် နေဆဲ ဖြစ်ပါတယ်။
လက်ရှိ ကိုဗစ်ကာလ မှာတော့ စိုင်းစိုင်းခမ်းလှိုင်က အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားပေမယ့် သူ့ရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မ ပြတ်အောင် အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ဒီကနေ့မှာလည်း စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ရှိုးပွဲတွေကို လွမ်းနေကြတဲ့ ပရိသတ်တွေ အတွက် “SAISAI SHOW တွေ ကြည့်ချင်ပြီဆို လက်ညှိုးထောင်ပါ” ဆိုပြီး ပို့စ်တစ်ခုတင်ခဲ့တာပဲ ဖြစ်ပါတယ်။
ထိုပို့စ်အောက်မှာ စိုင်းစိုင်းရဲ့ ယောကျာ်လေးပရိသတ်တစ်ယောက်က “Sai Sai ကို မကြည့်ချင်ဘူး။ Sai Sai Show ပွဲလာတဲ့ ကောင်မလေး တွေ ကြည့်ချင် တာ😁” ဆိုပြီး ပြောခဲ့တဲ့စကား အပေါ် စိုင်းစိုင်းက “ငါရောပဲ” ဆိုပြီး Reply ပြန်ခဲ့တာ ကြောင့် မိန်းကလေးပရိသတ်တွေ ကြားမှာ ပွဲကျသွားခဲ့ရတာပဲ ဖြစ်ပါတယ်။
Source: Sai Sai Kham Leng’s fb