ကိုဗစ်-၁၉ ကြောင့် ရွေ့ဆိုင်းခဲ့ရသော သင်္ကြန်ပွဲတော် ကို စက်တင်ဘာလ တွင် ပြန်လည် ကျင်းပ မည်ဟု ထိုင်းအစိုးရထုတ်ပြန်




Credit: WE Media

Ref – The Nation

UNICODE

ယခင်က ထိုင်းသင်္ကြန်ကို ဇူလိုင်လ ၂၇ ရက်မှာကျင်းပဖို့ စီစဉ်ထား ပေမယ့် ကိုဗစ်-၁၉ ကူးစက်မှုတွေ ရှိနေသေးလို့ ထပ်မံရွေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအားလပ်ရက် မရှိတာကြောင့် ယခုကဲ့သို့ ပြောင်းရွေ့ကျင်းပခြင်း ဖြစ်တယ် လို့ ထိုင်းအစိုးရကပြောပါတယ်။

ကိုဗစ်ကူးစက် မှုကြောင့် ရွေ့ဆိုင်းခဲ့ရတဲ့ ထိုင်းသင်္ကြန်ပွဲတော် ကို လာမယ့် စက်တင်ဘာ လမှာ ပြန်လည် ကျင်းပမယ်လို့ ထိုင်းအစိုးရ ကြေ ညာလိုက်ပါတယ်။

ယနေ့ပြုလုပ်ခဲ့တဲ့ ဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းသင်္ကြန်ကို လာမယ့် စက်တင်ဘာ ၄ ရက်ကနေ ၇ ရက်အတွင်း ပြန်လည်ကျင်းပမယ် လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ဝီဆာနုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Credit:  WE Media

Ref – The Nation

Add a Comment

Your email address will not be published. Required fields are marked *