တ႐ုတ္ႏိုင္ငံမွ ထုတ္လုပ္လိုက္ေသာ ကိုဗစ္-၁၉ကာကြယ္ေဆးကို အင္ဒိုနီးရွားႏိုင္ငံတြင္ လူေပါင္း(၁၆၀၀) ေက်ာ္အား စတင္ထိုးႏွံ

အင္ဒိုနီးရွားႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူဦးေရ ၁၃၀၀၀၀ ေက်ာ္ထိရွိလာခဲ့ၿပီ ျဖစ္ၿပီး လူဦးေရသန္း ၂၇ဝမွ်ေသာ အင္ဒိုနီးရွား ျပည္သူ ေတြအတြက္ ထိေရာက္တဲ့ကာကြယ္ေဆးေတြ အလုံအေလာက္ထုတ္ လုပ္သုံးစြဲသြားႏိုင္ဖို႔ ဒီစမ္းသပ္မႈအဆင့္ေအာင္ျမင္ေရး ေမွ်ာ္လင့္ခ်က္ ေတြႀကီးေနတာျဖစ္ပါတယ္။တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးကို အင္ဒိုႏိုင္ငံသား ၁၆၀၀ ေက်ာ္တြင္ စတင္ စမ္းသပ္ထိုးႏွံေနၿပီလို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံ၊ Sinovac Biotechကထုတ္လုပ္တဲ့ ကိုဗစ္ ကာကြယ္ေဆးကို အင္ဒိုနီးရွားႏိုင္ငံက ေစတနာ့ဝန္ထမ္း ၁၆၂၀ဦးဆီမွာ စမ္းသပ္ ထိုးႏွံမႈစတင္ခဲ့ၿပီလို႔ သိရပါတယ္။အင္ဒိုနီးရွားႏိုင္ငံပိုင္ေဆးဝါးထုတ္လုပ္ေရးလုပ္ငန္းျဖစ္တဲ့ PT Bio Farmaနဲ႔ ပူးေပါင္းၿပီး Sinovac Biotechရဲ႕ ကို႐ိုနာ ဗိုင္းရပ္စ္ကာကြယ္ေဆးရဲ႕ အဆင့္ ၃ စမ္းသပ္မႈကို စတင္ခဲ့တာလို႔ စင္ဟြာသတင္းမွာ ေဖာ္ျပထားပါတယ္။ ဂ်ာဗား ျပည္နယ္အေနာက္ပိုင္း ဘန္ဒန္ၿမိဳ႕က ပက္ဂ်ာဂ်ရန္ေဆးတကၠသိုလ္မွာ ာကြယ္ေဆးစမ္းသပ္မႈ ျပဳလုပ္ခဲ့တာပါ။

အခမ္းအနား ကို အင္ဒိုနီးရွားသမၼတဂ်ိဳကိုဝီဒိုဒိုလည္း တက္ေရာက္ခဲ့ပါတယ္။အင္ဒိုနီးရွားအတြက္ ကိုဗစ္ ကာကြယ္ေဆးေတြကို Sinovac နဲ႔ ပူးေပါင္းထုတ္လုပ္သြားမွာျဖစ္ၿပီး လာမယ့္ ၂၀၂၁ခုႏွစ္၊ ဇန္နဝါရီလကေန ဧၿပီလၾကား ထုတ္လုပ္မႈေတြစတင္သြားမယ္လို႔ သမၼတက ဆိုပါတယ္။ အဆင့္၃ စမ္းသပ္မႈမွာပါ ေအာင္ျမင္ခဲ့ၿပီဆိုရင္ေတာ့ အင္ဒိုနီးရွားႏိုင္ငံမွာ ကာကြယ္ေဆးအေျမာက္အျမား ထုတ္လုပ္မႈ စတင္သြားႏိုင္ေတာ့မွာျဖစ္ပါတယ္။

SOUER: HNM

UNICODE

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဦးရေ ၁၃၀၀၀၀ ကျော်ထိရှိလာခဲ့ပြီ ဖြစ်ပြီး လူဦးရေသန်း ၂၇ဝမျှသော အင်ဒိုနီးရှား ပြည်သူ တွေအတွက် ထိရောက်တဲ့ကာကွယ်ဆေးတွေ အလုံအလောက်ထုတ် လုပ်သုံးစွဲသွားနိုင်ဖို့ ဒီစမ်းသပ်မှုအဆင့်အောင်မြင်ရေး မျှော်လင့်ချက် တွေကြီးနေတာဖြစ်ပါတယ်။တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနိုင်ငံသား ၁၆၀၀ ကျော်တွင် စတင် စမ်းသပ်ထိုးနှံနေပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံ၊ Sinovac Biotechကထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေးကို အင်ဒိုနီးရှားနိုင်ငံက စေတနာ့ဝန်ထမ်း ၁၆၂၀ဦးဆီမှာ စမ်းသပ် ထိုးနှံမှုစတင်ခဲ့ပြီလို့ သိရပါတယ်။အင်ဒိုနီးရှားနိုင်ငံပိုင်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ PT Bio Farmaနဲ့ ပူးပေါင်းပြီး Sinovac Biotechရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးရဲ့ အဆင့် ၃ စမ်းသပ်မှုကို စတင်ခဲ့တာလို့ စင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ဂျာဗား ပြည်နယ်အနောက်ပိုင်း ဘန်ဒန်မြို့က ပက်ဂျာဂျရန်ဆေးတက္ကသိုလ်မှာ ာကွယ်ဆေးစမ်းသပ်မှု ပြုလုပ်ခဲ့တာပါ။

အခမ်းအနား ကို အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုလည်း တက်ရောက်ခဲ့ပါတယ်။အင်ဒိုနီးရှားအတွက် ကိုဗစ် ကာကွယ်ဆေးတွေကို Sinovac နဲ့ ပူးပေါင်းထုတ်လုပ်သွားမှာဖြစ်ပြီး လာမယ့် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလကြား ထုတ်လုပ်မှုတွေစတင်သွားမယ်လို့ သမ္မတက ဆိုပါတယ်။ အဆင့်၃ စမ်းသပ်မှုမှာပါ အောင်မြင်ခဲ့ပြီဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံမှာ ကာကွယ်ဆေးအမြောက်အမြား ထုတ်လုပ်မှု စတင်သွားနိုင်တော့မှာဖြစ်ပါတယ်။

SOUER:  HNM

Add a Comment

Your email address will not be published. Required fields are marked *