နည္းပညာျဖင့္ ျပဳလုပ္ထားေသာ ေ႐ႊအတုမ်ားျဖင့္ ေ႐ႊအစစ္ကဲ့သို႔ ခြဲမရ၍ အလိမ္ခံ လိုက္ရ သည့္ ေ႐ႊဆိုင္ မိသားစု
|ျဖစ္စဥ္မွာ ၾသဂုတ္ ၁၀ ရက္ေန႔ ညေန ၆ နာရီခန႔္တြင္ ျမဝတီၿမိဳ႕ ဘုရင့္ေနာင္လမ္း၊ အမွတ္(၄)ရပ္ကြက္ရွိ ေ႐ႊဆိုင္တစ္ခုမွအသက္ ၃၁ ႏွစ္ အ႐ြယ္ ေ႐ႊဆိုင္ပိုင္ရွင္ အမ်ိဳးသမီးသည္ ၎၏ဆိုင္သို႔ မေဌးဝင္း ဟုအမည္ရေသာ အမ်ိဳးသမီး တစ္ဦးက ေ႐ႊအတုမ်ားျပဳလုပ္ၿပီး အမည္အ မ်ိဳးမ်ိဳးသုံးကာ လာေရာက္လိမ္လည္ ေပါင္ႏွံေနေၾကာင္း ရဲစခန္းသို႔ လာေရာက္တိုင္ တန္းခဲ့သည္ဟု ရဲစခန္းမွသိရသည္။အဆိုပါ မေဌးဝင္း ဆိုသူမွာ ကြမ္းၿခံကုန္း႐ြာ ဘုရားကုန္း ေက်း႐ြာအုပ္စု၊ သန္လ်င္ၿမိဳ႕နယ္၊ ရန္ကုန္တိုင္း ေဒသႀကီးေနသူျဖစ္ေၾကာင္း သိရသည္။
၎သည္ ၾသဂုတ္ ၁၀ ရက္ေန႔မနက္က ေ႐ႊဆိုင္သို႔သြားၿပီး ျမန္မာေ႐ႊ(၁၅- ၃၈)ဂရမ္ရွိ ႏွစ္ထပ္ဆြဲႀကိဳး(၁)ကုံးအား (၈)သိန္းျဖင့္ ေပါင္ႏွံခဲ့ ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕ထံမွ သိရသည္။ရဲတပ္ဖြဲ႕က အဆိုပါ မေဌးဝင္း ဆိုသူ ၏ အမည္ကိုေမးျမန္းရာ ၎ ၏ အမည္မွာ မထက္ထက္ေအာင္ ဟု သိရၿပီး ယခင္ ကလည္း ယခုကဲ့သို႔ လာေရာက္ ေပါင္ႏွံဘူးေၾကာင္း သိရွိရသျဖင့္ မွတ္တမ္းျပန္ၾကည့္ ရာ ၎သည္ မခင္ခင္ဦး ဟူေသာအမည္ျဖင့္ ျမန္မာေ႐ႊ(၁၀. ၃) ဂရမ္ရွိ K လက္ေကာက္ (၁)ကြင္း၊ ျမန္မာေ႐ႊ(၁၄-၃၇)ဂရမ္ရွိ။
ဆြဲႀကိဳး(၁)ကုံး၊ ေပါင္း (၂)ခုကို ေငြက်ပ္(၁၃၅ဝဝဝဝိ/-)ျဖင့္ေပါင္ႏွံ ထားဖူးေၾကာင္း သိရွိရသည္ဟု ရဲတပ္ဖြဲ႕ထံမွ သိရသည္။ ယင္းအတြက္ ၎ေပါင္ႏွံခဲ့ဖူးေသာ ေ႐ႊထည္ ပစၥည္းမ်ားကို စစ္ေဆးရာ ေ႐ႊအတုမ်ားျဖစ္ေၾကာင္း သိရွိရသျဖင့္ ၎ကို ျမဝတီၿမိဳ႕မရဲစခန္းတြင္ (ပ)၄၆၀/ ၂၀၂၀ ၊ ရာဇသတ္ႀကီးပုဒ္မ-၄၂၀ ျဖင့္ အမႈေရးဖြင့္ ဖမ္းဆီးထားၿပီး စစ္ေဆးေဆာင္႐ြက္လွ်က္ ရွိေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။ ျမဝတီ ၿမိဳ႕တြင္ နည္းပညာ ျမင့္မားစြာျဖင့္ ေ႐ႊအတု ေပါင္ႏွံ အလိမ္ခံခဲ့ရသည့္ “ေ႐ႊျပည့္လႈိင္” ေ႐ႊဆိုင္ မိသားစု မွေျပာျပျခင္းျဖစ္သည္။
ယမန္ေန႔ည ၇:ဝဝ နာရီအခ်ိန္က နည္းပညာ ျမင့္မားစြာျဖင့္ ေ႐ႊအတု လုပ္ကာ လိမ္လည္ေပါင္စားေနသည့္ ေ႐ႊလိမ္ဂိုဏ္းရွိေနေၾကာင္းႏွင့္ ျမဝတီႏွင့္တကြအျခားၿမိဳ႕မ်ားမွ ေ႐ႊဆိုင္မ်ား, ၎တို႔ကဲ့သို႔ အလိမ္မခံရေစရန္ ျမဝတီအေျခစိုက္သတင္းမီဒီယာမ်ားႏွင့္ ေတြ႕ဆုံေျပာၾကားခဲ့ ၾကသည္။ ယခု၎တို႔အလိမ္ခံရသည့္ျဖစ္စဥ္တြင္ ေ႐ႊဆိုင္၌ လာေပါင္ေသာ ေ႐ႊသည္သာ မန္မွတ္တိုက္စစ္ေဆးၾကည့္႐ုံႏွင့္ မရေတာ့ဘဲ ပန္းထိမ္ဆရာမ်ားႏွင့္ လက္ရာေကာင္းမြန္စြာျဖင့္ ေခတ္မီနည္းပညာကို အသုံးျပဳ၍ျပဳလုပ္ထားသည့္ ေ႐ႊထည္မ်ားျဖစ္သျဖင့္ ။
အႀကိမ္မ်ားစြာ လာေရာက္ေပါင္ႏွံသည့္ အမ်ိဳးသမီးအား မသကၤာ၍ ရဲထံအေၾကာင္းၾကားခဲ့ရာမွေ႐ႊအတုေပါင္ႏွံသည့္ မေဌးေဌးဝင္းအား ျမဝတီရဲစခန္းတြင္ အမႈဖြင့္အေရးယူႏိုင္ခဲ့သည္။ အဆိုပါ ေတြ႕ဆုံပြဲသို႔ျမဝတီေ႐ႊဆိုင္လုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠဌဦးမင္းအုန္းေဖ (သီ ရိေဝလွ်ံ ေ႐ႊဆိုင္) ႏွင့္ အတြင္းေရးမႉး ဦးေဇယ်ာလင္း (သိန္းငွက္သုံးေကာင္ ေ႐ႊဆိုင္) တို႔လည္း တက္ေရာက္ခဲ့ၾကသည္။
REF: SHWE WIKI
UNICODE
ဖြစ်စဉ်မှာ သြဂုတ် ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မြဝတီမြို့ ဘုရင့်နောင်လမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုမှအသက် ၃၁ နှစ် အရွယ် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးသည် ၎င်း၏ဆိုင်သို့ မဌေးဝင်း ဟုအမည်ရသော အမျိုးသမီး တစ်ဦးက ရွှေအတုများပြုလုပ်ပြီး အမည်အ မျိုးမျိုးသုံးကာ လာရောက်လိမ်လည် ပေါင်နှံနေကြောင်း ရဲစခန်းသို့ လာရောက်တိုင် တန်းခဲ့သည်ဟု ရဲစခန်းမှသိရသည်။အဆိုပါ မဌေးဝင်း ဆိုသူမှာ ကွမ်းခြံကုန်းရွာ ဘုရားကုန်း ကျေးရွာအုပ်စု၊ သန်လျင်မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနေသူဖြစ်ကြောင်း သိရသည်။
၎င်းသည် သြဂုတ် ၁၀ ရက်နေ့မနက်က ရွှေဆိုင်သို့သွားပြီး မြန်မာရွှေ(၁၅- ၃၈)ဂရမ်ရှိ နှစ်ထပ်ဆွဲကြိုး(၁)ကုံးအား (၈)သိန်းဖြင့် ပေါင်နှံခဲ့ ခြင်းဖြစ်ကြောင်း အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံမှ သိရသည်။ရဲတပ်ဖွဲ့က အဆိုပါ မဌေးဝင်း ဆိုသူ ၏ အမည်ကိုမေးမြန်းရာ ၎င်း ၏ အမည်မှာ မထက်ထက်အောင် ဟု သိရပြီး ယခင် ကလည်း ယခုကဲ့သို့ လာရောက် ပေါင်နှံဘူးကြောင်း သိရှိရသဖြင့် မှတ်တမ်းပြန်ကြည့် ရာ ၎င်းသည် မခင်ခင်ဦး ဟူသောအမည်ဖြင့် မြန်မာရွှေ(၁၀. ၃) ဂရမ်ရှိ K လက်ကောက် (၁)ကွင်း၊ မြန်မာရွှေ(၁၄-၃၇)ဂရမ်ရှိ။
ဆွဲကြိုး(၁)ကုံး၊ ပေါင်း (၂)ခုကို ငွေကျပ်(၁၃၅ဝဝဝဝိ/-)ဖြင့်ပေါင်နှံ ထားဖူးကြောင်း သိရှိရသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။ ယင်းအတွက် ၎င်းပေါင်နှံခဲ့ဖူးသော ရွှေထည် ပစ္စည်းများကို စစ်ဆေးရာ ရွှေအတုများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းကို မြဝတီမြို့မရဲစခန်းတွင် (ပ)၄၆၀/ ၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ-၄၂၀ ဖြင့် အမှုရေးဖွင့် ဖမ်းဆီးထားပြီး စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ မြဝတီ မြို့တွင် နည်းပညာ မြင့်မားစွာဖြင့် ရွှေအတု ပေါင်နှံ အလိမ်ခံခဲ့ရသည့် “ရွှေပြည့်လှိုင်” ရွှေဆိုင် မိသားစု မှပြောပြခြင်းဖြစ်သည်။
ယမန်နေ့ည ၇:ဝဝ နာရီအချိန်က နည်းပညာ မြင့်မားစွာဖြင့် ရွှေအတု လုပ်ကာ လိမ်လည်ပေါင်စားနေသည့် ရွှေလိမ်ဂိုဏ်းရှိနေကြောင်းနှင့် မြဝတီနှင့်တကွအခြားမြို့များမှ ရွှေဆိုင်များ, ၎င်းတို့ကဲ့သို့ အလိမ်မခံရစေရန် မြဝတီအခြေစိုက်သတင်းမီဒီယာများနှင့် တွေ့ဆုံပြောကြားခဲ့ ကြသည်။ ယခု၎င်းတို့အလိမ်ခံရသည့်ဖြစ်စဉ်တွင် ရွှေဆိုင်၌ လာပေါင်သော ရွှေသည်သာ မန်မှတ်တိုက်စစ်ဆေးကြည့်ရုံနှင့် မရတော့ဘဲ ပန်းထိမ်ဆရာများနှင့် လက်ရာကောင်းမွန်စွာဖြင့် ခေတ်မီနည်းပညာကို အသုံးပြု၍ပြုလုပ်ထားသည့် ရွှေထည်များဖြစ်သဖြင့် ။
အကြိမ်များစွာ လာရောက်ပေါင်နှံသည့် အမျိုးသမီးအား မသင်္ကာ၍ ရဲထံအကြောင်းကြားခဲ့ရာမှရွှေအတုပေါင်နှံသည့် မဌေးဌေးဝင်းအား မြဝတီရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့မြဝတီရွှေဆိုင်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဦးမင်းအုန်းဖေ (သီ ရိဝေလျှံ ရွှေဆိုင်) နှင့် အတွင်းရေးမှူး ဦးဇေယျာလင်း (သိန်းငှက်သုံးကောင် ရွှေဆိုင်) တို့လည်း တက်ရောက်ခဲ့ကြသည်။
REF: SHWE WIKI