မန္တလေးဘက်မှပြည်သူများ ကျိုက်ထီး ရိုးကို အချိန် မကုန်ဘဲ သွားဖူး နိုင်မယ့် အနီးဆုံး ဖြတ်လမ်း ထွက်ပေါ်လာပြီ






UNICODE

အခုဆို ခရီးလည်း သက်သာ၊ လမ်းလည်း ကောင်း၊ အချိန်လည်း မြန်၊ ကားလဲသိပ်မရှောင်ရတဲ့ လမ်းသစ်လေးတစ်ခုကို ညွှန်ပေးချင်ပါတယ် ။အမြန်လမ်း မိုင်တိုင် ၇၂ ကနေဆင်းရင် ဒိုက်ဦးမြို့ကို ၁၆မိုင်မောင်းရပါတယ်။ ဒိုက်ဦး ကနေ တစ်ဆင့် မြစ်ကျိုးလမ်း အတိုင်းမောင်းရင် အ ကွာအဝေးမိုင် ၂၁/၁ မိုင်သာ မောင်းရပြီး စစ်တောင်းတံတား (မုပ္ပလင်)အနီး ကို ရောက်သွားပါတယ်။

ခရီးလမ်းတို၊ ကားကြောရှင်း၊ ဆီကုန်သက်သာ၊ လမ်းလဲကောင်း၊ အချိန်တို ရောက်ပြီး ကားသေးတွေပါ သွားလို့အဆင်ပြေကြောင်း လမ်း ညွှန်ပေး လိုက်ပါတယ်။သိသူ နည်းပါးတဲ့ မန္တလေး ဘက်က ဘုရားဖူးလာ သူများ အတွက် ကျိုက်ထီးရိုး ဖြတ်လမ်းလေး ကို အားလုံးသိ အောင်မျှဝေပေးနော်…။

မန္တလေးဘက် ကနေ ကျိုက်ထီးရိုး ဘုရားဖူး သွားမယ့် သူတွေအတွက် ဖြတ်လမ်းလေးကို ပြောပြပေးသွားတာပါ။မန္တလေး-နေပြည်တော် ဘက်က မိဘပြည်သူများ ကျိုက်ထီးရိုးဘက်ကို ဘုရားဖူးသွားမယ် ဆိုရင် အရင်ကလို ၃၉ မိုင် ဘုရားကြီးအထိ သွားပြီး ဘုရားကြီး – ဝေါ လမ်း အတိုင်း သွားစရာ မလိုတော့ပါဘူး။

အဲဒီလမ်းက မိုင် ၂၀ ကျော်ဝေးပြီး ခရီးသွားကားတွေ အရမ်းများတဲ့ အတွက် ရှောင်ရတာ အန္တရာယ်များလှပါတယ်။

Writer ; Kwee (Jeeptoolay)

Add a Comment

Your email address will not be published.