ေ႐ြးေကာက္ပြဲေကာ္မရွင္က အာဏာရပါတီကို ဘက္လိုက္ေၾကာင္း ျပည္ခိုင္ၿဖိဳးအပါအဝင္(၃၄) ပါတီမွ ကာ/ခ်ဳပ္ႏွင့္ေတြ႕ဆုံစဥ္ေျပာဆို

တပ္မေတာ္၏ သတင္းထုတ္ ျပန္ခ်က္ထဲတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႏိုင္ငံေရးပါတီမ်ားမွ ေခါင္း ေဆာင္မ်ားသည္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ပါတီစုံ ဒီမိုကေရစီေ႐ြး ေကာက္ပြဲႏွင့္ ပတ္သက္သည္မ်ား၊ ျပည္သူ႔ကိုယ္စားလွယ္ ေလာင္းမ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ရာတြင္ သိရွိသင့္သည့္ အခ်က္မ်ားႏွင့္ ပတ္သက္၍ အျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္ဟု ေဖၚျပထား သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေတြ႕ဆုံခဲ့သည့္ႏိုင္ငံေရးပါတီမ်ားတြင္ ျပည္ေထာင္စုႀကံံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ဦးသန္းေဌး၊ အမ်ိဳသား ဒီမိုကေရစီပါတီသစ္ဥကၠ႒ဦးသိန္းၫႊန႔္၊ အမ်ိဳးသားတိုးတက္ေရး ပါတီ ဥကၠ႒ေဒါက္တာေနဇင္လတ္၊ အမ်ိဳးသားဒီမိုက ေရစီအင္ အားစုပါတီ ဥကၠ႒ ဦးခင္ေမာင္ေဆြႏွင့္ ျပည္ သူ႔ေရွ႕ေဆာင္ ပါတီဥကၠ႒ ေဒၚသက္သက္ခိုင္တို႔ ပါဝင္ သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အာဏာရ NLD ပါတီကို ဘက္လိုက္သည္ဟု ႏိုင္ငံေရးပါတီမ်ားက တပ္မေတာ္ ကာ ကြယ္ေရး ဦးစီးခ်ဳပ္ကို ေျပာၾကားခဲ့ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ (NDF) ဥကၠ႒ဦးခင္ေမာင္ေဆြက ေျပာသည္။ ဗိုလ္ခ်ဳပ္ မႉးႀကီးမင္း ေအာင္လႈိင္ႏွင့္ ႏိုင္ငံေရးပါတီ ၃၄ ပါတီမွ ေခါင္းေဆာင္မ်ားေတြ႕ဆုံရာတြင္ ႏိုင္ငံေရးပါတီမ်ားက ယင္းသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဦးခင္ေမာင္ေဆြက “UEC က ပါတီေတြကို တူတူတန္တန္ ဆက္ဆံျခင္းမျပဳဘူးေပါ့။ လုပ္ခ်င္ရာလုပ္ၿပီးေတာ့ NLD ကို ဘက္လိုက္ေန တယ္ဆိုတာမ်ိဳး ေျပာျပတာေတြပါတယ္” ဟု ဆိုသည္။

REF: The Ladies News

UNICODE

တပ်မတော်၏ သတင်းထုတ် ပြန်ချက်ထဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများမှ ခေါင်း ဆောင်များသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေး ကောက်ပွဲနှင့် ပတ်သက်သည်များ၊ ပြည်သူ့ကိုယ်စားလှယ် လောင်းများ ရွေးချယ်တင်မြှောက်ရာတွင် သိရှိသင့်သည့် အချက်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု ဖေါ်ပြထား သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည့်နိုင်ငံရေးပါတီများတွင် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး၊ အမျိုသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌဦးသိန်းညွှန့်၊ အမျိုးသားတိုးတက်ရေး ပါတီ ဥက္ကဋ္ဌဒေါက်တာနေဇင်လတ်၊ အမျိုးသားဒီမိုက ရေစီအင် အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် ပြည် သူ့ရှေ့ဆောင် ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်တို့ ပါဝင် သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အာဏာရ NLD ပါတီကို ဘက်လိုက်သည်ဟု နိုင်ငံရေးပါတီများက တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်ကို ပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌဦးခင်မောင်ဆွေက ပြောသည်။ ဗိုလ်ချုပ် မှူးကြီးမင်း အောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များတွေ့ဆုံရာတွင် နိုင်ငံရေးပါတီများက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးခင်မောင်ဆွေက “UEC က ပါတီတွေကို တူတူတန်တန် ဆက်ဆံခြင်းမပြုဘူးပေါ့။ လုပ်ချင်ရာလုပ်ပြီးတော့ NLD ကို ဘက်လိုက်နေ တယ်ဆိုတာမျိုး ပြောပြတာတွေပါတယ်” ဟု ဆိုသည်။

REF:  The Ladies News

Add a Comment

Your email address will not be published. Required fields are marked *