(၂၀၂၀)ေ႐ြးေကာက္ပြဲ NLD ေအာင္ႏိုင္ေရး သီခ်င္း ကို အႏုပညာရွင္ မ်ား စြာမွ စိတ္အားထက္သန္စြာ ပါဝင္ သီဆို ေပးမည္

“အေမစုကိုခ်စ္တဲ့ နာမည္ႀကီး ဂီတ အႏုပညာရွင္ေတြ ၅၀ နီးပါး NLD ေအာင္ႏိုင္ေရး အတြက္ ဝန္းရံ ဖို႔ရွိေနတာကေတာ့ ဝမ္းသာစရာ သ တင္းေကာင္းေလးပါပဲ။ ႐ုပ္ရွင္နဲ႔ သဘင္မွာလည္း အမာခံေတြကေတာ့ NLD ေအာင္ႏိုင္ေရးကို ဝန္းရံဖို႔ အဆင္သင့္ပါပဲ။ ေနာက္မွ နာမည္ ေတြ အားလုံး ေဖာ္ျပပါ့မယ္” လို႔ ဒါ႐ိုက္တာ ၾကည္ျဖဴသွ်င္က ေျပာပါတယ္။ ၂၀၁၅ ခုႏွစ္အတြက္ NLD ပါတီ ေအာင္ႏိုင္ေရး သီခ်င္းဟာ လည္း “ခြပ္ေဒါင္းမာန္ခ်ီ NLD” လို႔ အမည္ေပးထားတဲ့ သီခ်င္းျဖစ္ၿပီး ၂၀၂၀ အတြက္လည္း အဆိုပါ နာမည္နဲ႔သာ ျဖစ္ပါတယ္။

မၾကာ ခင္လပိုင္း မွာ ျပဳလုပ္ေတာ့မယ့္ ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမယ့္ ပါတီေပါင္းစုံရွိတဲ့အနက္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အတြက္ ၂၀၂၀ ေအာင္ႏိုင္ေရးသီခ်င္းကိုေတာ့ အႏုပညာရွင္ ၃၅ ေယာက္ထက္ မနည္း သီဆိုေပးသြား မယ္လို႔ သိရပါတယ္။ “၂၀၁၅ ခုႏွစ္၊ NLD ေအာင္ႏိုင္ေရး သီခ်င္း “ခြပ္ေဒါင္း မာန္ခ်ီ NLD” ကိုေရးခဲ့တဲ့ ေတးေရး သံသာဝင္းကပဲ က်မ တို႔အတြက္ “၂၀၂၀ ခြပ္ေဒါင္းမာန္ခ်ီ ” သီခ်င္းကို ေမတၱာျဖင့္ ေရးေပး မွာပါ” လို႔ ဒါ႐ိုက္တာၾကည္ျဖဴသွ်င္က ေျပာပါတယ္။

အဆိုပါ ပါတီ ေအာင္ႏိုင္ေရးသီခ်င္းကိုေတာ့ အဆိုေတာ္ သံသာဝင္းက ေရးသား ထားတာျဖစ္ၿပီး ယခုႏွစ္အတြက္လည္း အဆိုပါ သီခ်င္း ကိုပဲ သီဆိုသြားၾကမွာျဖစ္ပါတယ္။ “အဆိုေတာ္ေတြ ကို ခ်ိတ္ဆက္ ေပးတဲ့ အနဂၢ၊ သံသာဝင္း၊ သွ်ီ၊ မမီမီဝင္းေဖ ယေန႔ ေတြ႕ဆုံ ျဖစ္တဲ့ ကိုရင္ဂို၊ မေကာ္နီ၊ လင္းနစ္၊ သားႀကီး၊ ဆိုင္စံနဲ႔ သီခ်င္းမွာ ပါဝင္အားျဖည့္ သီဆိုၾကမယ့္ အႏုပညာ ေမာင္ႏွမမ်ား အားလုံးကို ေက်းဇူးအ ထူးတင္ရွိပါတယ္” လို႔ ၾကည္ျဖဴသွ်င္က ဆိုပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ကို ခ်စ္ၾကတဲ့ အဆိုေတာ္ ၃၅ ေယာက္က သီဆိုၾကမွာျဖစ္ၿပီး စည္းကမ္း ခ်က္မ်ားနဲ႔အညီ ႐ိုက္ကူးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ “အေမစုကို ခ်စ္ေသာ နာမည္ေက်ာ္ အဆိုေတာ္ ၃၅ ေယာက္ထက္ မနည္း သီ ဆိုၾကမွာ ျဖစ္ၿပီး ကိုဗစ္စည္းကမ္းနဲ႔အညီ ႐ိုက္ကူး တင္ဆက္သြား မွာ ျဖစ္ပါတယ္” လို႔ ဒါ႐ိုက္တာ ၾကည္ျဖဴသွ်င္က ေျပာထားပါ တယ္။ NLD ေအာင္ႏိုင္ေရးအတြက္လည္း ဂီတအႏုပညာရွင္ ၅၀ နီးပါးဝန္းရံၾကတာဟာလည္း ဝမ္းသာစရာသတင္းေကာင္းပဲ ျဖစ္ပါတယ္။

REF: ဧရာဝတီ

UNICODE

“အမေစုကိုချစ်တဲ့ နာမည်ကြီး ဂီတ အနုပညာရှင်တွေ ၅၀ နီးပါး NLD အောင်နိုင်ရေး အတွက် ဝန်းရံ ဖို့ရှိနေတာကတော့ ဝမ်းသာစရာ သ တင်းကောင်းလေးပါပဲ။ ရုပ်ရှင်နဲ့ သဘင်မှာလည်း အမာခံတွေကတော့ NLD အောင်နိုင်ရေးကို ဝန်းရံဖို့ အဆင်သင့်ပါပဲ။ နောက်မှ နာမည် တွေ အားလုံး ဖော်ပြပါ့မယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။ ၂၀၁၅ ခုနှစ်အတွက် NLD ပါတီ အောင်နိုင်ရေး သီချင်းဟာ လည်း “ခွပ်ဒေါင်းမာန်ချီ NLD” လို့ အမည်ပေးထားတဲ့ သီချင်းဖြစ်ပြီး ၂၀၂၀ အတွက်လည်း အဆိုပါ နာမည်နဲ့သာ ဖြစ်ပါတယ်။

မကြာ ခင်လပိုင်း မှာ ပြုလုပ်တော့မယ့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ပါတီပေါင်းစုံရှိတဲ့အနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက် ၂၀၂၀ အောင်နိုင်ရေးသီချင်းကိုတော့ အနုပညာရှင် ၃၅ ယောက်ထက် မနည်း သီဆိုပေးသွား မယ်လို့ သိရပါတယ်။ “၂၀၁၅ ခုနှစ်၊ NLD အောင်နိုင်ရေး သီချင်း “ခွပ်ဒေါင်း မာန်ချီ NLD” ကိုရေးခဲ့တဲ့ တေးရေး သံသာဝင်းကပဲ ကျမ တို့အတွက် “၂၀၂၀ ခွပ်ဒေါင်းမာန်ချီ ” သီချင်းကို မေတ္တာဖြင့် ရေးပေး မှာပါ” လို့ ဒါရိုက်တာကြည်ဖြူသျှင်က ပြောပါတယ်။

အဆိုပါ ပါတီ အောင်နိုင်ရေးသီချင်းကိုတော့ အဆိုတော် သံသာဝင်းက ရေးသား ထားတာဖြစ်ပြီး ယခုနှစ်အတွက်လည်း အဆိုပါ သီချင်း ကိုပဲ သီဆိုသွားကြမှာဖြစ်ပါတယ်။ “အဆိုတော်တွေ ကို ချိတ်ဆက် ပေးတဲ့ အနဂ္ဂ၊ သံသာဝင်း၊ သျှီ၊ မမီမီဝင်းဖေ ယနေ့ တွေ့ဆုံ ဖြစ်တဲ့ ကိုရင်ဂို၊ မကော်နီ၊ လင်းနစ်၊ သားကြီး၊ ဆိုင်စံနဲ့ သီချင်းမှာ ပါဝင်အားဖြည့် သီဆိုကြမယ့် အနုပညာ မောင်နှမများ အားလုံးကို ကျေးဇူးအ ထူးတင်ရှိပါတယ်” လို့ ကြည်ဖြူသျှင်က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ချစ်ကြတဲ့ အဆိုတော် ၃၅ ယောက်က သီဆိုကြမှာဖြစ်ပြီး စည်းကမ်း ချက်များနဲ့အညီ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “အမေစုကို ချစ်သော နာမည်ကျော် အဆိုတော် ၃၅ ယောက်ထက် မနည်း သီ ဆိုကြမှာ ဖြစ်ပြီး ကိုဗစ်စည်းကမ်းနဲ့အညီ ရိုက်ကူး တင်ဆက်သွား မှာ ဖြစ်ပါတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောထားပါ တယ်။ NLD အောင်နိုင်ရေးအတွက်လည်း ဂီတအနုပညာရှင် ၅၀ နီးပါးဝန်းရံကြတာဟာလည်း ဝမ်းသာစရာသတင်းကောင်းပဲ ဖြစ်ပါတယ်။

REF:  ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *