ႏိုင္ငံျခားအေထာက္အပံ့ရယူသည္ဟု ေဒၚေအာင္ဆန္းစုၾကည္အေပၚ ဦးေဌးေအာင္ ကန႔္ကြက္၍ ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ စစ္ေဆးေန

ျပည္သူ႔လႊတ္ေတာ္ ေ႐ြး ေကာက္ပြဲဥပေဒအရ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းထားသူ သည္ ေ႐ြးေကာက္ တင္ေျမႇာက္ခံပိုင္ခြင့္မရွိေၾကာင္း (သို႔မဟုတ္) ေ႐ြးေကာက္ပြဲတင္ေျမႇာက္ခံပိုင္ ခြင့္အရည္အခ်င္းမ်ား ျပည့္စုံျခင္း မရွိေၾကာင္းကို မဲဆႏၵနယ္ တစ္ခုတည္းဝင္ေရာက္ယွဥ္ၿပိဳင္သည့္ကိုယ္စားလွယ္ေလာင္းတစ္ဦးဦး က လုံေလာက္ေသာအေထာက္အထားမ်ားတင္ျပကာ သတ္မွတ္ ထားသည့္အတိုင္း ကန႔္ကြက္ႏိုင္ သည္။

ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံျခားက အေထာက္ အပံ့ယူတဲ့ကိစၥတို႔၊ ႏိုင္ငံေတာ္ေငြ ေတြကို သူတို႔ပါတီကေပးတယ္ ဆိုၿပီးလုပ္တဲ့ကိစၥ၊ အဲ ဒါေတြအ ေပၚ ကန႔္ကြက္ တာပါ။ ေကာ္မ ရွင္က ကန႔္ကြက္လႊာကို လက္ခံ ထားလိုက္တယ္။ သူတို႔ စိစစ္မႈ တစ္ပတ္ၾကာမယ္’’ ဟု ဦးေဌး ေအာင္ကေျပာသည္။၎၏ ကန႔္ကြက္လႊာကို ခ႐ိုင္ေကာ္မရွင္အဖြဲ႕ခြဲက ပယ္ခ် ပါက တိုင္းေဒသႀကီးေကာ္မရွင္အဖြဲ႕ခြဲသို႔ ထပ္မံတင္သြင္း သြား မည္ဟု ဦးေဌးေအာင္က ဆိုသည္။

ထိုကန႔္ကြက္မႈကို ခ႐ိုင္ (သို႔ မဟုတ္) တိုင္းေဒသႀကီးေ႐ြး ေကာက္ပြဲေကာ္မရွင္ဖြဲ႕က စိစစ္ ကာ သတ္မွတ္ခ်က္မ်ားျဖင့္ညီ ၫြတ္ပါက လႊတ္ ေတာ္ကိုယ္စား လွယ္ေလာင္းအျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ရွိေၾကာင္း သတ္မွတ္ေၾကညာျခင္း၊ သတ္ မွတ္ခ်က္မ်ားျဖင့္ မညီ ၫြတ္ပါက လႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္းအျဖစ္ ေ႐ြးေကာက္တင္ ေျမႇာက္ခံပိုင္ခြင့္ မရွိသူအျဖစ္ သတ္မွတ္ေၾကညာျခင္းတို႔ျပဳလုပ္ ႏိုင္သည္။ျပည္သူ႔လႊတ္ေတာ္ ေ႐ြး ေကာက္ပြဲဥပေဒတြင္ ေ႐ြး ေကာက္ပြဲ၌ ေ႐ြးေကာက္ ခံပိုင္ခြင့္မရွိသည့္ တား ျမစ္ခ်က္ ၁၄ ခ်က္ကို။

ပုဒ္မ ၁၀ ျဖင့္ ကန႔္သတ္ထားၿပီး ယင္းတို႔ အနက္ ႏိုင္ငံျခားတိုင္းျပည္တစ္ခု ခု၏ အစိုးရ (သို႔မဟုတ္) ဘာသာ ေရးအဖြဲ႕အစည္း (သို႔မဟုတ္) အျခားအဖြဲ႕အစည္းတစ္ခုခု (သို႔ မဟုတ္) ပုဂၢိဳလ္တစ္ဦးဦးထံမွ အ ေထာက္အပံ့ရယူသူ (သို႔မဟုတ္) ယင္းသို႔ အေထာက္အပံ့ရယူ သုံးစြဲသည့္ အဖြဲ႕အစည္းဝင္ျဖစ္သူ ကန႔္ သတ္ခ်က္လည္းပါဝင္သည္။ေကာ့မႉးၿမိဳ႕နယ္မွဝင္ ေရာက္ယွဥ္ၿပိဳင္မည့္ NLDပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစု ၾကည္ကို ႏိုင္ငံ ျခားအဖြဲ႕အစည္းအကူအညီရယူ သည္ဆိုကာ ၿပိဳင္ဘက္ ဦးေဌးေအာင္က ကန႔္ကြက္လႊာ တင္သြင္းထား သည္။

ေဒၚေအာင္ဆန္းစုၾကည္ကို ကိုယ္စားလွယ္ေလာင္းအျဖစ္မွ ကန႔္ကြက္သည့္အဆိုပါျဖစ္စဥ္ကို ရန္ကုန္တိုင္း ေတာင္ပိုင္းခ႐ိုင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ က စိစစ္ေနေၾကာင္း ယင္းေကာ္မ ရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးသိန္းလႈိင္က အတည္ျပဳသည္။မေန႔က (ဩဂုတ္ ၁၂ ရက္)တင္တာ ပါ။ အၾကမ္းဖ်င္းကေတာ့ ႏိုင္ငံျခားရဲ႕အကူအညီရယူတယ္ ေပါ့။ အဓိကအခ်က္ကေတာ့ အဲဒါပါပဲ။ ကြၽန္ေတာ္တို႔ကေတာ့ ဥပေဒအရ ဆက္ လက္ေဆာင္ ႐ြက္ေနပါတယ္။ အေသးစိတ္က ေတာ့ ေျပာလို႔မရေသးပါဘူး။စိစစ္ေနဆဲပါ’’ ဟု ၎က ရွင္းျပ သည္။

ႏိုင္ငံျခားအဖြဲ႕အစည္း OIC (အျပည္ျပည္ဆိုင္ရာအစၥလာမ္ မစ္ပူးေပါင္းေဆာင္႐ြက္ေရးအ ဖြဲ႕) ၏ ေထာက္ပံ့မႈရယူထား သည္ဆိုေသာ စြပ္စြဲ ျခင္းသည္လုံးဝမွန္ကန္ျခင္းမရွိေၾကာင္းႏွင့္ အေထာက္အထားမ်ားျဖင့္ ျပန္ လည္ေခ်ပသြားမည္ဟု အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္ တာမ်ိဳးၫြန႔္က ေျပာသည္။ကြၽန္ေတာ္တို႔က အၿမဲ တမ္း ဥပေဒနဲ႔အညီ ေနထိုင္တဲ့အ တြက္ ကြၽန္ေတာ္တို႔ပါ တီဟာ ဘယ္လိုစြပ္စြဲခ်က္ကိုမွ် စိုး႐ြံ႕မႈမရွိ ပါဘူး။ လုပ္သင့္လုပ္ထိုက္တာ လုပ္သြားမွာပါ။ လုံးဝမွန္ကန္ ျခင္းမရွိဘူးလို႔ ေျပာပါတယ္။

REF: 7DAY DAILY

UNICODE

ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူ သည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိကြောင်း (သို့မဟုတ်) ရွေးကောက်ပွဲတင်မြှောက်ခံပိုင် ခွင့်အရည်အချင်းများ ပြည့်စုံခြင်း မရှိကြောင်းကို မဲဆန္ဒနယ် တစ်ခုတည်းဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ်လောင်းတစ်ဦးဦး က လုံလောက်သောအထောက်အထားများတင်ပြကာ သတ်မှတ် ထားသည့်အတိုင်း ကန့်ကွက်နိုင် သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားက အထောက် အပံ့ယူတဲ့ကိစ္စတို့၊ နိုင်ငံတော်ငွေ တွေကို သူတို့ပါတီကပေးတယ် ဆိုပြီးလုပ်တဲ့ကိစ္စ၊ အဲ ဒါတွေအ ပေါ် ကန့်ကွက် တာပါ။ ကော်မ ရှင်က ကန့်ကွက်လွှာကို လက်ခံ ထားလိုက်တယ်။ သူတို့ စိစစ်မှု တစ်ပတ်ကြာမယ်’’ ဟု ဦးဌေး အောင်ကပြောသည်။၎င်း၏ ကန့်ကွက်လွှာကို ခရိုင်ကော်မရှင်အဖွဲ့ခွဲက ပယ်ချ ပါက တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲသို့ ထပ်မံတင်သွင်း သွား မည်ဟု ဦးဌေးအောင်က ဆိုသည်။

ထိုကန့်ကွက်မှုကို ခရိုင် (သို့ မဟုတ်) တိုင်းဒေသကြီးရွေး ကောက်ပွဲကော်မရှင်ဖွဲ့က စိစစ် ကာ သတ်မှတ်ချက်များဖြင့်ညီ ညွတ်ပါက လွှတ် တော်ကိုယ်စား လှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိကြောင်း သတ်မှတ်ကြေညာခြင်း၊ သတ် မှတ်ချက်များဖြင့် မညီ ညွတ်ပါက လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် မရှိသူအဖြစ် သတ်မှတ်ကြေညာခြင်းတို့ပြုလုပ် နိုင်သည်။ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲဥပဒေတွင် ရွေး ကောက်ပွဲ၌ ရွေးကောက် ခံပိုင်ခွင့်မရှိသည့် တား မြစ်ချက် ၁၄ ချက်ကို။

ပုဒ်မ ၁၀ ဖြင့် ကန့်သတ်ထားပြီး ယင်းတို့ အနက် နိုင်ငံခြားတိုင်းပြည်တစ်ခု ခု၏ အစိုးရ (သို့မဟုတ်) ဘာသာ ရေးအဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းတစ်ခုခု (သို့ မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးထံမှ အ ထောက်အပံ့ရယူသူ (သို့မဟုတ်) ယင်းသို့ အထောက်အပံ့ရယူ သုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ ကန့် သတ်ချက်လည်းပါဝင်သည်။ကော့မှူးမြို့နယ်မှဝင် ရောက်ယှဉ်ပြိုင်မည့် NLDပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ကို နိုင်ငံ ခြားအဖွဲ့အစည်းအကူအညီရယူ သည်ဆိုကာ ပြိုင်ဘက် ဦးဌေးအောင်က ကန့်ကွက်လွှာ တင်သွင်းထား သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ကန့်ကွက်သည့်အဆိုပါဖြစ်စဉ်ကို ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ က စိစစ်နေကြောင်း ယင်းကော်မ ရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က အတည်ပြုသည်။မနေ့က (ဩဂုတ် ၁၂ ရက်)တင်တာ ပါ။ အကြမ်းဖျင်းကတော့ နိုင်ငံခြားရဲ့အကူအညီရယူတယ် ပေါ့။ အဓိကအချက်ကတော့ အဲဒါပါပဲ။ ကျွန်တော်တို့ကတော့ ဥပဒေအရ ဆက် လက်ဆောင် ရွက်နေပါတယ်။ အသေးစိတ်က တော့ ပြောလို့မရသေးပါဘူး။စိစစ်နေဆဲပါ’’ ဟု ၎င်းက ရှင်းပြ သည်။

နိုင်ငံခြားအဖွဲ့အစည်း OIC (အပြည်ပြည်ဆိုင်ရာအစ္စလာမ် မစ်ပူးပေါင်းဆောင်ရွက်ရေးအ ဖွဲ့) ၏ ထောက်ပံ့မှုရယူထား သည်ဆိုသော စွပ်စွဲ ခြင်းသည်လုံးဝမှန်ကန်ခြင်းမရှိကြောင်းနှင့် အထောက်အထားများဖြင့် ပြန် လည်ချေပသွားမည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက် တာမျိုးညွန့်က ပြောသည်။ကျွန်တော်တို့က အမြဲ တမ်း ဥပဒေနဲ့အညီ နေထိုင်တဲ့အ တွက် ကျွန်တော်တို့ပါ တီဟာ ဘယ်လိုစွပ်စွဲချက်ကိုမျှ စိုးရွံ့မှုမရှိ ပါဘူး။ လုပ်သင့်လုပ်ထိုက်တာ လုပ်သွားမှာပါ။ လုံးဝမှန်ကန် ခြင်းမရှိဘူးလို့ ပြောပါတယ်။

REF:  7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *