ကမာၻႀကီးအတြက္ ကာကြယ္ေဆး ေပၚလာခဲ့ ရင္ေတာင္ ကိုဗစ္က ၿပီးဆုံးသြား မွာ မဟုတ္ဘူးလို႔ ပညာရွင္မ်ား ေျပာၿပီ

ဩဂုတ္လ ၅ ရက္ေန႔ကလည္း အသက္ ၄၀ ေက်ာ္အမ်ိဳးသမီး တစ္ေယာက္ မ်က္ႏွာဖုံးမတပ္လို႔ အျခားခရီးသည္က မ်က္ႏွာဖုံး (mask) တပ္ဖို႔ ေတာင္းဆိုလို႔ရန္ျဖစ္ၾကတာ မ်က္ႏွာဖုံး မတပ္သူ အမ်ိဳးသမီး အခု ႐ုံးတင္စစ္ေဆးခံေနရၿပီ။ေအာက္တိုဘာလ အစပိုင္း ကစၿပီး ေတာင္ကိုရီးယား အမ်ားျပည္သူ သုံးသယ္ယူပို႔ေဆာင္ ေရးယာဥ္ေတြမွာ မ်က္ႏွာဖုံး (mask) မဝတ္ရင္ ဒဏ္ေငြဝန္ေဆာင္မႈ တစ္သိန္းနဲ႔ အထက္တဲ့။ ေတာင္ကိုရီးယားကေမာင္ႏွမေတြ မ်က္ႏွာဖုံး (mask) အပိုေဆာင္ၿပီး ခရီးသြားၾကပါ။

အခု ဆိုးလ္ၿမိဳ႕မွာဆို မ်က္ႏွာဖုံး မပါတဲ့ သူေတြ ဘတ္စ္ကား၊ ရထားမစီးရ။ အႏွင္ထုတ္ခံရတယ္..။ဒီေန႔သတင္းထဲမွာပါတာက မ်က္ႏွာဖုံး (mask) မပါတဲ့ အမ်ိဳးသား တစ္ေယာက္ ဖုန္းေျပာရင္း ဘတ္စ္ကားေပၚတက္ စီးတယ္။ ဘတ္စ္ ကားေမာင္းသူက ဘတ္စ္ကားေပၚက ဆင္းဖို႔ေျပာေတာ့ စကားမ်ားတယ္။ ဘတ္စ္ကားသမားက ရဲတိုင္ေတာ့ ရဲေတြက ေရွ႕မွတ္တိုင္က လာေစာင့္ေနတာ။ ရဲေတြက မ်က္ႏွာဖုံး (mask) မတပ္သူကို ျပစ္မႈ က်ဴးလြန္သူအျဖစ္ ဘတ္စ္ကားေပၚတက္ၿပီး ဖမ္းဆီးလိုက္တယ္။

ကို႐ိုနာဗိုင္းရပ္စ္ COVID-19ကပ္ေရာဂါ ၿပီးဆုံး သြားမွာ မဟုတ္ပါ။ ပညာရွင္ေတြရဲ႕ ခန႔္မွန္းခ်က္ အရ ၂၀၂၁ ခုႏွစ္၊ ဇြန္လအထိ ကမာၻႀကီး မွာ ကပ္ေရာဂါဆက္လက္ျဖစ္ပြားေနဦးမယ္။ ဗိုင္းရပ္စ္ပိုးဟာ ေနာက္ပိုင္း ေႏွးေႏွး ေကြးေကြးပ်ံ႕ႏွံ႔မယ္။ ေရာဂါကူးစက္မႈ မ်ားတဲ့ေနရာပဲ ကြက္ၿပီး ေလာ့ေဒါင္းလုပ္လိုက္၊ ျပန္ဖြင့္လိုက္ ..ဒါဟာ ပုံမွန္ျဖစ္စဥ္တစ္ခုလို လူေတြအတြက္ အထူးအဆန္းမဟုတ္ေတာ့။ ၿပီးေတာ့ အျခား ေရာဂါေတြလို ကိုဗစ္ေရာဂါဟာ ျပတ္ေတာင္း ျပတ္ေတာင္း ကူးစက္လာၿပီး ဒါဟာရာသီတုပ္ေကြးလို ပုံမွန္တစ္ခုျဖစ္လာမယ္။

ကနဦး ထြက္လာတဲ့ကာကြယ္ေဆးက ေျခာက္လအကာအကြယ္ေပးလိမ့္မယ္။ ဒါေၾကာင့္ ေျခာက္လတစ္ႀကိမ္ ထိုးရမယ္။ ခန႔္မွန္းေျခ အား ျဖင့္ လူေပါင္းသန္း ၂၅၀ ေလာက္ ကမာၻတစ္ဝန္းတြင္ ကူးစက္ခံရၿပီး ၁.၇၅ သန္း ေသဆုံးမယ္။ ရာသီဥတု ေအးလာတိုင္း ေရာဂါအကူးအ စက္ မ်ားလာႏိုင္တယ္။ ဒါေၾကာင့္ မ်က္ႏွာဖုံး ( mask ) တပ္တာလည္း ေန႔စဥ္ အက်ႌဝတ္သလို ျဖစ္သြားမယ္တဲ့..။

source : ေမ႐ႊမိုး (ကိုရီးယား)

UNICODE

ဩဂုတ်လ ၅ ရက်နေ့ကလည်း အသက် ၄၀ ကျော်အမျိုးသမီး တစ်ယောက် မျက်နှာဖုံးမတပ်လို့ အခြားခရီးသည်က မျက်နှာဖုံး (mask) တပ်ဖို့ တောင်းဆိုလို့ရန်ဖြစ်ကြတာ မျက်နှာဖုံး မတပ်သူ အမျိုးသမီး အခု ရုံးတင်စစ်ဆေးခံနေရပြီ။အောက်တိုဘာလ အစပိုင်း ကစပြီး တောင်ကိုရီးယား အများပြည်သူ သုံးသယ်ယူပို့ဆောင် ရေးယာဉ်တွေမှာ မျက်နှာဖုံး (mask) မဝတ်ရင် ဒဏ်ငွေဝန်ဆောင်မှု တစ်သိန်းနဲ့ အထက်တဲ့။ တောင်ကိုရီးယားကမောင်နှမတွေ မျက်နှာဖုံး (mask) အပိုဆောင်ပြီး ခရီးသွားကြပါ။

အခု ဆိုးလ်မြို့မှာဆို မျက်နှာဖုံး မပါတဲ့ သူတွေ ဘတ်စ်ကား၊ ရထားမစီးရ။ အနှင်ထုတ်ခံရတယ်..။ဒီနေ့သတင်းထဲမှာပါတာက မျက်နှာဖုံး (mask) မပါတဲ့ အမျိုးသား တစ်ယောက် ဖုန်းပြောရင်း ဘတ်စ်ကားပေါ်တက် စီးတယ်။ ဘတ်စ် ကားမောင်းသူက ဘတ်စ်ကားပေါ်က ဆင်းဖို့ပြောတော့ စကားများတယ်။ ဘတ်စ်ကားသမားက ရဲတိုင်တော့ ရဲတွေက ရှေ့မှတ်တိုင်က လာစောင့်နေတာ။ ရဲတွေက မျက်နှာဖုံး (mask) မတပ်သူကို ပြစ်မှု ကျူးလွန်သူအဖြစ် ဘတ်စ်ကားပေါ်တက်ပြီး ဖမ်းဆီးလိုက်တယ်။

ကိုရိုနာဗိုင်းရပ်စ် COVID-19ကပ်ရောဂါ ပြီးဆုံး သွားမှာ မဟုတ်ပါ။ ပညာရှင်တွေရဲ့ ခန့်မှန်းချက် အရ ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ ကမ္ဘာကြီး မှာ ကပ်ရောဂါဆက်လက်ဖြစ်ပွားနေဦးမယ်။ ဗိုင်းရပ်စ်ပိုးဟာ နောက်ပိုင်း နှေးနှေး ကွေးကွေးပျံ့နှံ့မယ်။ ရောဂါကူးစက်မှု များတဲ့နေရာပဲ ကွက်ပြီး လော့ဒေါင်းလုပ်လိုက်၊ ပြန်ဖွင့်လိုက် ..ဒါဟာ ပုံမှန်ဖြစ်စဉ်တစ်ခုလို လူတွေအတွက် အထူးအဆန်းမဟုတ်တော့။ ပြီးတော့ အခြား ရောဂါတွေလို ကိုဗစ်ရောဂါဟာ ပြတ်တောင်း ပြတ်တောင်း ကူးစက်လာပြီး ဒါဟာရာသီတုပ်ကွေးလို ပုံမှန်တစ်ခုဖြစ်လာမယ်။

ကနဦး ထွက်လာတဲ့ကာကွယ်ဆေးက ခြောက်လအကာအကွယ်ပေးလိမ့်မယ်။ ဒါကြောင့် ခြောက်လတစ်ကြိမ် ထိုးရမယ်။ ခန့်မှန်းခြေ အား ဖြင့် လူပေါင်းသန်း ၂၅၀ လောက် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရပြီး ၁.၇၅ သန်း သေဆုံးမယ်။ ရာသီဥတု အေးလာတိုင်း ရောဂါအကူးအ စက် များလာနိုင်တယ်။ ဒါကြောင့် မျက်နှာဖုံး ( mask ) တပ်တာလည်း နေ့စဉ် အင်္ကျီဝတ်သလို ဖြစ်သွားမယ်တဲ့..။

source : မေ႐ႊမိုး (ကိုရီးယား)

Add a Comment

Your email address will not be published. Required fields are marked *