စည်းလုံးညီညွှတ်စေချင်တဲ့ ယုန်လေးကိုလေးစား၊ကျေးဇူးတင်ကြောင်း ဒေါက်တာသက်သက်ခိုင် ပြောပြီ





UNICODE

ပြည်သူ့ရှေ့ဆောင်ပါတီ အနေဖြင့် လာမည့်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းပေါင်း ၂၃၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ် ပါတယ်။သြဂုတ်လ ၁၅ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သော ပြည်သူ့ရှေ့ဆောင်ပါတီ၏ တတိယ အကြိမ်မြောက် သ တင်း စာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်ကို ဒေါက်တာ ဒေါ်သက်သက်ခိုင်အနေဖြင့် အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

အဆိုတော် ယုန်လေးကိုလေးစား၊ကျေးဇူးတင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင် ပြောဆိုပါတယ်။ ပြည်သူလူ ထုကြားထဲမှာအနီနဲ့အစိမ်းကွဲနေတဲ့ကိစ္စကို မြင်တဲ့အခါကြတော့ လူငယ်တစ်ယောက်ကနေ သူတို့ရဲ့ အနာဂတ်တိုင်းပြည်မှာစည်းလုံးညီ ညွှတ် တဲ့တိုင်းပြည်ဖြစ်ချင်တယ်ပေါ့နော်။ဖြစ်ချင်တဲ့အတွက်ကြောင့်မို့ ဒီလိုဗီဒီယိုနဲ့သီချင်းကိုဖန်တီးတာပေါ့နော်။ဒါလေးကို ကျွန်မယုန် လေးကိုကျေးဇူးလည်းတင်တယ်။ လေးလည်းလေးစားတယ်”လို့ ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။

ယုန်လေးကို သူမအနေဖြင့် ယုန်လေးစိတ်ဆိုးဆိုးဖြင့် Live လွှင့်မှသာ မြင်ဖူးကြောင်း ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။ အဆိုတော် ယုန် လေးသည် ပြီးခဲ့သည့် ရက်ပိုင်းက “ငါတို့အားလုံးရဲမြေ”MV ကို FB စာမျက်နှာမှတစ်ဆင့် ထုတ်လွှင့်ခဲ့ရာ လက်ခံသူ၊လက်မခံသူများနှင့် ပွဲဆူခဲ့ပါတယ်။

CRD:  THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *