ထိုင်းဘုရင်က ဝင်းနှင့်ဇော်ကို တစ်သက်တစ်ကျွန်းသို့လျှော့ပေါ့ပေးလိုက်ကြောင်း ကြေငြာချက်ထုတ်
REF: 7DAY DAILY
UNICODE
ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်ရှိ လိပ်ကျွန်းပေါ်၌ ဗြိတိန်ခရီးသွားများဖြစ် သော ဒေးဗစ်မေလာ (၂၄)နှစ်နှင့် ဟန်နာဝစ်ချ်သာရစ်(၂၃)နှစ်တို့ ကို ၂၀၁၄ စက်တင် ဘာ ၁၅ ရက်တွင် အသတ်ခံရ သည့်အမှုဖြင့် မြန်မာလုပ်သားနှစ် ဦးကို ဖမ်းဆီး၍ သေဒဏ်အပြစ် ထားခြင်းဖြစ်သည်။ မြန် မာလုပ်သားနှစ်ဦး၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ် သော ထိုင်းဘုရင်မင်းမြတ်ထံ အ သနားခံစာတင်သွင်းမှုကို ၂၀၁၉ အောက်တိုဘာ ၂၃ ရက်က မြန် မာလုပ်သားနှစ်ဦး၏ မိခင်နှစ်ဦး နှင့်အတူ မြန်မာသံရုံးမှ တာဝန် ရှိသူများနှင့် ထိုင်းနိုင်ငံရှေ့ နေများကောင်စီမှ ရှေ့နေများက မြန်မာလုပ်သားနှစ်ဦး အကျဉ်း ကျနေသော ဘန်ခွမ်ဗဟိုအကျဉ်း ထောင်ရှိ ထောင်မှူးထံသို့ အသ နားခံစာ ပေးပို့ခြင်း ဖြစ်သည်။
သေဒဏ်အပြစ်ပေးခံထားရသော မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ထိုင်းဘုရင်မင်းမြတ်၏ အသနားပေး မှု ဖြင့် သေဒဏ်မှ ပယ်ဖျက်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။သေဒဏ် မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲသတ်မှတ်ကြောင်းကို ထိုင်းနိုင်ငံဘုရင့်နန်းတော်က သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။သေဒဏ်ကနေပြီးတော့ တ ဖြည်းဖြည်းနဲ့ လွတ်ဖို့ရာနီးလာပြီ ပေါ့နော်။ ဒါက ပုံမှန်လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး။ ထိုင်းဘုရင် မင်းမြတ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ။ ထိုင်းဘုရင့်နန်းတော်က ပေးတာ။ ဘုရင်အသစ်ရဲ့ မွေးနေ့နဲ့လည်းဆိုင်တယ်’’ဟု ဆိုသည်။
မြန်မာလုပ်သား နှစ်ဦးအရေး ကူညီပေးနေသော ထိုင်းနိုင်ငံတောင်ပိုင်းအခြေ စိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေး ရှင်း(FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။မြန်မာလုပ်သားနှစ်ဦးလွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေ သူ ကိုမင်းဦးက ‘‘ဘုရင် ကြီးရဲ့ မွေး နေ့အထိမ်းအမှတ်လည်းပါတာပေါ့။ သေဒဏ်သမားတွေကို လျှော့ချလိုက်တဲ့သဘောပေါ့။ သူက ဝင်းနဲ့ဇော် ပဲလျှော့ပေါ့ပေးတာ တော့ မ ဟုတ်ဘူး။ အကျဉ်းထောင်အသီးသီးမှာ ကျနေတဲ့သူအကုန်ပါတာပေါ့’’ဟု ပြောသည်။ထိုင်းနိုင်ငံတစ်ဝန်း အကျဉ်း သားများအား ပြစ်ဒဏ် ကင်းလွတ် ခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့သည့် ဘုရင့်အမိန့်တစ်ရပ်ကို ထိုင်းအစိုးရသတင်းဌာနက ဩဂုတ် ၁၄ရက်တွင် ဖော်ပြ ထားသည်။
ယင်းအမိန့်ကြေညာချက် အရ ပြစ်ဒဏ်မပြင်းထန်သော (သို့မဟုတ်) မသန်မစွမ်းဖြစ်နေ သော အကျဉ်းသားများ ပြစ်ဒဏ် ကင်းလွတ်ခွင့် အတွက် လျှောက် ထားနိုင်မည်ဖြစ်ကာ သေဒဏ်ချ မှတ်ခံထားရသည့် အကျဉ်းသား များအနေဖြင့် တစ်သက်တစ် ကျွန်းထောင်ဒဏ်သို့ ပြောင်းလဲ ကျခံရန် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။ဝင်းနှင့်ဇော်တို့အရေး အဓိ ကကူညီပေးနေသော အလုပ်သ မားအ ခွင့်အရေးတက်ကြွလှုပ် ရှားသူ အန်ဒီဟောလ်ကလည်း ယင်းကဲ့သို့ ပြစ်ဒဏ်လျှော့ချခွင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အသိထားသည်။
REF:  7DAY  DAILY
Add a Comment
Your email address will not be published. Required fields are marked *