ထူးအိမ္သင္ကြယ္လြ န္ျခင္း (၁၆)ႏွစ္ျပည့္ မွာ ဖခင္အုတ္ဂူေလး ဆီသြားၿပီး ဂါရဝျပဳကန္ေတာ့ခဲ့တဲ့ သမီးေလး မိကြန္ေထာ
|မိကြန္ေထာကေတာ့ အႏုပညာအလုပ္ေတြမလုပ္ကိုင္ေပမယ့္ ထူးအိမ္သင္ရဲ႕ “တုႏႈိင္းမဲ့ရတနာ” သီခ်င္းမွာ ပါဝင္ခဲ့စဥ္အ႐ြယ္ကတည္းက ပ ရိသတ္ေတြ ခ်စ္ခဲ့ရသူေလးျဖစ္ၿပီး ဒီေန႔ဒီအခ်ိန္ထိ သတိတရ ခ်စ္ေနရဆဲ ျဖစ္ပါတယ္။ အဆိုေတာ္ႀကီး ထူးအိမ္သင္လည္း ေကာင္းရာဘုံဘ ဝကေန သမီးေလးအတြက္ သာဓုေခၚဆိုႏိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
ပရိသတ္ေတြ ရဲ႕ခံစားခ်က္ နဲ႔ တစ္ထပ္တည္းက်ေအာင္ ကိုယ္ပိုင္သံစဥ္သီခ်င္းေတြကို ေရးစပ္သီကုံးခဲ့တဲ့ ေတးေရး ေတးဆို ထူးအိမ္သင္က ေတာ့ လူ႔ေလာကႀကီးထဲမွာမရွိေတာ့ေပမယ့္ သူ႔ရဲ႕ နာမည္တစ္လုံးကေတာ့ ဒီေန႔ဒီအခ်ိန္ထိ ပရိသတ္ေတြၾကားမွာ က်န္ရစ္ေနဆဲ ျဖစ္ပါ တယ္။ ထူးအိမ္သင္ကေတာ့ ကြယ္လြန္သြားတဲ့အခ်ိန္မွာ သမီးေလး မိကြန္ေထာတစ္ေယာက္က်န္ခဲ့ၿပီး မိကြန္ေထာကေတာ့ အခုဆိုရင္ အ သက္ (၂၃) ႏွစ္ေက်ာ္ အ႐ြယ္ေတာင္ျဖစ္ၿပီး ဖခင္ျဖစ္သူရဲ႕ အႏုပညာအေမြေတြကို ဆက္လက္ထိန္းသိမ္းထားေနဆဲ ျဖစ္ပါတယ္။
ဒီကေန႔ ၾသဂုတ္လ (၁၄) ရက္ေန႔ေက တာ့ ထူးအိမ္သင္ ကြယ္လြန္ျခင္း (၁၆) ႏွစ္တိတိ ျပည့္တဲ့ ေန႔ေလးပဲ ျဖစ္ပါတယ္။ ထူးအိမ္သင္ရဲ႕ သ မီးေလး မိကြန္ေထာကေတာ့ ဖခင္ကြယ္လြန္ျခင္း (၁၆) ႏွစ္ျပည့္မွာ ဖခင္ရဲ႕ အုတ္ဂူေလးဆီသြားၿပီး သတိရျခင္းေတြမ်ားစြာနဲ႔ ဂါရဝျပဳခဲ့ရင္း ဖခင္အတြက္ ရည္စူးၿပီး အလႉအတန္းေတြ ျပဳလုပ္ေပးေနတာကို ေတြ႕ရပါတယ္။ ငယ္စဥ္ကတည္းက ဖခင္ကို ဆုံးရႈံးခဲ့ရတဲ့ မိကြန္ေထာ ကေတာ့ ႏွစ္စဥ္ ၾသဂုတ္လ (၁၄) ရက္ေန႔ေရာက္တိုင္း သတိရျခင္းေတြမ်ားစြာနဲ႔ ဖခင္ကို တမ္းတေနရဆဲ ျဖစ္ပါတယ္။
Source: Mikon Htaw’s fb , Cele Connections
UNICODE
မိကွန်ထောကတော့ အနုပညာအလုပ်တွေမလုပ်ကိုင်ပေမယ့် ထူးအိမ်သင်ရဲ့ “တုနှိုင်းမဲ့ရတနာ” သီချင်းမှာ ပါဝင်ခဲ့စဉ်အရွယ်ကတည်းက ပ ရိသတ်တွေ ချစ်ခဲ့ရသူလေးဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ သတိတရ ချစ်နေရဆဲ ဖြစ်ပါတယ်။ အဆိုတော်ကြီး ထူးအိမ်သင်လည်း ကောင်းရာဘုံဘ ဝကနေ သမီးလေးအတွက် သာဓုခေါ်ဆိုနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင် ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ပရိသတ်တွေ ရဲ့ခံစားချက် နဲ့ တစ်ထပ်တည်းကျအောင် ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ရေးစပ်သီကုံးခဲ့တဲ့ တေးရေး တေးဆို ထူးအိမ်သင်က တော့ လူ့လောကကြီးထဲမှာမရှိတော့ပေမယ့် သူ့ရဲ့ နာမည်တစ်လုံးကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကြားမှာ ကျန်ရစ်နေဆဲ ဖြစ်ပါ တယ်။ ထူးအိမ်သင်ကတော့ ကွယ်လွန်သွားတဲ့အချိန်မှာ သမီးလေး မိကွန်ထောတစ်ယောက်ကျန်ခဲ့ပြီး မိကွန်ထောကတော့ အခုဆိုရင် အ သက် (၂၃) နှစ်ကျော် အရွယ်တောင်ဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်လက်ထိန်းသိမ်းထားနေဆဲ ဖြစ်ပါတယ်။
ဒီကနေ့ သြဂုတ်လ (၁၄) ရက်နေ့ကေ တာ့ ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၆) နှစ်တိတိ ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့ သ မီးလေး မိကွန်ထောကတော့ ဖခင်ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့်မှာ ဖခင်ရဲ့ အုတ်ဂူလေးဆီသွားပြီး သတိရခြင်းတွေများစွာနဲ့ ဂါရဝပြုခဲ့ရင်း ဖခင်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။ ငယ်စဉ်ကတည်းက ဖခင်ကို ဆုံးရှုံးခဲ့ရတဲ့ မိကွန်ထော ကတော့ နှစ်စဉ် သြဂုတ်လ (၁၄) ရက်နေ့ရောက်တိုင်း သတိရခြင်းတွေများစွာနဲ့ ဖခင်ကို တမ်းတနေရဆဲ ဖြစ်ပါတယ်။
Source: Mikon Htaw’s fb , Cele Connections