ရင်ခုန်ချင်စရာ ကောင်းလောက်အောင် ကို လှလွန်းနေ တဲ့ အိချောပိုရဲ့ ပုံရိပ်များ
UNICODE
မင်းသမီးလေး အိချောပိုက ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ အိမ်မှာနေရင်း အရောင်တောက်ပြီး လှပတဲ့ ဂါဝန်အတိုလေး ကို ဝတ်ဆင်ကာ စမတ်ကျကျ ထိုင်ပြီး ပိုစ့်ပေးဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးခဲ့တာပဲဖြစ်ပါတယ်။ အိချောပိုရဲ့ ပုံလေးတွေတိုင်း က ဆွဲဆောင်မှုရှိရှိ လှနေတဲ့ အပြင် ကိုယ်ခန္ဓာ ကောက်ကြောင်း အလှတွေလည်း ပေါ်လွင်နေတာ ဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင် ရန်အတွက် ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်နော်…။
ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး ချောလေး အိချောပိုကတော့ အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေတဲ့ သူတစ် ယောက် ဖြစ်ပြီး အောင်မြင်မှုများစွာကိုလည်း ရရှိထားတဲ့ သူလေးပါ။ သူမက အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေမှာ စတင် သရုပ်ဆောင်ရင်း ပရိသတ် အားပေးမှုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်း ရဲ့ အနှစ်သာ ရပုံဖော်ပေးတတ်တဲ့ သူဖြစ်လို့ သူမ ပါဝင်ထားတဲ့ ဇာတ်ကားတွေ ကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါ။
ဒါ့အပြင် မင်းသမီးချောလေး အိချောပိုက ဝါရင့် သရုပ်ဆောင်ကြီးတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း တွဲဖက်ရိုက်ကူးနေတာ ကိုလည်း တွေ့ရပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ အိချောပိုက ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ ကြော်ငြာလေးတွေနဲ့ photo shootingတွေကိုလည်း လက်ခံရိုက်ကူးပေးနေတာပဲဖြစ် ပါတယ်။ အိချောပိုက သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း အလှပုံ ရိပ်လေးတွေကို ရိုက်ကူးကာ လူမှု ကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာပါ။
Photo credit – Ei Chaw Po’s Facebook Account
Source – Ei Chaw Po’s Facebook Account