အမြန် လမ်းမှာ ယာဉ်မောင်းများ အထူး သတိထား ရမယ့် နေရာ (၁၆) ခု ကို ထုတ်ပြန်ကြေငြာ




REF:  SHWE  WIKI

UNICODE

အမြန်လမ်း မကြီးတစ်လျှောက်အသုံးပြုသွားလာလျက် ရှိသည့်ခရီးသွားပြည်သူများအနေဖြင့်မိုးအခါ ရေဝပ်ခြင်း၊ လမ်းချော်ခြင်းမြင်ကွင်း မရှင်းခြင်းစသည် တို့ကြောင့်လမ်းခရီး တစ်လျှောက် အန္တရာယ် ကင်းရှင်းစွာဖြင့် လိုရာခရီးသို့ အချိန်မီ ရောက်ရှိစေရေး အမျိုးသားယာဉ် အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ ကျွမ်းကျင်သူ ပညာရှင်များ၏တိုင်းတာတွက်ချက် သတ်မှတ်ထားသော အမြန်နှုန်းအ တွင်းမှသာမောင်းနှင်ကြပါရန် သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

အမြန် လမ်းမကြီး တစ်လျှောက် ရဲစခန်းအပိုင်နယ်မြေအလိုက် ယာဉ်တော်တဆမှုအများဆုံးဖြစ်ပွားတတ်သည့် တည်နေရာမိုင်တိုင်များ အားသိရှိဂရုပြုမောင်းနှင်နိုင် သတိပေးထားပါတယ်။အမြန်လမ်း တစ်လျှောက် ယာဉ်မတော်တဆမှု အများဆုံးဖြစ်သည့် နေရာ ၁၆ နေရာ ရှိပြီး ယင်းနေရာ များ အရောက်တွင် သတိထား မောင်းနှင်းရန် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။

ယာဉ်မတော် တဆမှု အများဆုံးဖြစ်သည့် နေရာများမှာ အမှတ် ၃ လမ်းဆုံ၊ ဘောနတ်ကြီး ၊ ဘောနီ၊ အုတ်ရှစ်ကုန်း၊ မြို့ချောင်း၊ ဖြူး၊ ဗောဓိ ကုန်း၊ ဇီးပင်သာ ၊ သာဂရ ၊ ပလွေး၊ ပန်းတင် ၊ ဘုရားတောင်၊ ပေပင်လေး၊ သီးကုန်း၊ ပြင်စည် နှင့် စကားအင်း အနီး မိုင်တိုင် အချို့နေရာများ သည် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွား လေ့ရှိသည့် နေရာများဖြစ်ခြင်းကြောင့် သတိပြု မောင်းနှင်ကြရန် သတိချက် ထုတ်ပြန်ထား တာဖြစ်ကြောင်း သိရပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *