အွန်လိုင်းရှော့ပင်း အားလုံး ဒီဇင်ဘာ မှစ တင်ကာ မဖြစ်မနေ မှတ်ပုံတင် ရမည်ဟု ပြောပြီ
REF: မြန်မာတိုင်းမ်
UNICODE
စားသုံးသူတွေကိုကာကွယ်တာဖြစ်သလို ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အွန်လိုင်းရှော့ပင်းတွေ ဘယ်လောက်ရှိနေပြီလဲ ဆိုတာကို ပထမဆုံး အကြိမ်စာရင်းကောက်ယူတဲ့သဘောလည်းပါပါတယ်။အခုလောလောဆယ်သတ်မှတ်ထားတာက ကုမ္ပဏီလိုင်စင် လျှောက်ပြီးသား ဖြစ်ရ မယ်။ ကုမ္ပဏီလိုင်စင် လျှောက်ပြီးသားဆိုရင် အခွန်ထမ်းပြေစာပါလာမယ်။ တရားဝင်လမ်းကြောင်းအနေနဲ့ နိုင်ငံတော်အနေနဲ့လည်း အခွန် အခမဆုံးရှုံးတော့ဘူး။ အွန်လိုင်းရှော့ပင်းလုပ်နေတဲ့ကုမ္ပဏီတွေလည်း တစ်စုတစ်စည်းတည်း စာရင်းလုပ်လို့ရတယ်။ အခုရေးဆွဲဆဲကာ လမှာ စီစဉ်နေတာက စစချင်း ၆ လမှာ စာရင်းသွင်းရင် အခမဲ့ပေးမယ် ။ အခုကတော့ ဝန်ကြီးဌာနကအမိန့်ကြော်ငြာစာပုံစံမျိုးနဲ့ထွက်မယ်။
အစိုးရရဲ့ခွင့်ပြုချက်နဲ့ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထွက်မယ်။ အဲဒီမှာသတ်မှတ်ချက်တွေထုတ်ပြန်မယ်” ဟု ဦးဇေယျာ ဆွေက ပြောသည်။အခုဒီဇင်ဘာကစပြီးတော့ ဆောင်ရွက်နိုင်အောင်လုပ်နေပြီ။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ နောက်ပိုင်းကာလတွေမှာ ကျွန်တော်တို့ဌာနတွေရဲ့ ဘယ်လောက်အထိစီမံခန့်ခွဲနိုင်ပြီလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ သွားနေတယ်။ သွားမယ့်လမ်းကြောင်းက တော့ နောက်ပိုင်းကျရင် အွန်လိုင်းရှော့ပင်း ဆောင်ရွက်တဲ့ ကုမ္ပဏီတွေ ၊ တစ်ဦးချင်းပုဂ္ဂိကကိုယ့်ဈေးဆိုင်နဲ့ကိုယ်ရောင်းချနေတဲ့သူတွေ အားလုံးက မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုတဲ့လမ်းကြောင်းကိုသွားမှာပါ။ လောလောဆယ်တော့ မဖြစ်မနေမဟုတ်သေးဘူး။
ဖွင့်ပေးထားမယ်။နောက်သွားမယ့်လမ်းကြောင်းက တော့ မဖြစ်မနေဆောင်ရွက်ရမယ်ဆိုတဲ့လမ်းကြောင်းကိုသွားမှာ။ အဲဒါမှတရားမဝင် ဆောင်ရွက်မှုတွေ လျော့နည်းသွားမယ်။နိုင်ငံ တော်အခွန်လည်းမဆုံးရှုံးတော့ဘူး။ စားသုံးသူအတွက်လည်း မနစ်နာတော့ဘူး” ဟု ဦးဇေ ယျာဆွေက ပြောသည်။ယင်းသို့မှတ်ပုံတင်ရာတွင် ကုမ္ပဏီများ၏ စီပွားရေးဆိုင်ရာအချက်အလက်များကိုမထိခိုက်စေဘဲ ကုမ္ပဏီများ၏ နာမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ မည်သည့်ပစ္စည်းများရောင်းဝယ်မည်၊ တစ်နေ့ရောင်းသည့်ပမာဏ၊ ဝယ်ယူနေမှုအခြေအနေများကို စာရင်းယူထားမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှိလာမည်ဆိုပါက ယင်းအချက်အလက်များအပေါ်မူတည်၍။
အွန်လိုင်းရှော့ပင်း ကဏ္ဍ ဖွံ့ဖြိုးအောင်ဆောင်ရွက်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။စားသုံး သူအခွင့်အရေးကာကွယ်ရန်နှင့် အွန်လိုင်းရှော့ပင်း(Online shopping) စနစ်ဖွံ့ဖြိုးလာစေရေးအတွက် အွန်လိုင်းရှော့ပင်းများအားလုံး ဒီဇင်ဘာမှစတင်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေး ရာဦးစီးဌာ နထံမှ သိရသည်။အခုအွန်လိုင်းမှာရောင်းနေတဲ့ အွန်လိုင်းရှော့ပင်းတွေကို စနစ်တကျစာရင်းလုပ်နိုင်အောင် စီးပွားကူးသန်းက နေပြီးတော့ ပလက်ဖောင်းတစ်ခုလုပ်ပေးထားမယ်။ အဲဒီမှာလာပြီးတော့ မှတ်ပုံတင်ရမယ်။
မှတ်ပုံတင်ပြီးရင် ကျွန်တော်တို့ဆီမှာ စရင်းပေးသွင်းပြီးဖြစ်ကြောင်း အသိအမှတ်ပြုအမှတ်အသားလေး တစ်ခုပေးလိုက်မယ်။ အဲဒီအမှတ် အသားနဲ့ဆိုရင် လူတွေက ကြည့်လိုက်ရင် ယုံကြည်စိတ်ချမှုရနိုင်တယ်။ လောလောဆယ်အွန်လိုင်းရောင်းတဲ့သူအကုန်လုံးကို လုပ်ခိုင်း တာမဟုတ်ဘဲနဲ့ လက်ရှိ အွန်လိုင်းပလက်ဖောင်းပေါ်မှာ လုပ်နေတဲ့ ကုမ္ပဏီကြီးတွေကိုအရင်ဆုံး စာရင်းပေးသွင်းခိုင်းမယ်။ နောက်ပိုင်းမှာ ကုမ္ပဏီအကြီးတွေရော ၊ ကုမ္ပဏီအသေးတွေအပြင် တစ်ဦးချင်းရော အွန်လိုင်းက နေပုဂ္ဂလိကရောင်းချနေတာတွေလည်းပါမယ်။ လော လောဆယ်တော့ ကုမ္ပဏီတွေနဲ့ SME စာရင်းပါထားတဲ့လုပ်ငန်းတွေကို အရင်ဆုံးစာရင်းယူမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဆွေက မြန်မာတိုင်းမ်ကို ပြောသည်။
REF:   မြန်မာတိုင်းမ်
Add a Comment
Your email address will not be published. Required fields are marked *