ေက်ာင္းဖြင့္ခ်ိန္ေနာက္က်၍ စာေမးပြဲ စစ္ေဆးျခင္းရာတြင္ သင္ၾကားသ‌ေလာက္သာ စစ္ေဆးမည္

လက္ရွိတြင္ အေျခခံပညာအထက္တန္းအဆင့္ေက်ာင္းေပါင္း ၃၀၀၀ ေက်ာ္ဖြင့္လွစ္ရန္က်န္ရွိေနၿပီး စက္တင္ဘာလအတြင္းတြင္ အေျခခံ ပညာအလယ္တန္းအဆင့္ေက်ာင္းမ်ားကို အစိုးရသက္မွတ္ခ်က္ covid 19ကပ္ေရာဂါ ကာကြယ္ေရးအခ်က္ ၈၀ ျပည့္မွီကိုက္ညီမွသာ ဖြင့္ လွစ္ခြင့္ေပးမည္ျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္အေျခခံပညာေက်ာင္းေပါင္းေလးေသာင္းေက်ာ္ ဆရာ၊ဆရာမ ေလးသိန္းေက်ာ္ရွိ ေၾကာင္းသိရသည္။

အေျခခံပညာေက်ာင္းမ်ားတြင္ေက်ာင္းတြင္းစာေမးပြဲစစ္ေဆးျခင္းကို တစ္ႏွစ္လွ်င္ ေလးႀကိမ္စစ္ေဆးေမးျမန္းၿပီး အထက္တန္းအဆင့္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးရာတြင္ စာေမးပြဲေလးႀကိမ္ျပည့္မွီေအာင္ေျဖဆိုထားရန္ လိုအပ္ေၾကာင္းသိရသည္။ ေက်ာင္း ဖြင့္ခ်ိန္ေနာက္က်၍ အေျခခံပညာေက်ာင္းမ်ားတြင္ စာေမးပြဲစစ္ေဆးျခင္းမ်ားကို စာသင္ၾကားသေလာက္သာ စစ္ေဆးေမးျမန္းမည္ ျဖစ္ ေၾကာင္း အေျခခံပညာဦးစီးဌာနမွ သိရသည္။

စာေမးပြဲဆိုတာ ဒီေခတ္မွာေတာ့ အေရးမႀကီးေတာ့ပါဘူး။ စာေမးပြဲထက္ စာလို႔ရွိရင္ ကေလးကတကယ္တတ္သြားတဲ့ ဟာကိုပဲလိုခ်င္တာ ေပါ့။မတတ္ဘဲနဲ႔ စာေမးပြဲေအာင္ဖို႔ပဲလုပ္ခဲ့တာဟာႏွစ္ေပါင္းမ်ားစြာၾကာခဲ့တဲ့အခါၾကေတာ့ မလိုလားအပ္ဘဲနဲ႔ က်ဴရွင္ေတြ ဘာေတြအမ်ား ႀကီးျဖစ္သြားတာေပါ့။ဒါေၾကာင့္ ဒီေနာက္ပိုင္းပညာေရးစနစ္က က်ဴရွင္စနစ္မလိုေလာက္ေအာင္ ေပးထားတဲ့ ပညာေရးစနစ္ ျဖစ္တာေပါ့ ။စာေမးပြဲကိုဦးမတည္ပါဘူး။

ေက်ာင္းသူ၊ေက်ာင္းသားေတြကို C ေလးလုံးေပါ့။ ၂၁ရာစုကြၽမ္းက်င္မႈ ေတြပဲရေအာင္သြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ေက်ာင္းဖြင့္တာ ေနာက္က်လည္းပဲ ဘာမွပူစရာမလိုဘူး။အဓိကေတာ့ ၁ရက္သင္ခြင့္ရရင္ကိုပဲ ၁ရက္ကေလးေတြအတြက္အက်ိဳးရွိတယ္ေလ။ အဲဒီသေဘာ မ်ိဳးျဖစ္ပါတယ္။စာေမးပြဲကေတာ့ ဆယ္ရက္စာသင္ရင္ဆယ္ရက္စာပဲေမးမွာေပါ့။တစ္လစာသင္ရင္တစ္လစာပဲေမးမွာေပါ့”လို႔ ပညာေရးဝန္ ႀကီးဌာန အေျခခံပညာဦးစီးဌာန မွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကေျပာသည္ကေျပာသည္။

source : PeopleMedia

UNICODE

လက်ရှိတွင် အခြေခံပညာအထက်တန်းအဆင့်ကျောင်းပေါင်း ၃၀၀၀ ကျော်ဖွင့်လှစ်ရန်ကျန်ရှိနေပြီး စက်တင်ဘာလအတွင်းတွင် အခြေခံ ပညာအလယ်တန်းအဆင့်ကျောင်းများကို အစိုးရသက်မှတ်ချက် covid 19ကပ်ရောဂါ ကာကွယ်ရေးအချက် ၈၀ ပြည့်မှီကိုက်ညီမှသာ ဖွင့် လှစ်ခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော် ဆရာ၊ဆရာမ လေးသိန်းကျော်ရှိ ကြောင်းသိရသည်။

အခြေခံပညာကျောင်းများတွင်ကျောင်းတွင်းစာမေးပွဲစစ်ဆေးခြင်းကို တစ်နှစ်လျှင် လေးကြိမ်စစ်ဆေးမေးမြန်းပြီး အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရာတွင် စာမေးပွဲလေးကြိမ်ပြည့်မှီအောင်ဖြေဆိုထားရန် လိုအပ်ကြောင်းသိရသည်။ ကျောင်း ဖွင့်ချိန်နောက်ကျ၍ အခြေခံပညာကျောင်းများတွင် စာမေးပွဲစစ်ဆေးခြင်းများကို စာသင်ကြားသလောက်သာ စစ်ဆေးမေးမြန်းမည် ဖြစ် ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

စာမေးပွဲဆိုတာ ဒီခေတ်မှာတော့ အရေးမကြီးတော့ပါဘူး။ စာမေးပွဲထက် စာလို့ရှိရင် ကလေးကတကယ်တတ်သွားတဲ့ ဟာကိုပဲလိုချင်တာ ပေါ့။မတတ်ဘဲနဲ့ စာမေးပွဲအောင်ဖို့ပဲလုပ်ခဲ့တာဟာနှစ်ပေါင်းများစွာကြာခဲ့တဲ့အခါကြတော့ မလိုလားအပ်ဘဲနဲ့ ကျူရှင်တွေ ဘာတွေအများ ကြီးဖြစ်သွားတာပေါ့။ဒါကြောင့် ဒီနောက်ပိုင်းပညာရေးစနစ်က ကျူရှင်စနစ်မလိုလောက်အောင် ပေးထားတဲ့ ပညာရေးစနစ် ဖြစ်တာပေါ့ ။စာမေးပွဲကိုဦးမတည်ပါဘူး။

ကျောင်းသူ၊ကျောင်းသားတွေကို C လေးလုံးပေါ့။ ၂၁ရာစုကျွမ်းကျင်မှု တွေပဲရအောင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းဖွင့်တာ နောက်ကျလည်းပဲ ဘာမှပူစရာမလိုဘူး။အဓိကတော့ ၁ရက်သင်ခွင့်ရရင်ကိုပဲ ၁ရက်ကလေးတွေအတွက်အကျိုးရှိတယ်လေ။ အဲဒီသဘော မျိုးဖြစ်ပါတယ်။စာမေးပွဲကတော့ ဆယ်ရက်စာသင်ရင်ဆယ်ရက်စာပဲမေးမှာပေါ့။တစ်လစာသင်ရင်တစ်လစာပဲမေးမှာပေါ့”လို့ ပညာရေးဝန် ကြီးဌာန အခြေခံပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်ကပြောသည်။

source : PeopleMedia

Add a Comment

Your email address will not be published. Required fields are marked *