ေ႐ြးေကာက္ပြဲ၌ မဲေပးခြင့္ရွိသူအားလုံး မဲေပးၾကရန္ႏွင့္ မဲေပးသင့္သူကိုမဲေပးၾကေစလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ေျပာၿပီ

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ေတြ႕ဆုံခဲ့သည့္ ပါတီမ်ားထဲတြင္ ေ႐ြးေကာက္ပြဲတႀကိမ္မွ မဝင္ဖူး ေသးသည့္ပါတီတခ်ိဳ႕လည္းပါဝင္ၿပီး အမ်ားစုမွာ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။ ယင္းအထဲမွအမ်ားစုမွာ ကိုယ္ စားလွယ္တေနရာမွ အႏိုင္မရရွိခဲ့သည့္ ပါတီမ်ားျဖစ္သည္။ျပည္သူ႔ကိုယ္စားလွယ္မ်ားကို ေ႐ြးခ်ယ္ရာ၌ ႏိုင္ငံႏွင့္ေဒသကို လက္ေတြ႕အက်ိဳး ျပဳမည့္သူ၊ တရားဥပေဒစိုးမိုးေရးအျမင္ရွိၿပီး ဥပေဒစည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာေဆာင္႐ြက္သူ၊ ႏိုင္ငံ၏အမ်ိဳးသား အက်ိဳးစီးပြား ျဖစ္သည့္ ဒို႔တာဝန္အေရးသုံးပါးကို ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္သူကို ေ႐ြးခ်ယ္ေစလိုေၾကာင္း ေျပာၾကားလိုက္သည္။

ထို႔ျပင္ တပ္မေတာ္၏ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈအခန္းက႑ကို နားလည္သေဘာေပါက္သူ၊ အမ်ိဳးဘာသာသာသနာကို နည္းမွန္ လမ္းမွန္ျဖင့္ စနစ္တက် ထိန္းသိမ္းႏိုင္သူႏွင့္ ျပည္ပအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံျခားသားမ်ား၏လႊမ္းမိုးျခင္းမခံရသူ စသည့္ အခ်က္ ၆ ခ်က္ႏွင့္ ျပည့္စုံသူတို႔ကို မွန္မွန္ကန္ကန္ေ႐ြးခ်ယ္ၾကေစလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားသည္။ႏိုင္ငံေရးႏွင့္ ပတ္သက္၍ တိုင္းျပည္ကို ေကာင္းေစလိုသည့္ စိတ္ဆႏၵမ်ားျဖင့္သာ ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ႏိုင္ငံေရး၌ “ေျပာသည့္အတိုင္းလုပ္ရန္ႏွင့္ လုပ္သည့္ အတိုင္းေျပာရန္” လိုအပ္ေၾကာင္း၊ လာမည့္ေ႐ြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရး ။

လုပ္ေဆာင္သင့္၊ လုပ္ေဆာင္ထိုက္သည္မ်ားကို ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲ၌ ဆႏၵမဲေပးခြင့္ရွိသူအားလုံး မဲ ေပးၾကရန္လိုေၾကာင္း၊ မဲေပးသင့္သူကို ဆႏၵမဲေပးၾကေစေရး စည္း႐ုံးၾကေစလိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တိုင္းျပည္တိုးတက္ဖြံ႕ၿဖိဳးေရး အတြက္ အမ်ိဳးသားႏိုင္ငံေရးလုပ္ေဆာင္လ်က္ရွိသည့္ မည့္သည့္ အဖြဲ႕အစည္းမ်ားႏွင့္မဆို ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားသည္။လာေရာက္ေတြ႕ဆုံသည့္ ပါတီမ်ားက ေ႐ြးေကာက္ပြဲေကာ္မရွင္ အေပၚအျမင္ မ်ား၊ တရားမွ် တ၍ လြတ္လပ္ေသာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရးႏွင့္ တပ္မေတာ္မွ ေဆာင္႐ြက္ေပးေစလိုေသာ အေျခအေနမ်ား ေျပာဆိုၾကသည္။

တပ္မေတာ္ ၏ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈ အခန္းက႑တြင္ အဓိကတာဝန္ရွိစြာျဖင့္ ပါဝင္ကူညီေဆာင္႐ြက္ေနမႈမ်ားကို နားလည္သ ေဘာေပါက္ေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့ၾကသည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္သည္။ တပ္မေတာ္၏ အမ်ိဳး သားႏိုင္ငံေရး ဦးေဆာင္မႈအခန္းက႑ကို နားလည္သေဘာေပါက္သူမ်ားကို ကိုယ္စားလွယ္ေလာင္းအျဖစ္ ေ႐ြးခ်ယ္ၾကရန္ ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္က ႏိုင္ငံေရးပါတီမ်ားကို တိုက္တြန္းေျပာၾကားခဲ့သည္။

CRD: NEWS WATCH

UNICODE

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည့် ပါတီများထဲတွင် ရွေးကောက်ပွဲတကြိမ်မှ မဝင်ဖူး သေးသည့်ပါတီတချို့လည်းပါဝင်ပြီး အများစုမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းအထဲမှအများစုမှာ ကိုယ် စားလှယ်တနေရာမှ အနိုင်မရရှိခဲ့သည့် ပါတီများဖြစ်သည်။ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ နိုင်ငံနှင့်ဒေသကို လက်တွေ့အကျိုး ပြုမည့်သူ၊ တရားဥပဒေစိုးမိုးရေးအမြင်ရှိပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏အမျိုးသား အကျိုးစီးပွား ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူကို ရွေးချယ်စေလိုကြောင်း ပြောကြားလိုက်သည်။

ထို့ပြင် တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုးဘာသာသာသနာကို နည်းမှန် လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်သူနှင့် ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများ၏လွှမ်းမိုးခြင်းမခံရသူ စသည့် အချက် ၆ ချက်နှင့် ပြည့်စုံသူတို့ကို မှန်မှန်ကန်ကန်ရွေးချယ်ကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။နိုင်ငံရေးနှင့် ပတ်သက်၍ တိုင်းပြည်ကို ကောင်းစေလိုသည့် စိတ်ဆန္ဒများဖြင့်သာ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံရေး၌ “ပြောသည့်အတိုင်းလုပ်ရန်နှင့် လုပ်သည့် အတိုင်းပြောရန်” လိုအပ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ။

လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲ ပေးကြရန်လိုကြောင်း၊ မဲပေးသင့်သူကို ဆန္ဒမဲပေးကြစေရေး စည်းရုံးကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေး အတွက် အမျိုးသားနိုင်ငံရေးလုပ်ဆောင်လျက်ရှိသည့် မည့်သည့် အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။လာရောက်တွေ့ဆုံသည့် ပါတီများက ရွေးကောက်ပွဲကော်မရှင် အပေါ်အမြင် များ၊ တရားမျှ တ၍ လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တပ်မတော်မှ ဆောင်ရွက်ပေးစေလိုသော အခြေအနေများ ပြောဆိုကြသည်။

တပ်မတော် ၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် အဓိကတာဝန်ရှိစွာဖြင့် ပါဝင်ကူညီဆောင်ရွက်နေမှုများကို နားလည်သ ဘောပေါက်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။ တပ်မတော်၏ အမျိုး သားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို နားလည်သဘောပေါက်သူများကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ကြရန်  ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က နိုင်ငံရေးပါတီများကို တိုက်တွန်းပြောကြားခဲ့သည်။

CRD:   NEWS  WATCH

Add a Comment

Your email address will not be published. Required fields are marked *