(၂၁)ရာစုပင္လုံအစည္းအေဝးတြင္ ခ်ဳပ္ဆိုမည့္သေဘာတူစာခ်ဳပ္သည္ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးလမ္းေၾကာင္းတစ္ခု ျဖစ္သည္ဟု အတိုင္ပင္ခံပုဂၢိဳလ္ေျပာၿပီ

၂၁ – ရာစု ပင္လုံအစည္းအေဝးကေန အဆင့္လိုက္ သြားမယ့္ လုပ္ငန္းစဥ္ေတြမွာ ဘယ္အခ်ိန္မွာ ျပည္နယ္ေတြ အေနနဲ႔ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ေတြကို ဘယ္လို ေရးဆြဲၾကမလဲ။ ျပည္ေထာင္စုနဲ႔ ျပည္နယ္ အာဏာခြဲေဝမႈေတြကို တစ္ဆင့္ၿပီး တစ္ဆင့္ ဘယ္လို သြားၾကမလဲ။ ဘယ္အဆင့္ေတြမွာ လုံၿခဳံေရးဆိုင္ရာ ျပန္လည္ ေပါင္းစည္းေရးကို ဘယ္လိုပုံစံနဲ႔ လုပ္ၾကမလဲဆိုတဲ့ ကိစၥရပ္ေတြကို ဟန္ခ်က္ညီ ေဖၚ ေဆာင္ႏိုင္ဖို႔ အတြက္ ကြၽန္မတို႔ ဆက္လက္ၿပီး အေသးစိတ္ ေဆြးေႏြး ညႇိႏႈိင္း ၾကရဦးမွာပဲ ျဖစ္ပါတယ္` ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပု ဂၢိဳလ္က ေျပာၾကားလိုက္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ NCA လက္မွတ္ထိုး အပစ္ရပ္အဖြဲ႕မ်ားမွ ထိပ္သီးေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့ၾကသည့္ JICM အစည္းအေဝးတြင္ သေဘာတူညီခ်က္ ၇ ခ်က္ ရရွိခဲ့ေၾကာင္း သိရသည္။လာမည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းညီလာခံ ၂၁ – ရာစု ပင္လုံအစည္းအေဝးတြင္ ခ်ဳပ္ဆိုမည့္ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း (၃) သည္ လက္ရွိ အက်ပ္အတည္းမ်ားကို ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ရးႏွင့္ ခ်ိတ္ဆက္ေျဖရွင္းႏိုင္ မည့္ လမ္းေၾကာင္းတစ္ခု ျဖစ္သည္ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားသည္။

ၾသဂုတ္လ ၁၃ ရက္ေန႔တြင္ ေနျပည္ေတာ္ရွိ MICC 1 ၌က်င္းပသည့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္ေရး သေဘာတူစာခ်ဳပ္ အ ေကာင္အထည္ ေဖၚမႈဆိုင္ရာ ညႇိႏႈိုင္း အစည္းအေဝး (JICM) ၉ ႀကိမ္ေျမာက္တြင္ အဖြင့္မိန႔္ခြန္းေျပာၾကားရာ၌ ထည့္သြင္း ေျပာၾကားခဲ့ ျခင္း ျဖစ္သည္။ဒီမိုေကရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ ေတြ႕ဆုံေဆြးေႏြးေရး စားပြဲဝိုင္း မ်ားမွ ကြဲျပားျခားနားမႈမ်ား ၾကားက အားလုံး သေဘာတူလက္ခံႏိုင္သည့္ အဆင့္လိုက္ လမ္းစဥ္တစ္ခု အေသးစိတ္ အစီအစဥ္ တစ္ရပ္ကို သေဘာတူ ရွာေဖြႏိုင္ခဲ့ၾက သည္ဟု ဆိုသည္။

အဲဒါေကတာ့ ႏွစ္ဖက္ အလုပ္အဖြြဲ႕ေတြက တင္ျပလာခဲ့တဲ့၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ ၂၁ – ရာစုပင္လုံ စတုတၳ အစည္းအေဝး မွာ ခ်ဳပ္ဆိုမယ့္ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း (၃) ရဲ႕ မူၾကမ္းပဲျဖစ္ပါတယ္` ဟု ႏိုင္ငံတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာ ၾကားသည္။ဆက္လက္ၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ` ဒီသေဘာတူစာခ်ဳပ္ဟာ ကြၽန္မတို႔ ရင္ဆိုင္ေတြ႕ႀကဳံ ေနရတဲ့ လက္ရွိ ျမန္ မာ့ႏိုင္ငံေရး အက်ပ္အတည္း၊ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးဆိုင္ရာ အက်ပ္အတည္းေတြကို ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ျပင္ဆင္ေရးနဲ႔ ခ်ိတ္ဆက္ၿပီး ေျဖရွင္းႏိုင္မယ့္ လမ္းေၾကာင္းတစ္ခုကို ထင္ထင္ရွားရွား ေဖၚျပႏိုင္ေတာ့မွ ျဖစ္ပါတယ္` ဟု ဆိုသည္။

CRD: The Ladies News

UNICODE

၂၁ – ရာစု ပင်လုံအစည်းအဝေးကနေ အဆင့်လိုက် သွားမယ့် လုပ်ငန်းစဉ်တွေမှာ ဘယ်အချိန်မှာ ပြည်နယ်တွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွေကို ဘယ်လို ရေးဆွဲကြမလဲ။ ပြည်ထောင်စုနဲ့ ပြည်နယ် အာဏာခွဲဝေမှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဘယ်လို သွားကြမလဲ။ ဘယ်အဆင့်တွေမှာ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးကို ဘယ်လိုပုံစံနဲ့ လုပ်ကြမလဲဆိုတဲ့ ကိစ္စရပ်တွေကို ဟန်ချက်ညီ ဖေါ် ဆောင်နိုင်ဖို့ အတွက် ကျွန်မတို့ ဆက်လက်ပြီး အသေးစိတ် ဆွေးနွေး ညှိနှိုင်း ကြရဦးမှာပဲ ဖြစ်ပါတယ်` ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပု ဂ္ဂိုလ်က ပြောကြားလိုက်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ထိုး အပစ်ရပ်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည့် JICM အစည်းအဝေးတွင် သဘောတူညီချက် ၇ ချက် ရရှိခဲ့ကြောင်း သိရသည်။လာမည့် ပြည်ထောင်စုငြိမ်းချမ်းညီလာခံ ၂၁ – ရာစု ပင်လုံအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) သည် လက်ရှိ အကျပ်အတည်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရးနှင့် ချိတ်ဆက်ဖြေရှင်းနိုင် မည့် လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် နေပြည်တော်ရှိ MICC 1 ၌ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်ရေး သဘောတူစာချုပ် အ ကောင်အထည် ဖေါ်မှုဆိုင်ရာ ညှိနှိုုင်း အစည်းအဝေး (JICM) ၉ ကြိမ်မြောက်တွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။ဒီမိုကေရစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်း များမှ ကွဲပြားခြားနားမှုများ ကြားက အားလုံး သဘောတူလက်ခံနိုင်သည့် အဆင့်လိုက် လမ်းစဉ်တစ်ခု အသေးစိတ် အစီအစဉ် တစ်ရပ်ကို သဘောတူ ရှာဖွေနိုင်ခဲ့ကြ သည်ဟု ဆိုသည်။

အဲဒါကေတာ့ နှစ်ဖက် အလုပ်အဖွွဲ့တွေက တင်ပြလာခဲ့တဲ့၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ – ရာစုပင်လုံ စတုတ္ထ အစည်းအဝေး မှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ရဲ့ မူကြမ်းပဲဖြစ်ပါတယ်` ဟု နိုင်ငံတာ်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြော ကြားသည်။ဆက်လက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ` ဒီသဘောတူစာချုပ်ဟာ ကျွန်မတို့ ရင်ဆိုင်တွေ့ကြုံ နေရတဲ့ လက်ရှိ မြန် မာ့နိုင်ငံရေး အကျပ်အတည်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းတွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတစ်ခုကို ထင်ထင်ရှားရှား ဖေါ်ပြနိုင်တော့မှ ဖြစ်ပါတယ်` ဟု ဆိုသည်။

CRD:  The Ladies News

Add a Comment

Your email address will not be published. Required fields are marked *