ကမ္ဘာပေါ် မှာ ရှားပါးစာရင်းဝင် မြန်မာနိုင်ငံသားမှတ်ပုံတင် တွေ့တဲ့လူတိုင်း က တအံ့တသြ ယူကြည့်ရ





Nyan Win Phyo

UNICODE

ဂုဏ်ယူလိုက်တာလေ သူများနဲ့မတူလို့ အခုထိလည်း ထိုင်းတွေကို မြန်မာမှတ်ပုံတင်ပြရင် ဂုဏ်ယူတုန်း စက္ကူကို ရိုရိုသေသေ ကိုင်တတ်တဲ့ အမျိုး အဖြစ် ဒါပေမဲ့ ကိုင်ရတာပျင်းသွားပြီ Biometric စနစ်ပါတဲ့ စမတ်ကဒ် လုပ်ပေးနိုင်တဲ့ပါတီ ကို မဲပေးဖို့ ဆုံးဖြတ်ထားတယ်။ လုပ် ပေးမယ်ပြောပြီး ကတိမတည်တဲ့ ပါတီတွေမပါ။

မှတ်ချတ် တိုင်းပြည်က အာဆီယံမှာ ဒုတိယအကြီးဆုံး။သူပုန်အထူဆုံး မြေလွတ်တွေအပေါဆုံး အိုးမဲ့အိမ်မဲ့ မှတ်ပုံတင်မဲ့ နိုင်ငံမဲ့ တွေ အများ ဆုံး ကြံဖန်ဂုဏ်ယူလို့ရသေးတယ်။အာဆီယံ မှာ ၁၀ နိုင်ငံ ရှိတယ်။ ဒုတိယတန်းကို ထပ်ခွဲရင် ၄ နိုင်ငံ ကျန်တယ်။ CLMV လို့ခေါ်တယ် အ က္ခရာစဉ်အရ ကမ္ဘောဒီးယား လာအို မြန်မာ ဗီယက် နမ်၊

တတိယတန်း ဝင်ငွေအနည်းဆုံး ဆို ၃နိုင်ငံကျန်တယ် မြန်မာ လာအို တီမော၊ဝင် ငွေအနည်းဆုံးဆို မြန်မာပဲ ကျန်တယ်။ လူတယောက်ရဲ့ တနှစ်လုံးဝင်ငွေက ဒေါ်လာ ၁၂၀၀ ပျော့ပျော့ပဲရတယ် လျော့ မတွက်နဲ့ ဂုဏ်ယူစရာ ရှိသေးတယ်။စက္ကူ မှတ်ပုံတင် ကိုင် တာ မြန်မာ တနိုင် ငံပဲကျန်တော့တယ် ဒေါက်တာဉာဏ် ၂၀၀၉ အမေရိကားသွားချိန်။

မိုင်ယာမီလေဆိပ် မှာ ကိုယ့်ပတ်စ်ပို့က အခုလို barcode အသားဓာတ်ပုံ မပါဘူး။ ဓာတ်ပုံက ကပ်ခွာလုပ်လို့ရတယ် အမေရိကန် home land security ကဝန်ထမ်းတွေ တအံ့တဩ နဲ့ ဘေးလူတွေပါခေါ်ပြတာ သူတို့ မမြင်ဘူးတဲ့ ရှားပါး ပတ်စ်ပို့ ဖြစ်နေတာ ဂုဏ်ယူစရာပါ။

Nyan Win Phyo

Add a Comment

Your email address will not be published. Required fields are marked *