ထီထိုးသူအေရအတြက္ မ်ားလာမႈကို အခြင့္ေကာင္းယူ၍ ထီ ေဈးႏႈန္း သမိုင္း တေလွ်ာက္ စံခ်ိန္ တင္ အျမင့္ဆုံးေရာက္ ရွိ

လက္ရွိတြင္ ေအာင္ဘာေလထီ႐ုံးမွ ထုတ္ေဝေသာ ထီ တစ္ေစာင္တန္ဖိုး သည္ က်ပ္ ၉၀၀ ဝန္းက်င္ခန႔္ရွိ ေၾကာင္း၊ ၿပီးခဲ့သည့္လတြင္ အကၡ ရာ အလုံးေရ ၃၉ လုံး ထုတ္ေဝရာမွ ၾသဂုတ္လ (၁၉) ႀကိမ္ေျမာက္ ထီဖြင့္ပြဲ အတြက္ အကၡရာႏွစ္လုံးေလွ်ာ့ကာ ၃၇ လုံးျဖင့္ ထုတ္ေဝသြား မည္ျဖစ္ ေၾကာင္း သိရပါတယ္။ထီအကၡရာတစ္လုံးတြင္ အေစာင္ ေရ ၈၉၀၀၀၀ေက်ာ္ ထုတ္ေဝသည့္ အတြက္ အကၡရာႏွစ္လုံးေလွ်ာ့ထုတ္ မည္ျဖစ္ေသာေၾကာင့္ ထီအေစာင္ေရ ၁၈ သိန္းနီးပါးေလွ်ာ့ထုတ္ကာ က်ပ္ သိန္း၁၅၀၀၀မွ က်ပ္ ၅၀၀၀၀ အထိ ထီဆုမ်ားေပါက္ႏိုင္ေျခ ယခင္ထက္ မ်ားျပားလာမည္ျဖစ္ေၾကာင္း ထီ အေရာင္းအဝယ္အသိုင္းအဝိုင္းမွ သိရပါတယ္။

ယခုအခါ ထီအေရာင္းအဝယ္ ေလာကတြင္ မိုးယံေ႐ႊလမင္းႏွင့္ ျမတ္ဆုကုေဋသည္ ထိပ္သီးကိုယ္စား လွယ္ဆိုင္ႀကီးမ်ားျဖစ္ၿပီး ေ႐ႊျမန္မာ၊ မဟာလာဘံ ကိုယ္စားလွယ္ဆိုင္ႀကီး မ်ားမွဖြင့္ေသာ ကိုယ္စားလွယ္ထီဖြင့္ ေဈးအတိုင္း၊ အျခားထီဆိုင္အသီးသီး မွ ဖြင့္ေဈးအနည္းအမ်ား အတိုင္း ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။(၁၉) ႀကိမ္ေျမာက္ ေအာင္ ဘာေလထီ ဖြင့္ပြဲ မတိုင္မီ ယခုၾသဂုတ္လလယ္ပိုင္း မွ စတင္ ကာ ထီထိုးသူအေရအတြက္ မ်ားျပားလာမႈကို အခြင့္ေကာင္းယူ၍ ထီပင္ရင္း ဆိုင္ႀကီးမ်ားက ထီတစ္ေစာင္ ေငြက်ပ္ ၁၂၀၀ မွ ၁၃၀၀ အထိ တိုးျမႇင့္ေရာင္းခ်ေနသျဖင့္ ေအာင္ဘာေလထီသမိုင္းတစ္ေလွ်ာက္ ထီတစ္ေစာင္ေဈးႏႈန္း စံခ်ိန္တင္ ျမင့္တက္ေနေၾကာင္း သိရပါတယ္။

“ထီက ကြၽန္ေတာ္တို႔ အခုကိုယ္ စားလွယ္ တစ္ဆင့္ေရာင္းအေနနဲ႔ ဝယ္ရတာ၊ ဆိုင္ႀကီးေတြ ကေန ဒီလ အတြက္ေပါ့၊ စဖြင့္တုန္းက တစ္ ေစာင္ ကို က်ပ္ ၁၀၇၀၊ ၁၀၈၀ ဝယ္ရတယ္။ ေနာက္ ေဈးမ်ားထပ္ဆင္းမလားလို႔ ဒီရက္ပိုင္းေတြမွာသြားဝယ္ေတာ့ က်ပ္ ၁၁၀၀၊ ၁၁၁၀၊ ၁၁၂၀ နဲ႔တစ္ခါဝယ္ရ တယ္။ ဆိုင္ႀကီးေတြရဲ႕ကိုယ္စားလွယ္ ေရာင္းေဈးကတစ္ခုနဲ႔တစ္ခုမတူသလို တစ္ရက္နဲ႔တစ္ရက္လည္း မတူၾက ဘူး။ ေဈးကအတက္ပဲရွိသလိုျဖစ္ေန တယ္။ ၿမိဳ႕ထဲမွာဆိုလည္း မိုးယံက အမ်ားဆုံးဆိုေတာ့ မိုးယံရဲ႕ထီဖြင့္ေဈးကိုနားေထာင္ၿပီး ေအာက္က ထီဆိုင္ ေတြက ေရာင္းၾကတာ။ အခုရက္ပိုင္း မွာေတာင္ လက္လီ လွည့္ေရာင္းေန တာ တစ္ေစာင္ကို က်ပ္ ၁၃၀၀ အထိ ေရာင္း ေနရတယ္။

လကုန္ပိုင္းေလာက္ဆိုရင္ေတာ့ တစ္ေစာင္ကို က်ပ္ ၁၄၀၀ ေလာက္ထိျဖစ္မယ္လို႔ထင္ တယ္။ ကိုယ္စားလွယ္ဝယ္ေဈးက ျမင့္ေတာ့ ေနာက္ ဆုံးထီထိုးတဲ့သူနဲ႔ ကြၽန္ေတာ္တို႔ လက္လီေရာင္းတဲ့သူ ေတြ စကားေတြ ေျပာရတာေပါ့။ ကြၽန္ေတာ္တို႔လည္း အေျပာအဆိုခံၿပီး ေရာင္းေနရ တာပါပဲ” ဟု ထီကိုယ္စား လွယ္ ေရာင္းဝယ္သူ ဦးေက်ာ္လြင္က ေျပာပါတယ္။

UNICODE

လက်ရှိတွင် အောင်ဘာလေထီရုံးမှ ထုတ်ဝေသော ထီ တစ်စောင်တန်ဖိုး သည် ကျပ် ၉၀၀ ဝန်းကျင်ခန့်ရှိ ကြောင်း၊ ပြီးခဲ့သည့်လတွင် အက္ခ ရာ အလုံးရေ ၃၉ လုံး ထုတ်ဝေရာမှ သြဂုတ်လ (၁၉) ကြိမ်မြောက် ထီဖွင့်ပွဲ အတွက် အက္ခရာနှစ်လုံးလျှော့ကာ ၃၇ လုံးဖြင့် ထုတ်ဝေသွား မည်ဖြစ် ကြောင်း သိရပါတယ်။ထီအက္ခရာတစ်လုံးတွင် အစောင် ရေ ၈၉၀၀၀၀ကျော် ထုတ်ဝေသည့် အတွက် အက္ခရာနှစ်လုံးလျှော့ထုတ် မည်ဖြစ်သောကြောင့် ထီအစောင်ရေ ၁၈ သိန်းနီးပါးလျှော့ထုတ်ကာ ကျပ် သိန်း၁၅၀၀၀မှ ကျပ် ၅၀၀၀၀ အထိ ထီဆုများပေါက်နိုင်ခြေ ယခင်ထက် များပြားလာမည်ဖြစ်ကြောင်း ထီ အရောင်းအဝယ်အသိုင်းအဝိုင်းမှ သိရပါတယ်။

ယခုအခါ ထီအရောင်းအဝယ် လောကတွင် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေသည် ထိပ်သီးကိုယ်စား လှယ်ဆိုင်ကြီးများဖြစ်ပြီး ရွှေမြန်မာ၊ မဟာလာဘံ ကိုယ်စားလှယ်ဆိုင်ကြီး များမှဖွင့်သော ကိုယ်စားလှယ်ထီဖွင့် ဈေးအတိုင်း၊ အခြားထီဆိုင်အသီးသီး မှ ဖွင့်ဈေးအနည်းအများ အတိုင်း ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။(၁၉) ကြိမ်မြောက် အောင် ဘာလေထီ ဖွင့်ပွဲ မတိုင်မီ ယခုသြဂုတ်လလယ်ပိုင်း မှ စတင် ကာ ထီထိုးသူအရေအတွက် များပြားလာမှုကို အခွင့်ကောင်းယူ၍ ထီပင်ရင်း ဆိုင်ကြီးများက ထီတစ်စောင် ငွေကျပ် ၁၂၀၀ မှ ၁၃၀၀ အထိ တိုးမြှင့်ရောင်းချနေသဖြင့် အောင်ဘာလေထီသမိုင်းတစ်လျှောက် ထီတစ်စောင်ဈေးနှုန်း စံချိန်တင် မြင့်တက်နေကြောင်း သိရပါတယ်။

“ထီက ကျွန်တော်တို့ အခုကိုယ် စားလှယ် တစ်ဆင့်ရောင်းအနေနဲ့ ဝယ်ရတာ၊ ဆိုင်ကြီးတွေ ကနေ ဒီလ အတွက်ပေါ့၊ စဖွင့်တုန်းက တစ် စောင် ကို ကျပ် ၁၀၇၀၊ ၁၀၈၀ ဝယ်ရတယ်။ နောက် ဈေးများထပ်ဆင်းမလားလို့ ဒီရက်ပိုင်းတွေမှာသွားဝယ်တော့ ကျပ် ၁၁၀၀၊ ၁၁၁၀၊ ၁၁၂၀ နဲ့တစ်ခါဝယ်ရ တယ်။ ဆိုင်ကြီးတွေရဲ့ကိုယ်စားလှယ် ရောင်းဈေးကတစ်ခုနဲ့တစ်ခုမတူသလို တစ်ရက်နဲ့တစ်ရက်လည်း မတူကြ ဘူး။ ဈေးကအတက်ပဲရှိသလိုဖြစ်နေ တယ်။ မြို့ထဲမှာဆိုလည်း မိုးယံက အများဆုံးဆိုတော့ မိုးယံရဲ့ထီဖွင့်ဈေးကိုနားထောင်ပြီး အောက်က ထီဆိုင် တွေက ရောင်းကြတာ။ အခုရက်ပိုင်း မှာတောင် လက်လီ လှည့်ရောင်းနေ တာ တစ်စောင်ကို ကျပ် ၁၃၀၀ အထိ ရောင်း နေရတယ်။

လကုန်ပိုင်းလောက်ဆိုရင်တော့ တစ်စောင်ကို ကျပ် ၁၄၀၀ လောက်ထိဖြစ်မယ်လို့ထင် တယ်။ ကိုယ်စားလှယ်ဝယ်ဈေးက မြင့်တော့ နောက် ဆုံးထီထိုးတဲ့သူနဲ့ ကျွန်တော်တို့ လက်လီရောင်းတဲ့သူ တွေ စကားတွေ ပြောရတာပေါ့။ ကျွန်တော်တို့လည်း အပြောအဆိုခံပြီး ရောင်းနေရ တာပါပဲ” ဟု ထီကိုယ်စား လှယ် ရောင်းဝယ်သူ ဦးကျော်လွင်က ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *