ဧရာဝတီတိုင်း က အပန်းဖြေကမ်းခြေ အားလုံး ဆက်ပိတ် ထားမည်ဖြစ်ပြီး စည်းကမ်း မလိုက်နာပါက ပြင်းထန် စွာ အရေး ယူမည်




REF: SHWE WIKI

UNICODE

ကိုဗစ်-၁၉ကြောင့်“ဖြေလျော့ပေးတာ မရှိဘူး ပိုတင်းကျပ်တာ ဗဟိုစာရောက် နေတယ် ကမ်းခြေတွေ ဖွင့်ခွင့်မပေး သေးဘူး အရင်အမိန့် ညွန်ကြားချက်တွေ အတိုင်းပါပဲ။ ဘာမှ အထွေ အထူး ပြောင်းလဲတာ မရှိဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ဧရာဝတီတိုင်း အတွင်းရှိ ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၃၃ လုံးနှင့် တည်းခိုခန်း ၄၆ လုံးရှိပြီး၊ ချောင်းသာ ကမ်းခြေတွင် ဟိုတယ် ၃၉ လုံးနှင့်တည်းခိုခန်း ၅၉ လုံးရှိ ကာ ၁ နှစ်ကို ခရီးသွား သိန်းနှင့်ချီပြီး ဝင်ရောက်လည်ပတ်လေ့ရှိသည်။

ယခုရက်အတွင်း ညအိပ်တည်းခိုမရသေးသဖြင့် နေ့ချင်းပြန်လာရောက် လည်ပါတ် သူများပြားနေကြောင်း တည်ခိုခန်းပိုင်ရှင်များထံမှ သိရပါတယ်။ဧရာဝတီတိုင်း ဒေသကြီးရှိ ငွေဆောင်၊ ချောင်းသာနှင့် ဂေါ်ရန်ဂျီ အပါအဝင် ကမ်းခြေများအားလုံး လာရောက် လည်ပါတ် ခွင့်ကို သြဂုတ်လကုန်အထိ ပိတ် ထားမည် ဖြစ်ပြီး စည်းကမ်းလိုက်နာစေရန် ပိုမိုတင်းကျပ် သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သိရပါတယ်။

ကိုဗစ် ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် ဧရာဝတီ တိုင်းရှိ ကမ်းခြေများအားလုံးကို မတ်လနောက်ဆုံး ပါတ်မှ စတင်ပြီးလာရောက် လည်ပါတ်ခွင့် ပိတ်ထား ခဲ့ခြင်းဖြစ်ပြီး စည်းကမ်းမလိုက်နာ ချိုးဖောက် လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များကိုလည်း အရေးယူသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်ဒေသကြီး အစိုးရ အဖွဲ့မှ သိရပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *