ေငြ ေၾကး မတတ္ႏိုင္ တဲ့ လူနာ မ်ားကို ေဆးကုသေပးျခင္း မရွိပါက က်န္းမာ ေရး ဝန္ႀကီး ဌာနသို႔ တိုင္ၾကားႏိုင္ေၾကာင္း ထုတ္ျပန္

ၿပီးခဲ့သည့္လတြင္ ျဖစ္ပြားခဲ့သည့္ ေျမာင္းျမ ေဆး႐ုံမွ ေဆးမကုသေပးသျဖင့္ မိမိကိုယ္ မိမိဆုံးစီရင္သြားခဲ့ သည္ဆိုသည့္ ျဖစ္စဥ္ကို က်န္းမာ ေရး ဝန္ႀကီးဌာနမွ စုံစမ္းစစ္ေဆး ရာတြင္အဆိုပါလူနာသည္ ေဆး႐ုံႏွင့္ ပတ္သက္ မႈရွိသည္ကို အထင္အရွား မေတြ႕ ေၾကာင္းက်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။သို႔ေသာ္ က်န္းမာေရးဝန္ ႀကီးဌာနမွ က်င့္ဝတ္မ်ားကို က်ဳးလြန္သူမ်ားရွိပါက တာဝန္မွ ရပ္စဲျခင္း၊ သတိ ေပးျခင္း ျပဳလုပ္မည္ ျဖစ္ၿပီး ယခင္ကတည္းက ထိုကဲ့သို႔ အေရးယူခဲ့ ဖူးေၾကာင္းေဒါက္တာ မင္းသန္းၫႊန႔္က ေျပာသည္။

လက္ရွိတြင္ က်န္းမာေရး ဝန္ႀကီးဌာနမွ ခ်မွတ္ထားသည့္ မူဝါဒမ်ားအရ စရိတ္မွ်ေပးစနစ္ႏွင့္အစိုးရေဆး ႐ုံတိုင္း ေမြးလူနာ မီးဖြားျခင္း၊ ငါး ႏွစ္ေအာက္ ကေလးမ်ားႏွင့္ အေရးေပၚခြဲစိတ္လူနာမ်ားကို အခမဲ့ေဆးဝါး ကုသေပးရမည္ ျဖစ္သည္။ အခုဆိုရင္ က်န္းမာေရးဝန္ႀကီးဌာနက က်န္းမာေရးေစာင့္ေရွာက္မႈေပးဖို႔ ေဆး႐ုံအေဆာက္အအုံရယ္၊ ေဆး ႐ုံဝန္ထမ္းမ်ားကို ခန႔္ထားတဲ့အျပင္ ေဆးဝါးေတြကိုပါ ေထာက္ပံ့ေပး ထားပါတယ္ ။ေငြ ေၾကး မတတ္ႏိုင္ တဲ့ လူနာ မ်ားကို ေဆးမကု ေပးပါက က်န္းမာ ေရး ဝန္ႀကီး ဌာနသို႔ တိုင္ၾကားႏိုင္ ပါၿပီ။

အစိုးရ က်န္းမာေရး ေဆး႐ုံမ်ားတြင္ တာဝန္ရွိသူ ဝန္ထမ္းမ်ား အေနျဖင့္ အခေၾကးေငြ မတတ္ႏိုင္သည့္ လူနာ မ်ားကို ေဆးကုသမႈမေပး ျခင္း ၊ဆက္ ဆံေရး မေျပျပစ္ ျခင္း ရွိပါက က်န္းမာေရးဦးစီး ဌာနသို႔ တိုင္ၾကားႏိုင္ၿပီး အေရး ယူေပးမည္ဟု က်န္းမာေရးဦးစီး ဌာနမွတာ ဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။က်န္းမာေရး ဦးစီးဌာနက က်န္းမာေရးဝန္ထမ္း ေတြကို လူနာေတြကို မေျခမငံ မဆက္ဆံဖို႔၊ လူနာေတြ ဘက္ကေန ဆက္ဆံလာရင္ေတာင္ သည္းခံ ဖို႔ ေကာင္းေကာင္း မြန္မြန္ဆက္ဆံဖို႔ အတိအလင္း ၫႊန္ၾကားထား ပါတယ္။

ေငြေၾကးလုံး၀ မတတ္ႏိုင္ တဲ့ လူနာေတြ ေဆး႐ုံလာတက္တဲ့ေဆး႐ုံကေန ေဆးမကုေပးဘူး ဆိုၿပီး ႏွင္ထုတ္လို႔ မရပါဘူး”ဟု က်န္မာေရး ဦးစီးဌာန၏ ၫႊန္ၾကား ေရးမႉးခ်ဳပ္ ေဒါက္တာမင္းသန္းၫႊန႔္ က ေျပာသည္။ၿပီးေတာ့ ေဆး႐ုံတိုင္းမွာ လည္း ေဆးပေဒသာပင္ဆိုၿပီး ရန္ ပုံေငြ ေပးထားတာလည္း ရွိပါတယ္ ။အဲဒီပိုက္ဆံရဲ႕ အတိုးနဲ႔လည္း ေငြေၾကး မတတ္ႏိုင္တဲ့ လူနာေတြကို ကုေပးလို႔ရပါတယ္” ဟုေဒါက္တာ မင္းသန္းၫႊန္က ေျပာသည္ ။သို႔ေသာ္ ေငြေၾကးတတ္ႏိုင္သည့္ လူနာမ်ားအေနျဖင့္ လိုေသာ ေဆးဝါးမ်ားကိုဝယ္ယူသုံးစြဲရမည္ ျဖစ္ သည္ ။

က်န္းမာေရးအသုံးစရိတ္ တိုးျမင့္လာသည့္အတြက္ လူနာမ်ားက်န္းမာေရးကုန္က် စရိတ္ကိုသက္သာေသာ္လည္း အစိုးရေဆး႐ုံ မ်ား၌ ေဆး႐ုံဝန္ထမ္းမ်ား၏ ဝန္ေဆာင္မႈမွာလိုအပ္ခ်က္မ်ားစြာ ရွိေနေသးေၾကာင္း ေဒါက္တာ မင္းသန္းၫႊန႔္က ေျပာသည္ ။ အစိုးရေဆး႐ုံ တိုင္း မွာ ေဆး႐ုံဝန္ထမ္း ရွားပါးတဲ့အတြက္ သူတို႔ေတြမွာ အလုပ္ဝန္ အရမ္းပိေနပါတယ္ ။ ခုတင္ ၁၀၀ ရွိတဲ့ေဆး႐ုံ ဆိုအၿမဲ ခုတင္ ၆၀ ေလာက္ လူနာရွိေနေတာ့ ဝန္ထမ္းအင္အား က မႏိုင္ပါဘူး ။ဒါေၾကာင့္ လူနာကို ေကာင္းေကာင္းမြန္မြန္မဆက္ဆံေပးႏိုင္ဘူး” ဟု ေျပာသည္ ။

Credit: Myanmar Times

UNICODE

ပြီးခဲ့သည့်လတွင် ဖြစ်ပွားခဲ့သည့် မြောင်းမြ ဆေးရုံမှ ဆေးမကုသပေးသဖြင့် မိမိကိုယ် မိမိဆုံးစီရင်သွားခဲ့ သည်ဆိုသည့် ဖြစ်စဉ်ကို ကျန်းမာ ရေး ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေး ရာတွင်အဆိုပါလူနာသည် ဆေးရုံနှင့် ပတ်သက် မှုရှိသည်ကို အထင်အရှား မတွေ့ ကြောင်းကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။သို့သော် ကျန်းမာရေးဝန် ကြီးဌာနမှ ကျင့်ဝတ်များကို ကျုးလွန်သူများရှိပါက တာဝန်မှ ရပ်စဲခြင်း၊ သတိ ပေးခြင်း ပြုလုပ်မည် ဖြစ်ပြီး ယခင်ကတည်းက ထိုကဲ့သို့ အရေးယူခဲ့ ဖူးကြောင်းဒေါက်တာ မင်းသန်းညွှန့်က ပြောသည်။

လက်ရှိတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒများအရ စရိတ်မျှပေးစနစ်နှင့်အစိုးရဆေး ရုံတိုင်း မွေးလူနာ မီးဖွားခြင်း၊ ငါး နှစ်အောက် ကလေးများနှင့် အရေးပေါ်ခွဲစိတ်လူနာများကို အခမဲ့ဆေးဝါး ကုသပေးရမည် ဖြစ်သည်။ အခုဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးရုံအဆောက်အအုံရယ်၊ ဆေး ရုံဝန်ထမ်းများကို ခန့်ထားတဲ့အပြင် ဆေးဝါးတွေကိုပါ ထောက်ပံ့ပေး ထားပါတယ် ။ငွေ ကြေး မတတ်နိုင် တဲ့ လူနာ များကို ဆေးမကု ပေးပါက ကျန်းမာ ရေး ဝန်ကြီး ဌာနသို့ တိုင်ကြားနိုင် ပါပြီ။

အစိုးရ ကျန်းမာရေး ဆေးရုံများတွင် တာဝန်ရှိသူ ဝန်ထမ်းများ အနေဖြင့် အခကြေးငွေ မတတ်နိုင်သည့် လူနာ များကို ဆေးကုသမှုမပေး ခြင်း ၊ဆက် ဆံရေး မပြေပြစ် ခြင်း ရှိပါက ကျန်းမာရေးဦးစီး ဌာနသို့ တိုင်ကြားနိုင်ပြီး အရေး ယူပေးမည်ဟု ကျန်းမာရေးဦးစီး ဌာနမှတာ ဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးဝန်ထမ်း တွေကို လူနာတွေကို မခြေမငံ မဆက်ဆံဖို့၊ လူနာတွေ ဘက်ကနေ ဆက်ဆံလာရင်တောင် သည်းခံ ဖို့ ကောင်းကောင်း မွန်မွန်ဆက်ဆံဖို့ အတိအလင်း ညွှန်ကြားထား ပါတယ်။

ငွေကြေးလုံး၀ မတတ်နိုင် တဲ့ လူနာတွေ ဆေးရုံလာတက်တဲ့ဆေးရုံကနေ ဆေးမကုပေးဘူး ဆိုပြီး နှင်ထုတ်လို့ မရပါဘူး”ဟု ကျန်မာရေး ဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမင်းသန်းညွှန့် က ပြောသည်။ပြီးတော့ ဆေးရုံတိုင်းမှာ လည်း ဆေးပဒေသာပင်ဆိုပြီး ရန် ပုံငွေ ပေးထားတာလည်း ရှိပါတယ် ။အဲဒီပိုက်ဆံရဲ့ အတိုးနဲ့လည်း ငွေကြေး မတတ်နိုင်တဲ့ လူနာတွေကို ကုပေးလို့ရပါတယ်” ဟုဒေါက်တာ မင်းသန်းညွှန်က ပြောသည် ။သို့သော် ငွေကြေးတတ်နိုင်သည့် လူနာများအနေဖြင့် လိုသော ဆေးဝါးများကိုဝယ်ယူသုံးစွဲရမည် ဖြစ် သည် ။

ကျန်းမာရေးအသုံးစရိတ် တိုးမြင့်လာသည့်အတွက် လူနာများကျန်းမာရေးကုန်ကျ စရိတ်ကိုသက်သာသော်လည်း အစိုးရဆေးရုံ များ၌ ဆေးရုံဝန်ထမ်းများ၏ ဝန်ဆောင်မှုမှာလိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဒေါက်တာ မင်းသန်းညွှန့်က ပြောသည် ။ အစိုးရဆေးရုံ တိုင်း မှာ ဆေးရုံဝန်ထမ်း ရှားပါးတဲ့အတွက် သူတို့တွေမှာ အလုပ်ဝန် အရမ်းပိနေပါတယ် ။ ခုတင် ၁၀၀ ရှိတဲ့ဆေးရုံ ဆိုအမြဲ ခုတင် ၆၀ လောက် လူနာရှိနေတော့ ဝန်ထမ်းအင်အား က မနိုင်ပါဘူး ။ဒါကြောင့် လူနာကို ကောင်းကောင်းမွန်မွန်မဆက်ဆံပေးနိုင်ဘူး” ဟု ပြောသည် ။

Credit: Myanmar Times

Add a Comment

Your email address will not be published. Required fields are marked *