ေဒၚေအာင္ဆန္းစုၾကည္အေပၚကန႔္ကြက္မႈအား ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ပယ္ခ်၍ တိုင္းအဆင့္ထိတက္မည္ဟု ဦးေဌးေအာင္ေျပာဆို

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ပတ္သက္၍ ဦးေဌးေအာင္တင္ျပသည့္ ကန႔္ကြက္လႊာႏွင့္ပတ္သက္၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ႐ုံးသို႔ ဆက္သြယ္ေမးျမန္းရာတြင္မရရွိခဲ့ေပ။ သူသည္ကိုယ္စားလွယ္ေလာင္းတစ္ေယာက္ျဖစ္တဲ့အတြက္ ကန႔္ကြက္တဲ့အေပၚ ဘာမွမေျပာ လိုပါဘူး၊ ဒါသူ႔ လုပ္ပိုင္ခြင့္ကို သူလုပ္တာပါ”ဟု NLD ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ေျပာသည္။

ဦးေဌးေအာင္၏ေဒၚေအာင္ဆန္းစုၾကည္အေပၚကန႔္ကြက္လႊာကို ေ႐ြးေကာ္မွပယ္ခ်ခဲ့ေသာ္လည္း တိုင္းအဆင့္ထိ ဆက္တက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။ေဒၚေအာင္ဆန္းစုၾကည္သည္ ႏိုင္ငံျခားမွေငြေၾကးအေထာက္အပံ့ရယူျခင္း၊ ႏိုင္ ငံေတာ္ဘတ္ဂ်က္ကိုအသုံးခ်၍ မဲဆြယ္ စည္း႐ုံးေရးလုပ္ငန္းမ်ားေဆာင္႐ြက္သည္ဟုဆိုကာ ၾသဂုတ္ ၁၂ ရက္တြင္ ကန႔္ကြက္ခဲ့ျခင္းျဖစ္သည္။

ဦးေဌးေအာင္မွေဒၚေအာင္ဆန္းစုၾကည္အေပၚကန႔္ကြက္သည့္ ကန႔္လႊာကိုခ႐ိုင္အဆင့္အေနျဖင့္ပယ္ခ်ခဲ့ၿပီး တိုင္းအဆင့္ထိ ဆက္တက္မည္ ျဖစ္ၿပီး ဆက္လက္ပယ္ခ်ခံရပါက မွတ္တမ္းတစ္ခုအေနျဖင့္ က်န္ရစ္ေအာင္လုပ္မည္ျဖစ္ေၾကာင္း ၾသဂုတ္ ၁၆ ရက္ Orchid Hotel တြင္ျပဳလုပ္သည့္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ဦးေဌးေအာင္သည္ ေဒၚေအာင္ဆန္းစုၾကည္ယွဥ္ၿပိဳင္မည့္ ေကာ့မႉးမဲ ဆႏၵနယ္၌ ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ၎သာအျခားမဲဆႏၵနယ္တြင္ယွဥ္ၿပိဳင္ပါကလည္ မိမိအေနျဖင့္လိုက္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

REF: The Fifth Wave News

UNICODE

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဦးဌေးအောင်တင်ပြသည့် ကန့်ကွက်လွှာနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရုံးသို့ ဆက်သွယ်မေးမြန်းရာတွင်မရရှိခဲ့ပေ။ သူသည်ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်တဲ့အတွက် ကန့်ကွက်တဲ့အပေါ် ဘာမှမပြော လိုပါဘူး၊ ဒါသူ့ လုပ်ပိုင်ခွင့်ကို သူလုပ်တာပါ”ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ဦးဌေးအောင်၏ဒေါ်အောင်ဆန်းစုကြည်အပေါ်ကန့်ကွက်လွှာကို ရွေးကော်မှပယ်ချခဲ့သော်လည်း တိုင်းအဆင့်ထိ ဆက်တက်သွားမည်ဖြစ် ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားမှငွေကြေးအထောက်အပံ့ရယူခြင်း၊ နိုင် ငံတော်ဘတ်ဂျက်ကိုအသုံးချ၍ မဲဆွယ် စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်သည်ဟုဆိုကာ သြဂုတ် ၁၂ ရက်တွင် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ဦးဌေးအောင်မှဒေါ်အောင်ဆန်းစုကြည်အပေါ်ကန့်ကွက်သည့် ကန့်လွှာကိုခရိုင်အဆင့်အနေဖြင့်ပယ်ချခဲ့ပြီး တိုင်းအဆင့်ထိ ဆက်တက်မည် ဖြစ်ပြီး ဆက်လက်ပယ်ချခံရပါက မှတ်တမ်းတစ်ခုအနေဖြင့် ကျန်ရစ်အောင်လုပ်မည်ဖြစ်ကြောင်း သြဂုတ် ၁၆ ရက် Orchid Hotel တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဌေးအောင်သည် ဒေါ်အောင်ဆန်းစုကြည်ယှဉ်ပြိုင်မည့် ကော့မှူးမဲ ဆန္ဒနယ်၌ ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းသာအခြားမဲဆန္ဒနယ်တွင်ယှဉ်ပြိုင်ပါကလည် မိမိအနေဖြင့်လိုက်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

REF:  The  Fifth  Wave  News

Add a Comment

Your email address will not be published. Required fields are marked *