မေသန်းနုကို ပြောပါရစေ ကျွန်မ ပိုက်ဆံတွေ ပြန်ပေးပါ ကျွန်မ တောင်းပန်ပါတယ် ဆိုတဲ့ ဒေါ်စန်းစန်းမြင့်(ရုပ်သံ)





REF: LET PAN

UNICODE

နိုင်ငံကျော်ရုပ်ရှင်မင်းသမီး သရုပ်ဆောင်မေသန်းနုရဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့က ဖြေရှင်းပေးသွားမယ်လို့လည်း စင်ရော်မောင်မောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူး ပါတယ်။ မေသန်းနုဟာ နိုင်ငံကျော်ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။

ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားနဲ့ TV ကြော်ငြာတွေလည်း အများ ကြီးရိုက်ကူးထားသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာသက်တမ်း ကလည်း နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပါပြီ။ လက်ရှိ အမှုရင်ဆိုင်နေရ တဲ့အတွက် အနုပညာလောကသားတွေနဲ့ အတူ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ တရားလို ဒေါ်စန်းစန်းမြင့်က ပြောပြခဲ့ပါတယ်။

မေသန်းနုကို ပုဒ်မ၂၇၅/၁၇ ၊ ပုဒ်မ ၄၂၀ တို့နဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။ မေသန်း နုကိုတော့ ဒေါ်စန်းစန်းမြင့်က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ ထပ်မံ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ပိုက်ဆံ လိုချင်လို့ပဲ တရားရုံးကို တိုင်ရတာပါ ကျွန်မဘက်က ဘာစိတ်မှမရှိပါဘူး သူတို့ကို လည်း အသနားခံပါတယ်။

ဘဝ ပျက်ရတော့မယ့် ကျွန်မ ရဲ့ ပိုက်ဆံတွေ သူတို့ ပြန်ပေးမယ် ဆိုရင် ဝမ်းသာရမှာပါဟု ဒေါ်စန်းစန်းမြင့်ကဆိုသည်။တရားလို ဒေါ်စန်း စန်းမြင့်မှ သရုပ်ဆောင်မေသန်းနုကို တိုက်ခန်း တန်ဖိုးသိန်း ၄၀၀ ကားတစ်စီး ဘဏ်စာရွက် ၆၂၅ စုစုပေါင်း ငွေကျပ် သိန်း ၁၂၅၀ ပြန်ရလိုမှု နဲ့တရားစွဲဆိုထားပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *