(AA)အဖြဲ႕၏ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ လာမည့္ေ႐ြးေကာက္ပြဲအတြက္ စဥ္းစားစရာျဖစ္ေနၿပီဟု ရခိုင္နယ္လုံဝန္ႀကီးေျပာၿပီ

လာမယ့္ (၂၀၂၀)ေ႐ြးေကာက္ပြဲမွာ မွာ ရခိုင္ျပည္နယ္မွာ ၿပီးျပည္စုံေသာ၊ အားလုံးပါဝင္ေသာ၊ ျပည္သူအားလုံး ကိုယ္စားျပဳေသာ ေ႐ြး ေကာက္ပြဲျဖစ္ဖို႔ကေတာ့ သိပ္မျမင္ဘူး’’ဟု ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ALD ေျပာေရးဆိုခြင့္ရွိသူ ဦးမ်ိဳး ေက်ာ္က သုံးသပ္ေျပာဆိုလိုက္သည္။ ရခိုင္ျပည္နယ္တြင္ တပ္မ ေတာ္ႏွင့္ AA ၾကားတိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနသည္မွာ တစ္ႏွစ္ခြဲေက်ာ္ ၾကာျမင့္လာၿပီ ျဖစ္သည္။

ေဒသခံႏွစ္သိန္းနီးပါး ေနရပ္စြန႔္ ခြာေနရသည္။ေ႐ြးေကာက္ ပြဲေကာ္မရွင္ကမူ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အားလုံးအတြက္ မဲဆႏၵ နယ္ေျမမ်ား ကို သတ္မွတ္ထုတ္ ျပန္ထားသည္။လက္နက္ကိုင္(AA)၏ လုပ္ေဆာင္ခ်က္ မ်ားေၾကာင့္ ေဒသတြင္း တရားမွ် တသည့္ ေ႐ြး ေကာက္ ပြဲ မ်ား ျဖစ္ႏိုင္ျခင္း ရွိ၊ မရွိ စဥ္းစား စရာျဖစ္ေနသည္ဟု ရခိုင္ျပည္ နယ္ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းက ေျပာသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရပ္‌‌ေက်း အုပ္ခ်ဳပ္ေရးမႉးမ်ား လုပ္ႀကံသတ္ ျဖတ္ခံရျခင္းမ်ားေၾကာင့္ ေဒသလုံၿခဳံေရးအ‌ေျခအ‌ေနႏွင့္ ၂၀၂၀ ေ႐ြး ေကာက္ပြဲ အေနအထားမ်ားႏွင့္ ပတ္သက္၍ ေမးျမန္းမႈအေပၚ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။AA အဖြဲ႕အေနျဖင့္ တရား ဥပေဒစိုး မိုးေရးယႏၲရားကို ေႏွာင့္ ယွက္ၿခိမ္းေျခာက္မႈမ်ား ဆက္ တိုက္ျပဳလုပ္ေနသည္ဟု နယ္လုံ ဝန္ႀကီးကေျပာသည္။

ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ALD ေျပာေရးဆိုခြင့္ရွိသူ ဦးမ်ိဳး ေက်ာ္ကမူ ရခိုင္ျပည္နယ္ရွိ အခ်ိဳ႕ေက်း႐ြာမ်ားတြင္ အုပ္ခ်ဳပ္ေရးမႉးမ်ားပင္ မရွိ ေတာ့ေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ အခက္အခဲမ်ားရွိေၾကာင္း ေျပာၾကား သည္။

REF: 7DAY DAILY

UNICODE

လာမယ့် (၂၀၂၀)ရွေးကောက်ပွဲမှာ မှာ ရခိုင်ပြည်နယ်မှာ ပြီးပြည်စုံသော၊ အားလုံးပါဝင်သော၊ ပြည်သူအားလုံး ကိုယ်စားပြုသော ရွေး ကောက်ပွဲဖြစ်ဖို့ကတော့ သိပ်မမြင်ဘူး’’ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပြောရေးဆိုခွင့်ရှိသူ ဦးမျိုး ကျော်က သုံးသပ်ပြောဆိုလိုက်သည်။ ရခိုင်ပြည်နယ်တွင် တပ်မ တော်နှင့် AA ကြားတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့်လာပြီ ဖြစ်သည်။

ဒေသခံနှစ်သိန်းနီးပါး နေရပ်စွန့် ခွာနေရသည်။ရွေးကောက် ပွဲကော်မရှင်ကမူ ရခိုင်ပြည်နယ် မြို့နယ်အားလုံးအတွက် မဲဆန္ဒ နယ်မြေများ ကို သတ်မှတ်ထုတ် ပြန်ထားသည်။လက်နက်ကိုင်(AA)၏ လုပ်ဆောင်ချက် များကြောင့် ဒေသတွင်း တရားမျှ တသည့် ရွေး ကောက် ပွဲ များ ဖြစ်နိုင်ခြင်း ရှိ၊ မရှိ စဉ်းစား စရာဖြစ်နေသည်ဟု ရခိုင်ပြည် နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်‌‌ကျေး အုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ် ဖြတ်ခံရခြင်းများကြောင့် ဒေသလုံခြုံရေးအ‌ခြေအ‌နေနှင့် ၂၀၂၀ ရွေး ကောက်ပွဲ အနေအထားများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။AA အဖွဲ့အနေဖြင့် တရား ဥပဒေစိုး မိုးရေးယန္တရားကို နှောင့် ယှက်ခြိမ်းခြောက်မှုများ ဆက် တိုက်ပြုလုပ်နေသည်ဟု နယ်လုံ ဝန်ကြီးကပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပြောရေးဆိုခွင့်ရှိသူ ဦးမျိုး ကျော်ကမူ ရခိုင်ပြည်နယ်ရှိ အချို့ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများပင် မရှိ တော့ကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများရှိကြောင်း ပြောကြား သည်။

REF:  7DAY DAILY

Add a Comment

Your email address will not be published. Required fields are marked *