ကားဝယ္မယ္ဆို ဝစ္ေသာက္ ကားေတြ၊ ဝွီးတက္ အတု ေတြ နဲ႔ ဂ်င္းထည့္ မခံ ရေအာင္ စစ္ ေဆး နည္း

ေမာ္ေတာ္ယာဥ္ေတြကို (1.1.2019) ရက္ကစလို႔ ကားနံပါတ္ျပား ေတြမွာ QR ကုတ္ထည့္သြင္းျခင္း စနစ္စတင္ခဲ့ၿပီး လက္ရွိ ရွိပီးသားကား နံပါတ္ျပားေတြကိုလဲ သက္တမ္းတိုးတဲ့အခ်ိန္ ဒါမွမဟုတ္ ျပန္ေလွ်ာက္တဲ့အခ်ိန္ေတြမွာျဖစ္ျဖစ္ အခုလို QR ကုတ္နဲ႔နံပါတ္ျပား ျပန္လဲလွယ္ ထုတ္ေပးတယ္ အဲဒီလို QR ကုတ္ ဖတ္ၿပီးတဲ့အခ်ိန္ကတည္းက ဒီကားဟာ W မဟုတ္ဘူးဆိုတာ ငါသိသြားတဲ့ေလ ကဲရွင္းၿပီလား”။ “ရွင္း ပါၿပီ သူငယ္ခ်င္းေရ မင္းရဲ႕စာဖတ္ပရိတ္သတ္ထဲက မရွင္းတဲ့ မိတ္ေဆြ ေတြကေတာ့ မင္းကို ေမးၾကေတာ့မယ္ေကာင္ေရ မင္းကိုယ္စား ေျပာေပးပါ့မယ္ကြာ ျပည့္ျပည့္စုံစုံ post တင္ေပးထားၿပီးသားေတြ ရွာၿပီးေတာ့ေလ့လာေပးပါလို႔” “။

ဟုတ္ပါၿပီကြာ မင္းတို႔ ႏွစ္ေကာင္ကိုလည္း ငါေျပာခ်င္ေသးတယ္ ငါကေလ့လာေရးအားေကာင္းသူ ယာဥ္စည္းကမ္းနဲ႔ ပတ္သက္ရင္ အကဲ မစမ္းနဲ႔ ပြဲၾကမ္းသြားမယ္လို႔” ။တစ္ေန႔သ၌ ကြၽန္ေတာ္ သည္ တာဝန္ ထမ္းေဆာင္ ေနစဥ္ သူငယ္ခ်င္း တစ္ဦးမွ ဖုန္းဆက္လာသည္ အေရး ႀကီးလို႔လာေတြ႕ပါမည္ဟုဆိုရာ လာခဲ့ပါဟု ေခၚလိုက္သည္။ ကြၽန္ေတာ့္သူငယ္ခ်င္းႏွစ္ေယာက္ ကားတစ္စီးျဖင့္ေရာက္လာၾကသည္ ကား မွာ အလြန္ေဟာင္းႏြမ္းေနၿပီး ကားနံပါတ္မွာေတာ့ မၾကာေသး ခင္ကထြက္ခဲ့သည့္ 4Q နံပါတ္ ျဖစ္ေလသည္။အေၾကာင္းရင္းအား ေမးျမန္ ေသာ္ ဤသို႔ ဆိုၾကသည္ ယခုစီးလာသည့္ ကားအား လိုင္စင္ရွိ မရွိ အစစ္ဟုတ္မဟုတ္ခြဲျခားသိခ်င္သည္။

ကားမွာ ၎တို႔ အသိကားျဖစ္ၿပီး ထိုအသိ လူမွ အေရးတႀကီးေငြလိုသျဖင့္ ဤကားအားထားခဲ့ကာ ေငြခဏလွည့္ယူသြားျခင္းျဖစ္၍ ကားမွာ Without ျဖစ္ခဲ့ေသာ္ ၎တို႔မွာ ျပသနာျဖစ္မည္စိုးပါသျဖင့္ ရွင္းရွင္းလင္းလင္းသိခ်င္ပါေသာေၾကာင့္ ကူညီၾကည့္ေပးပါဟု ဆိုၾကေလ သည္။ကြၽန္ေတာ္က ထိုးကားအား ၾကည့္ၾကည့္သည္ ေရွ႕နံပါတ္ျပားအား လက္ျဖင့္ တစ္ခ်က္ေတာက္ ၾကည့္သည္ “ထုတ္” ဟူေသာအသံ ထြက္လာသည္ နံပါတ္ျပား ေလးအား တခ်က္ပြတ္ရင္း ကြၽန္ေတာ့္ဖုန္း ကင္မရာေလးျဖင့္ ပုံေလးတစ္ပုံ႐ိုက္လိုက္သည္ ႐ိုက္ထားသည့္ ပုံေလးအားၾကည့္ကာ ကြၽန္ေတာ္ တစ္ခ်က္ၿပဳံးလိုက္ မိသည္။

ေနာက္နံပါတ္ျပားဆီသို႔ေလွ်ာက္ကာ လက္ျဖင့္တစ္ခ်က္ေတာက္ၾကည့္သည္ “တံ” ကနဲ႔ အသံထြက္လာသည္ ကြၽန္ေတာ့္ နိမ္းပလိပ္ျပားမွ သံလိုက္ကို ယူ၍ ေနာက္နံပါတ္ျပားအားကပ္ၾကည့္သည္ ခ်က္ကနဲ႔ ကပ္သြားသည္။ “ေနာက္နံပါတ္ျပားက အမွားႀကီးကြ ယာဥ္လိုင္စင္ (ဝွီး တက္) ခဏျပကြာ” သူငယ္ခ်င္းက ဝွီးတက္ကို ကမ္းေပးသည္ ” ဝွီးတတ္ကလဲ အတုႀကီးကြေဟ့ေကာင္ေတြရ” ကြၽန္ေတာ္က ဆိုေသာ္သူ ငယ္ခ်င္းႏွစ္ေယာက္မွာ ” ဟုတ္လား”ဟု တအံတၾသၿပိဳင္တူဆိုၾက‌ေလသည္။ခဏထိုင္ ၾကပါအုံးကြာ” ကြၽန္ေတာ္ က ဖုန္းတစ္ခ်က္ ဆက္ ေနလိုက္သည္ ထို႔ေနာက္ Viber မွာဖြင့္၍ ၾကည့္ေနမိသည္ Viber ဖြင့္မိေတာ့ ယာဥ္စည္းကမ္းေမးထားသည့္ စာေလးမ်ားေတြ႕ျပန္၍။

ျပန္ေျဖေနမိျပန္သည္။” ေဟ့ေကာင္ လုပ္ဟျမန္ျမန္ အတု အစစ္သိခ်င္ ပါတယ္ဆို မင္းက Viber သုံးေနေသးတယ္” ” ေအးပါ ခဏပါကြ ဒီမွာ ေမးထားတာေလးေတြ reply လုပ္ေနလို႔ ခဏပါကြာ” ကြၽန္ေတာ္က ဆယ္မိနစ္ေလာက္အခ်ိန္ျဖဳန္းလိုက္သည္ ကဲ ေျပာမယ္ ဟုဆို လိုက္ရာ သူငယ္ခ်င္းႏွစ္ေယာက္ အနားကပ္လာၾကသည္။” အင္း ကားက လိုင္စင္ရွိပါတယ္ Without ေတာ့မဟုတ္ပါဘူး အစစ္ပါ” ” ဟင္ မင္းေျပာေတာ့ ေနာက္နံပါတ္ျပားကလဲအမွား ဝွီးတတ္ကလဲ အတုဆိုကြ” ” အင္းေလကြာ” ”။ အဲ့ဒါဆိုမွေတာ့ W ႀကီးေပါ့ဟ ေဟ့ေကာင္း ရွင္းရွင္းလင္းလင္းေျပာကြာ စကားကို ရႈပ္ေအာင္မ‌ေျပာနဲ႔” ” OK OK ပါကြာ ဒီလိုပါ ငါရွင္းျပပါ့မယ္”။

သူငယ္ခ်င္းမ်ားအား ဤသို႔ရွင္းျပမိေလသည္။“ေရွ႕နံပါတ္ျပား က အမွန္ကြ လက္နဲ႔ေတာက္ၾကည့္ရင္ “ထုတ္”ကနဲ႔အသံ ထြက္တယ္ ဒါက သတၳဳျပားမို႔ အဲ့သတၳဳျပားက သံလိုက္ဆို သိပ္မကပ္ခ်င္ဘူးေလ ေနာက္နံပါတ္ျပားကေတာ့ အမွားကြ လက္နဲ႔ေတာက္ၾကည့္ေတာ့ “တံ” က နဲ႔အသံထြက္တာ ဒါကသံျပားမို႔ သံလိုက္လဲေျပးကပ္တယ္ေလ တရားဝင္နံပါတ္ျပားဆိုတာ သတၳဳျပားကြ ဒါေပမဲ့ ကားပိုင္ရွင္ဟာ အ ေၾကာင္းတစ္ခုခုေၾကာင့္ ေနာက္နံပါတ္ျပားမထင္ရွားေတာ့လို႔ အသစ္မရခင္ သံျပားခဏတပ္ထားတာ” ကြၽန္ေတာ္၏စကားမ်ားအား သူ ငယ္ခ်င္းမ်ားက စိတ္ဝင္တစားနားေထာင္ေနၾကသည္ ကြၽန္ေတာ္က ၎တို႔၏မ်က္ႏွာမ်ားကိုၾကည့္ရင္း ဆက္၍ေျပာသည္။

“ဝွီးတတ္ ကေတာ့ ကြန္ပ်ဴတာနဲ႔ စခ႐ြင္ဖက္ၿပီး ပရင့္ထုတ္ထားတာ အစစ္နီးနီးထင္မွတ္ရေအာင္ လက္ရာေျမာက္တယ္ ဒါေပမဲ့ ဒါမ်ိဳး စခရင္ဖတ္ထားတာမ်ိဳးတို႔ မိတၳဳတို႔က သုံးခြင့္မရွိဘူး ဝွီးတတ္အစစ္ပဲ ယာဥ္နဲ႔အတူတပါတည္းပါရွိရမွာ” ” ဒါဆို ေနာက္နံပါတ္ျပားကလည္း အမွား ဝွီးတက္ကလည္းအတုဆိုေတာ့ စည္းကမ္းနဲ႔မညီ ဘူးေပါ့ေနာ” “ဟုတ္တယ္ စည္းကမ္းနဲ႔ေတာ့မညီဘူး အဲ့ ဒီးကားမွာ ေတာ့ နံပါတ္ ျပားအစစ္တစ္ခုေရာ ဝွီးတက္အစစ္ေရာကားထဲမွာ‌ေတာ့ပါပါတယ္ ေဟာ့ဒီမွာ ဒါကဝွီးတက္အစစ္” ကြၽန္ေတာ္က ကားအတြင္း‌ ေရွ႕ ေဘး ခုံေခါင္းေပၚရွိေနကာျပား‌ေလးၾကားမွ ဝွီးတက္အစစ္အားထုတ္ျပလိုက္သည္။

“ေဟ့ မင္းက ဘယ္လိုလုပ္ ဒီမွာ ဝွီးတတ္‌ေနာက္တစ္ခုရွိမွန္းသိတာလဲကြ” “သိတာေပါ့ကြာ ေနမ်ိဳးသူရေလ သိတယ္မို႔လား ဟဲဟဲ” ကြၽန္ ေတာ္က ေအာင္ႏိုင္သူႀကီးေလသံျဖင့္ ခႏိုးခနဲ႔ေလးေျပာလိုက္သည္သည္ “ေနပါအုံးသူငယ္ခ်င္းရ ဝွီးတတ္အတုအစစ္ကို မင္းဘယ္လိုခြဲျခား တာလဲ” ” ဒါကေတာ့ အလုပ္ကသင္သြားတာေလ ခြဲျခားစစ္နည္းကေတာ့ ေပါင္းစုံရွိတယ္ ငါတို႔ကလုပ္ေနက်မို႔မ်က္ျမင္နဲ႔တင္သိေနတာ” ” ဒီးၾကား‌ေလးထဲမွာဝွီးတတ္အစစ္ရွိတာေရာ ဘယ္လိုလုပ္သိလဲ” ” အဲ့ဒါကေတာ့ ေဟာ့ဟိုကလာေနတဲ့ ဒီကားပိုင္ရွင္ ဆရာဝန္ကေျပာတာ ကြ” ဟုကြၽန္ေတာ္ေျပာလိုက္ေသာ္ သူငယ္ခ်င္းႏွစ္ေယာက္မွာ အလြန္ပင္အံဩစြာျဖင့္။

ကြၽန္ေတာ္လက္ညႇိဳးၫႊန္ရာသို႔ ၿပိဳင္တူၾကည့္ၾကေလသည္။ မွန္ပါသည္ ဆရာဝန္ဟူေသာလူတစ္ေယာက္ ကြၽန္ေတာ္တို႔စီလမ္းေလွ်ာက္၍ လာေနေလသည္။” မဂၤလာပါကိုေနမ်ိဳးသူရ လူေတာ့ခုမွေတြ႕ဘူးတယ္ စာေတြေတာ့ ဖတ္ေနရတာၾကာပါၿပီ” ” ဟုတ္ကဲ့ေဒါက္တာ မဂၤလာ ပါဗ် ဒါနဲ႔ ေဒါက္တာ ေဒါက္တာ့ကားကို လူေတာ္ေတာ္မ်ားမ်ားက စိုက္ၾကည့္ၾကမွာပဲေနာ္” ” ဟုတ္တယ္ကိုေနမ်ိဳး ဆရာကေတာ့ စိုက္ မၾကည့္ဘူးမို႔လားဗ်” ကြၽန္ေတာ္တို႔စကားေျပာေနစဥ္ သူငယ္ခ်င္းမ်ားက ပါးစပ္အေဟာင္းသားျဖင့္ၾကည့္ေနၾကသည္ တစ္ေယာက္က ဝင္ေမးသည္။ “အစထဲက သိ‌ေနၾကတာလားကြ” “ဟင့္အင္း ခုမွစေတြ႕ဖူးတာ” သူငယ္ခ်င္းမ်ားပို၍နားရႈပ္သြားၾကသည္ မွန္ပါသည္။

ဤဆရာဝန္အား ကြၽန္ေတာ္အခုမွ ေတြ႕ဘူးျခင္းျဖစ္ပါသည္။ “ငါတို႔ကိုလည္းရွင္းျပပါဦးကြာ” သူငယ္ခ်င္းမ်ားကဆိုသည္ ကြၽန္ေတာ္ ရွင္းျပရပါေလေတာ့သည္။“ဒီလိုကြာ ငါေစာေစာက ဖုန္းခဏၾကည့္တယ္ေလ အဲ့ဒါ ဒီကားနံပါတ္ကို ငါ့ဖုန္းထဲ႐ိုက္ထည့္လို႔ ကားပိုင္ရွင္ ဘယ္သူဆိုတာ ရွာၾကည့္တာကြ ဒါနဲ႔လိပ္စာမွာ ၿမိဳ႕၊ ရက္ကြက္၊ မွတ္ပုံတင္အမွတ္ အျပည့္အစုံေတြ႕တယ္ေလ ၿမိဳ႕ကဥတၱရသီရိၿမိဳ႕တဲ့ ေနာက္ၿပီး မင္းတို႔ကားမွာလဲ ေဆး႐ုံတံဆိပ္ေလးေတြ႕တာနဲ႔ ဥတၱရသီရိေဆး႐ုံကို ဖုန္းလွမ္းဆက္ၾကည့္တယ္ လိပ္စာထဲက နဲ႔တူတဲ့သူ အဲ့ဒီမွာရွိသလားေပါ့ တိုက္တိုက္ဆိုင္ဆိုင္ ဆရာဝန္တစ္ေယာက္အမည္နဲ႔တူလို႔ ေဆး႐ုံကအဲ့ဒီဆရာဝန္ဖုန္းနံပါတ္ေပးတယ္။

ငါလဲဖုန္းဆက္ၾကည့္ေတာ့ ဟုတ္တယ္ သူ႔ကားပါတဲ့ ဝွီးတတ္အစစ္က ေရွ႕ ေဘးခုံေခါင္းေပၚက ေနကာျပားၾကားမွာရွိပါတယ္ ေနာက္နံ ပါတ္ျပားလည္း ေနာက္ဖုံးထဲ မွာပါတဲ့ ၾကည့္လိုက္ပါဆိုၿပီးေျပာတယ္ မယုံမွာစိုးလို႔ Viber ကေန ပုံလွမ္းပို႔တယ္ေလ ေနာက္ပီးေျပာေသး တယ္ သူ႔သူငယ္ခ်င္းမင္းတို႔ႏွစ္ေယာက္က ယာဥ္ထိန္းကသူငယ္ခ်င္းကို ပညာစမ္းခ်င္လို႔ ခဏကားငွားလိုက္ပါဆိုပီးယူသြားတယ္တဲ့ ကဲ ရွင္းပီလားေဟ့ေကာင္ေတြရ” ကြၽန္ေတာ္ရွင္းျပေတာ့ သူငယ္ခ်င္းႏွစ္ေယာက္က အံၾသမႈတပိုင္း အလိမ္ေပၚ႐ုပ္တပိုင္းျဖစ္ေနၾကသည္။ “ေနအုံးေဟ့ေကာင္ တစ္ခုက်န္ေသးတယ္ မင္းေျပာတာ ဘာတဲ့ ဒီကားကို လူေတြ စိုက္ၾကည့္ၾကတယ္တဲ့။

အဲ့ဒါဘာတုံး ဘာေၾကာင့္ ဒီကားကိုစိုက္ၾကည့္ၾကတာတုံးကြ” “ေအာ္ ဒါလား ဒီမွာ ကားကိုၾကည့္စမ္း ဟိုး ပေဝနသီေခာတ္တုံးကေပၚခဲ့တဲ့ M2 ကား ဟုတ္တယ္ေနာ္ နံပါတ္ကိုၾကေတာ့ၾကည့္လိုက္ အၾကာေသးခင္ကမွေမြးဖြားလာတဲ့နံပါတ္ 4Q တဲ့ ကားနဲ႔နံပါတ္ မအပ္စပ္ဘူးေလ ဒီးေတာ့ ထင္ေရာင္ထင္မွား အမွားလိုလိုျဖစ္စရာကားျဖစ္ေနေတာ့ အၾကည့္ခံရၿပီးေပါ့ကြာ” “ေအာ္အဲသည္လိုကိုး ဘာျဖစ္လို႔အဲ့သည္လိုလို ျဖစ္ေနတာလဲဟ ကားကအေဟာင္း နံပါတ္ကအသစ္ လုပ္ပါဦးကြာရွင္းပါဦး။”” ဒါကလည္းဒီလိုပါကြာ ဒီကားေတြက သိမ္းဆည္း ခံထားရ တဲ့ကားေတြ ေလလံေအာင္ၿပီး လိုင္စင္ျပန္ဝင္လို႔ အခုလို႔ ကားကေဟာင္းၿပီး နံပါတ္ကသစ္ေနတာ” “။

ေအာ္ေအာ္ ဒီလိုကိုး ရွင္းပါၿပီဗ်ာ ေနာက္ဆုံးတစ္ခုေလးပဲ‌ေမးပါေတာ့မယ္ ေရွ႕နံပါတ္ျပားကို ဖုန္းနဲ႔ဓာတ္ပုံ႐ိုက္ၿပီး ၿပဳံးသြားတာကေရာ ဘာ လို႔လဲကြာ လုပ္ပါအုံး”“ဒါလား အင္း ေျပာမယ္ေလ မင္းတို႔တင္မကဘူး ငါ့ရဲ႕စာဖတ္ပရိတ္သတ္ပါ အဲဒါေလးေတာ့သိေစခ်င္တယ္ေလ ဒီလို ကြ ေရွ႕နံပါတ္ျပားမွာ မင္းတို႔ေသခ်ာၾကည့္ QR ကုတ္ေလးေတြ႕လိမ့္မယ္ အဲ့ဒီ QR ကုတ္ကို ဖုန္က QR ကုတ္ဖတ္တဲ့ေဆာ့ဝဲနဲ႔ ဖတ္လိုက္ ရင္ ဒီနံပါတ္ျပားဟာ ဘယ္စက္႐ုံကထုတ္တယ္ဆိုတာေတြရယ္ အထက္ျမန္မာျပည္စက္႐ုံကလား ေအာင္ျမန္မာျပည္စက္႐ုံကလား ရွမ္း ျပည္ဘက္ကလား စသည္ျဖင့္ေပါ့ ထုတ္လုပ္တဲ့စက္႐ုံကိုလဲသိရတဲ့အျပင္ ယာဥ္ရဲ႕အခ်က္အလက္ေတြပါ QR ကုတ္ထဲမွာပါရွိပါတယ္။ ေနာက္ပီး နံပါတ္စဥ္ (စီနီယာ)အလိုက္မို႔ အတုရန္ကလဲ ပိုစိတ္ခ်ရတယ္ေလ။

ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ (15.8.2020)

UNICODE

မော်တော်ယာဉ်တွေကို (1.1.2019) ရက်ကစလို့ ကားနံပါတ်ပြား တွေမှာ QR ကုတ်ထည့်သွင်းခြင်း စနစ်စတင်ခဲ့ပြီး လက်ရှိ ရှိပီးသားကား နံပါတ်ပြားတွေကိုလဲ သက်တမ်းတိုးတဲ့အချိန် ဒါမှမဟုတ် ပြန်လျှောက်တဲ့အချိန်တွေမှာဖြစ်ဖြစ် အခုလို QR ကုတ်နဲ့နံပါတ်ပြား ပြန်လဲလှယ် ထုတ်ပေးတယ် အဲဒီလို QR ကုတ် ဖတ်ပြီးတဲ့အချိန်ကတည်းက ဒီကားဟာ W မဟုတ်ဘူးဆိုတာ ငါသိသွားတဲ့လေ ကဲရှင်းပြီလား”။ “ရှင်း ပါပြီ သူငယ်ချင်းရေ မင်းရဲ့စာဖတ်ပရိတ်သတ်ထဲက မရှင်းတဲ့ မိတ်ဆွေ တွေကတော့ မင်းကို မေးကြတော့မယ်ကောင်ရေ မင်းကိုယ်စား ပြောပေးပါ့မယ်ကွာ ပြည့်ပြည့်စုံစုံ post တင်ပေးထားပြီးသားတွေ ရှာပြီးတော့လေ့လာပေးပါလို့” “။

ဟုတ်ပါပြီကွာ မင်းတို့ နှစ်ကောင်ကိုလည်း ငါပြောချင်သေးတယ် ငါကလေ့လာရေးအားကောင်းသူ ယာဉ်စည်းကမ်းနဲ့ ပတ်သက်ရင် အကဲ မစမ်းနဲ့ ပွဲကြမ်းသွားမယ်လို့” ။တစ်နေ့သ၌ ကျွန်တော် သည် တာဝန် ထမ်းဆောင် နေစဉ် သူငယ်ချင်း တစ်ဦးမှ ဖုန်းဆက်လာသည် အရေး ကြီးလို့လာတွေ့ပါမည်ဟုဆိုရာ လာခဲ့ပါဟု ခေါ်လိုက်သည်။ ကျွန်တော့်သူငယ်ချင်းနှစ်ယောက် ကားတစ်စီးဖြင့်ရောက်လာကြသည် ကား မှာ အလွန်ဟောင်းနွမ်းနေပြီး ကားနံပါတ်မှာတော့ မကြာသေး ခင်ကထွက်ခဲ့သည့် 4Q နံပါတ် ဖြစ်လေသည်။အကြောင်းရင်းအား မေးမြန် သော် ဤသို့ ဆိုကြသည် ယခုစီးလာသည့် ကားအား လိုင်စင်ရှိ မရှိ အစစ်ဟုတ်မဟုတ်ခွဲခြားသိချင်သည်။

ကားမှာ ၎င်းတို့ အသိကားဖြစ်ပြီး ထိုအသိ လူမှ အရေးတကြီးငွေလိုသဖြင့် ဤကားအားထားခဲ့ကာ ငွေခဏလှည့်ယူသွားခြင်းဖြစ်၍ ကားမှာ Without ဖြစ်ခဲ့သော် ၎င်းတို့မှာ ပြသနာဖြစ်မည်စိုးပါသဖြင့် ရှင်းရှင်းလင်းလင်းသိချင်ပါသောကြောင့် ကူညီကြည့်ပေးပါဟု ဆိုကြလေ သည်။ကျွန်တော်က ထိုးကားအား ကြည့်ကြည့်သည် ရှေ့နံပါတ်ပြားအား လက်ဖြင့် တစ်ချက်တောက် ကြည့်သည် “ထုတ်” ဟူသောအသံ ထွက်လာသည် နံပါတ်ပြား လေးအား တချက်ပွတ်ရင်း ကျွန်တော့်ဖုန်း ကင်မရာလေးဖြင့် ပုံလေးတစ်ပုံရိုက်လိုက်သည် ရိုက်ထားသည့် ပုံလေးအားကြည့်ကာ ကျွန်တော် တစ်ချက်ပြုံးလိုက် မိသည်။

နောက်နံပါတ်ပြားဆီသို့လျှောက်ကာ လက်ဖြင့်တစ်ချက်တောက်ကြည့်သည် “တံ” ကနဲ့ အသံထွက်လာသည် ကျွန်တော့် နိမ်းပလိပ်ပြားမှ သံလိုက်ကို ယူ၍ နောက်နံပါတ်ပြားအားကပ်ကြည့်သည် ချက်ကနဲ့ ကပ်သွားသည်။ “နောက်နံပါတ်ပြားက အမှားကြီးကွ ယာဉ်လိုင်စင် (ဝှီး တက်) ခဏပြကွာ” သူငယ်ချင်းက ဝှီးတက်ကို ကမ်းပေးသည် ” ဝှီးတတ်ကလဲ အတုကြီးကွဟေ့ကောင်တွေရ” ကျွန်တော်က ဆိုသော်သူ ငယ်ချင်းနှစ်ယောက်မှာ ” ဟုတ်လား”ဟု တအံတသြပြိုင်တူဆိုကြ‌လေသည်။ခဏထိုင် ကြပါအုံးကွာ” ကျွန်တော် က ဖုန်းတစ်ချက် ဆက် နေလိုက်သည် ထို့နောက် Viber မှာဖွင့်၍ ကြည့်နေမိသည် Viber ဖွင့်မိတော့ ယာဉ်စည်းကမ်းမေးထားသည့် စာလေးများတွေ့ပြန်၍။

ပြန်ဖြေနေမိပြန်သည်။” ဟေ့ကောင် လုပ်ဟမြန်မြန် အတု အစစ်သိချင် ပါတယ်ဆို မင်းက Viber သုံးနေသေးတယ်” ” အေးပါ ခဏပါကွ ဒီမှာ မေးထားတာလေးတွေ reply လုပ်နေလို့ ခဏပါကွာ” ကျွန်တော်က ဆယ်မိနစ်လောက်အချိန်ဖြုန်းလိုက်သည် ကဲ ပြောမယ် ဟုဆို လိုက်ရာ သူငယ်ချင်းနှစ်ယောက် အနားကပ်လာကြသည်။” အင်း ကားက လိုင်စင်ရှိပါတယ် Without တော့မဟုတ်ပါဘူး အစစ်ပါ” ” ဟင် မင်းပြောတော့ နောက်နံပါတ်ပြားကလဲအမှား ဝှီးတတ်ကလဲ အတုဆိုကွ” ” အင်းလေကွာ” ”။ အဲ့ဒါဆိုမှတော့ W ကြီးပေါ့ဟ ဟေ့ကောင်း ရှင်းရှင်းလင်းလင်းပြောကွာ စကားကို ရှုပ်အောင်မ‌ပြောနဲ့” ” OK OK ပါကွာ ဒီလိုပါ ငါရှင်းပြပါ့မယ်”။

သူငယ်ချင်းများအား ဤသို့ရှင်းပြမိလေသည်။“ရှေ့နံပါတ်ပြား က အမှန်ကွ လက်နဲ့တောက်ကြည့်ရင် “ထုတ်”ကနဲ့အသံ ထွက်တယ် ဒါက သတ္ထုပြားမို့ အဲ့သတ္ထုပြားက သံလိုက်ဆို သိပ်မကပ်ချင်ဘူးလေ နောက်နံပါတ်ပြားကတော့ အမှားကွ လက်နဲ့တောက်ကြည့်တော့ “တံ” က နဲ့အသံထွက်တာ ဒါကသံပြားမို့ သံလိုက်လဲပြေးကပ်တယ်လေ တရားဝင်နံပါတ်ပြားဆိုတာ သတ္ထုပြားကွ ဒါပေမဲ့ ကားပိုင်ရှင်ဟာ အ ကြောင်းတစ်ခုခုကြောင့် နောက်နံပါတ်ပြားမထင်ရှားတော့လို့ အသစ်မရခင် သံပြားခဏတပ်ထားတာ” ကျွန်တော်၏စကားများအား သူ ငယ်ချင်းများက စိတ်ဝင်တစားနားထောင်နေကြသည် ကျွန်တော်က ၎င်းတို့၏မျက်နှာများကိုကြည့်ရင်း ဆက်၍ပြောသည်။

“ဝှီးတတ် ကတော့ ကွန်ပျူတာနဲ့ စခရွင်ဖက်ပြီး ပရင့်ထုတ်ထားတာ အစစ်နီးနီးထင်မှတ်ရအောင် လက်ရာမြောက်တယ် ဒါပေမဲ့ ဒါမျိုး စခရင်ဖတ်ထားတာမျိုးတို့ မိတ္ထုတို့က သုံးခွင့်မရှိဘူး ဝှီးတတ်အစစ်ပဲ ယာဉ်နဲ့အတူတပါတည်းပါရှိရမှာ” ” ဒါဆို နောက်နံပါတ်ပြားကလည်း အမှား ဝှီးတက်ကလည်းအတုဆိုတော့ စည်းကမ်းနဲ့မညီ ဘူးပေါ့နော” “ဟုတ်တယ် စည်းကမ်းနဲ့တော့မညီဘူး အဲ့ ဒီးကားမှာ တော့ နံပါတ် ပြားအစစ်တစ်ခုရော ဝှီးတက်အစစ်ရောကားထဲမှာ‌တော့ပါပါတယ် ဟော့ဒီမှာ ဒါကဝှီးတက်အစစ်” ကျွန်တော်က ကားအတွင်း‌ ရှေ့ ဘေး ခုံခေါင်းပေါ်ရှိနေကာပြား‌လေးကြားမှ ဝှီးတက်အစစ်အားထုတ်ပြလိုက်သည်။

“ဟေ့ မင်းက ဘယ်လိုလုပ် ဒီမှာ ဝှီးတတ်‌နောက်တစ်ခုရှိမှန်းသိတာလဲကွ” “သိတာပေါ့ကွာ နေမျိုးသူရလေ သိတယ်မို့လား ဟဲဟဲ” ကျွန် တော်က အောင်နိုင်သူကြီးလေသံဖြင့် ခနိုးခနဲ့လေးပြောလိုက်သည်သည် “နေပါအုံးသူငယ်ချင်းရ ဝှီးတတ်အတုအစစ်ကို မင်းဘယ်လိုခွဲခြား တာလဲ” ” ဒါကတော့ အလုပ်ကသင်သွားတာလေ ခွဲခြားစစ်နည်းကတော့ ပေါင်းစုံရှိတယ် ငါတို့ကလုပ်နေကျမို့မျက်မြင်နဲ့တင်သိနေတာ” ” ဒီးကြား‌လေးထဲမှာဝှီးတတ်အစစ်ရှိတာရော ဘယ်လိုလုပ်သိလဲ” ” အဲ့ဒါကတော့ ဟော့ဟိုကလာနေတဲ့ ဒီကားပိုင်ရှင် ဆရာဝန်ကပြောတာ ကွ” ဟုကျွန်တော်ပြောလိုက်သော် သူငယ်ချင်းနှစ်ယောက်မှာ အလွန်ပင်အံဩစွာဖြင့်။

ကျွန်တော်လက်ညှိုးညွှန်ရာသို့ ပြိုင်တူကြည့်ကြလေသည်။ မှန်ပါသည် ဆရာဝန်ဟူသောလူတစ်ယောက် ကျွန်တော်တို့စီလမ်းလျှောက်၍ လာနေလေသည်။” မင်္ဂလာပါကိုနေမျိုးသူရ လူတော့ခုမှတွေ့ဘူးတယ် စာတွေတော့ ဖတ်နေရတာကြာပါပြီ” ” ဟုတ်ကဲ့ဒေါက်တာ မင်္ဂလာ ပါဗျ ဒါနဲ့ ဒေါက်တာ ဒေါက်တာ့ကားကို လူတော်တော်များများက စိုက်ကြည့်ကြမှာပဲနော်” ” ဟုတ်တယ်ကိုနေမျိုး ဆရာကတော့ စိုက် မကြည့်ဘူးမို့လားဗျ” ကျွန်တော်တို့စကားပြောနေစဉ် သူငယ်ချင်းများက ပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသည် တစ်ယောက်က ဝင်မေးသည်။ “အစထဲက သိ‌နေကြတာလားကွ” “ဟင့်အင်း ခုမှစတွေ့ဖူးတာ” သူငယ်ချင်းများပို၍နားရှုပ်သွားကြသည် မှန်ပါသည်။

ဤဆရာဝန်အား ကျွန်တော်အခုမှ တွေ့ဘူးခြင်းဖြစ်ပါသည်။ “ငါတို့ကိုလည်းရှင်းပြပါဦးကွာ” သူငယ်ချင်းများကဆိုသည် ကျွန်တော် ရှင်းပြရပါလေတော့သည်။“ဒီလိုကွာ ငါစောစောက ဖုန်းခဏကြည့်တယ်လေ အဲ့ဒါ ဒီကားနံပါတ်ကို ငါ့ဖုန်းထဲရိုက်ထည့်လို့ ကားပိုင်ရှင် ဘယ်သူဆိုတာ ရှာကြည့်တာကွ ဒါနဲ့လိပ်စာမှာ မြို့၊ ရက်ကွက်၊ မှတ်ပုံတင်အမှတ် အပြည့်အစုံတွေ့တယ်လေ မြို့ကဥတ္တရသီရိမြို့တဲ့ နောက်ပြီး မင်းတို့ကားမှာလဲ ဆေးရုံတံဆိပ်လေးတွေ့တာနဲ့ ဥတ္တရသီရိဆေးရုံကို ဖုန်းလှမ်းဆက်ကြည့်တယ် လိပ်စာထဲက နဲ့တူတဲ့သူ အဲ့ဒီမှာရှိသလားပေါ့ တိုက်တိုက်ဆိုင်ဆိုင် ဆရာဝန်တစ်ယောက်အမည်နဲ့တူလို့ ဆေးရုံကအဲ့ဒီဆရာဝန်ဖုန်းနံပါတ်ပေးတယ်။

ငါလဲဖုန်းဆက်ကြည့်တော့ ဟုတ်တယ် သူ့ကားပါတဲ့ ဝှီးတတ်အစစ်က ရှေ့ ဘေးခုံခေါင်းပေါ်က နေကာပြားကြားမှာရှိပါတယ် နောက်နံ ပါတ်ပြားလည်း နောက်ဖုံးထဲ မှာပါတဲ့ ကြည့်လိုက်ပါဆိုပြီးပြောတယ် မယုံမှာစိုးလို့ Viber ကနေ ပုံလှမ်းပို့တယ်လေ နောက်ပီးပြောသေး တယ် သူ့သူငယ်ချင်းမင်းတို့နှစ်ယောက်က ယာဉ်ထိန်းကသူငယ်ချင်းကို ပညာစမ်းချင်လို့ ခဏကားငှားလိုက်ပါဆိုပီးယူသွားတယ်တဲ့ ကဲ ရှင်းပီလားဟေ့ကောင်တွေရ” ကျွန်တော်ရှင်းပြတော့ သူငယ်ချင်းနှစ်ယောက်က အံသြမှုတပိုင်း အလိမ်ပေါ်ရုပ်တပိုင်းဖြစ်နေကြသည်။ “နေအုံးဟေ့ကောင် တစ်ခုကျန်သေးတယ် မင်းပြောတာ ဘာတဲ့ ဒီကားကို လူတွေ စိုက်ကြည့်ကြတယ်တဲ့။

အဲ့ဒါဘာတုံး ဘာကြောင့် ဒီကားကိုစိုက်ကြည့်ကြတာတုံးကွ” “အော် ဒါလား ဒီမှာ ကားကိုကြည့်စမ်း ဟိုး ပဝေနသီခောတ်တုံးကပေါ်ခဲ့တဲ့ M2 ကား ဟုတ်တယ်နော် နံပါတ်ကိုကြတော့ကြည့်လိုက် အကြာသေးခင်ကမှမွေးဖွားလာတဲ့နံပါတ် 4Q တဲ့ ကားနဲ့နံပါတ် မအပ်စပ်ဘူးလေ ဒီးတော့ ထင်ရောင်ထင်မှား အမှားလိုလိုဖြစ်စရာကားဖြစ်နေတော့ အကြည့်ခံရပြီးပေါ့ကွာ” “အော်အဲသည်လိုကိုး ဘာဖြစ်လို့အဲ့သည်လိုလို ဖြစ်နေတာလဲဟ ကားကအဟောင်း နံပါတ်ကအသစ် လုပ်ပါဦးကွာရှင်းပါဦး။”” ဒါကလည်းဒီလိုပါကွာ ဒီကားတွေက သိမ်းဆည်း ခံထားရ တဲ့ကားတွေ လေလံအောင်ပြီး လိုင်စင်ပြန်ဝင်လို့ အခုလို့ ကားကဟောင်းပြီး နံပါတ်ကသစ်နေတာ” “။

အော်အော် ဒီလိုကိုး ရှင်းပါပြီဗျာ နောက်ဆုံးတစ်ခုလေးပဲ‌မေးပါတော့မယ် ရှေ့နံပါတ်ပြားကို ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီး ပြုံးသွားတာကရော ဘာ လို့လဲကွာ လုပ်ပါအုံး”“ဒါလား အင်း ပြောမယ်လေ မင်းတို့တင်မကဘူး ငါ့ရဲ့စာဖတ်ပရိတ်သတ်ပါ အဲဒါလေးတော့သိစေချင်တယ်လေ ဒီလို ကွ ရှေ့နံပါတ်ပြားမှာ မင်းတို့သေချာကြည့် QR ကုတ်လေးတွေ့လိမ့်မယ် အဲ့ဒီ QR ကုတ်ကို ဖုန်က QR ကုတ်ဖတ်တဲ့ဆော့ဝဲနဲ့ ဖတ်လိုက် ရင် ဒီနံပါတ်ပြားဟာ ဘယ်စက်ရုံကထုတ်တယ်ဆိုတာတွေရယ် အထက်မြန်မာပြည်စက်ရုံကလား အောင်မြန်မာပြည်စက်ရုံကလား ရှမ်း ပြည်ဘက်ကလား စသည်ဖြင့်ပေါ့ ထုတ်လုပ်တဲ့စက်ရုံကိုလဲသိရတဲ့အပြင် ယာဉ်ရဲ့အချက်အလက်တွေပါ QR ကုတ်ထဲမှာပါရှိပါတယ်။ နောက်ပီး နံပါတ်စဉ် (စီနီယာ)အလိုက်မို့ အတုရန်ကလဲ ပိုစိတ်ချရတယ်လေ။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (15.8.2020)

Add a Comment

Your email address will not be published. Required fields are marked *