ကိုယ့္ ကို ထိကပါးရိကပါး လုပ္လာ ရင္ ၿငိမ္မခံဘူးဆိုတာ သက္ေသ ျပလိုက္ တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ျဖစ္ရပ္မွန္

ဒါဟာ.. ခုခံတြန္းလွန္ရဲတဲ့ အမ်ိဳးသမီးေတြ အတြက္ ႀကီးက်ယ္တဲ့ ေအာင္ျမင္မႈ တစ္ခု ပဲ။ မလိုအပ္ဘဲ အရွက္အေၾကာက္ႀကီးၿပီး မေျပာရဲ မဆိုရဲတဲ့ အမ်ိဳးသမီးငယ္ေတြ အတြက္ အတုယူရမယ့္ သင္ခန္းစာေကာင္းတစ္ခုပါပဲ။ကိုယ့္ကိုယ္ကို ကာကြယ္ ႏိုင္စြမ္း ရွိတဲ့ ကာယကံရွင္ မသဲကို Darli Thae Ko ေရာ၊ ဝိုင္းဝန္းကူညီေပးၾကတဲ့ သူ႔မိတ္ေဆြေ တြအားလုံးကိုေရာ၊ ကူညီေပးတဲ့ ရဲတပ္ဖြဲ႕ကိုေရာ။

ဒီပို႔စ္နဲ႔ ဂုဏ္ျပဳပါတယ္။ လုပ္ႏိုင္စြမ္း ရွိသေလာက္ ျပန္လည္ခုခံတြန္းလွန္ပါ.. ၿငိမ္ မခံပါနဲ႔.. ဒီလိုႀကဳံရသူကိုဝိုင္းဝန္းကူညီပါ…ဒီမနက္ မိတ္ ေဆြ အမ်ိဳးသမီး တစ္ေယာက္ ေတာင္ငူကေန ရန္ကုန္ ကို ဂႏၲဝင္ဆိုတဲ့ ကားဂိတ္နဲ႔ ျပန္လာတယ္။ လမ္းမွာ သူ႔ထိုင္ခုံေနာက္ က ေယာက္်ား တစ္ေယာက္ က ထိုင္ခုံ ေအာက္က ဟေနတဲ့ ၾကားထဲကေန သူ႔တင္ပါးကို ေျခ ေထာက္နဲ႔ ထိုးၿပီး ကိုယ္ထိလက္ေရာက္ ေစာ္ကားေနတယ္။

ေနာက္ျပန္လွည့္ၾကည့္ၿပီး ဒီလိုမလုပ္ဖို႔ ေျပာေတာ့ ေအာ္ႀကီးဟစ္က်ယ္ ျပန္ေျပာဆိုတယ္။ ဒါက ရဲတိုင္လို႔ရတယ္။ ဒါကို တိုင္ခ်င္ရာတိုင္ လို႔ျပန္ေျပာတယ္။ ကားသမားကို ရဲစခန္းေမာင္းခိုင္းေတာ့ မေမာင္းေပးႏိုင္ဘူးလို႔ျပန္ေျပာတယ္။ ရႈပ္ရႈပ္ယွက္ယွက္ လို႔ ေတြးရင္ေတြးမွာ ေပါ့။ ခရီးသည္ေတြလည္း အမ်ားႀကီးပါရဲ႕သားနဲ႔ အမ်ိဳးသမီး တစ္ေယာက္ ကိုယ္ထိ လက္ေရာက္ ေစာ္ကားခံ ေနရတာ ကို ။

ကူညီေပးႏိုင္တဲ့ လုပ္ပိုင္ခြင့္ရွိရက္နဲ႔ ကားသမားက ျငင္းတယ္။ဒါကိုသူက ကားေပၚကေနပဲ ေဖ့စဘြတ္ေပၚ တင္ၿပီး မိတ္ေဆြေတြကို အကူ အညီ တာင္းတယ္။ လိုင္းေပၚမွာရွိတဲ့ မိတ္ေဆြေတြက သူေရာက္ေနတဲ့ မိုင္တိုင္၊ ကားနံပတ္ ေတာင္းၿပီး အျမန္လမ္း တေလွ်ာက္က ရဲစခန္း ေတြဆီ ဖုန္းလွမ္း ဆက္ၾကတယ္။ အျမန္လမ္းရဲက လမ္းကေစာင့္ၿပီး ကားတား၊ ရဲစခန္းထဲေမာင္း၊ အခု က်ဴးလြန္သူကို အေရးယူေနၿပီ။

Myat mon (7.7.2018 ကပါ။)

UNICODE

ဒါဟာ.. ခုခံတွန်းလှန်ရဲတဲ့ အမျိုးသမီးတွေ အတွက် ကြီးကျယ်တဲ့ အောင်မြင်မှု တစ်ခု ပဲ။ မလိုအပ်ဘဲ အရှက်အကြောက်ကြီးပြီး မပြောရဲ မဆိုရဲတဲ့ အမျိုးသမီးငယ်တွေ အတွက် အတုယူရမယ့် သင်ခန်းစာကောင်းတစ်ခုပါပဲ။ကိုယ့်ကိုယ်ကို ကာကွယ် နိုင်စွမ်း ရှိတဲ့ ကာယကံရှင် မသဲကို Darli Thae Ko ရော၊ ဝိုင်းဝန်းကူညီပေးကြတဲ့ သူ့မိတ်ဆွေေ တွအားလုံးကိုရော၊ ကူညီပေးတဲ့ ရဲတပ်ဖွဲ့ကိုရော။

ဒီပို့စ်နဲ့ ဂုဏ်ပြုပါတယ်။ လုပ်နိုင်စွမ်း ရှိသလောက် ပြန်လည်ခုခံတွန်းလှန်ပါ.. ငြိမ် မခံပါနဲ့.. ဒီလိုကြုံရသူကိုဝိုင်းဝန်းကူညီပါ…ဒီမနက် မိတ် ဆွေ အမျိုးသမီး တစ်ယောက် တောင်ငူကနေ ရန်ကုန် ကို ဂန္တဝင်ဆိုတဲ့ ကားဂိတ်နဲ့ ပြန်လာတယ်။ လမ်းမှာ သူ့ထိုင်ခုံနောက် က ယောက်ျား တစ်ယောက် က ထိုင်ခုံ အောက်က ဟနေတဲ့ ကြားထဲကနေ သူ့တင်ပါးကို ခြေ ထောက်နဲ့ ထိုးပြီး ကိုယ်ထိလက်ရောက် စော်ကားနေတယ်။

နောက်ပြန်လှည့်ကြည့်ပြီး ဒီလိုမလုပ်ဖို့ ပြောတော့ အော်ကြီးဟစ်ကျယ် ပြန်ပြောဆိုတယ်။ ဒါက ရဲတိုင်လို့ရတယ်။ ဒါကို တိုင်ချင်ရာတိုင် လို့ပြန်ပြောတယ်။ ကားသမားကို ရဲစခန်းမောင်းခိုင်းတော့ မမောင်းပေးနိုင်ဘူးလို့ပြန်ပြောတယ်။ ရှုပ်ရှုပ်ယှက်ယှက် လို့ တွေးရင်တွေးမှာ ပေါ့။ ခရီးသည်တွေလည်း အများကြီးပါရဲ့သားနဲ့ အမျိုးသမီး တစ်ယောက် ကိုယ်ထိ လက်ရောက် စော်ကားခံ နေရတာ ကို ။

ကူညီပေးနိုင်တဲ့ လုပ်ပိုင်ခွင့်ရှိရက်နဲ့ ကားသမားက ငြင်းတယ်။ဒါကိုသူက ကားပေါ်ကနေပဲ ဖေ့စဘွတ်ပေါ် တင်ပြီး မိတ်ဆွေတွေကို အကူ အညီ တာင်းတယ်။ လိုင်းပေါ်မှာရှိတဲ့ မိတ်ဆွေတွေက သူရောက်နေတဲ့ မိုင်တိုင်၊ ကားနံပတ် တောင်းပြီး အမြန်လမ်း တလျှောက်က ရဲစခန်း တွေဆီ ဖုန်းလှမ်း ဆက်ကြတယ်။ အမြန်လမ်းရဲက လမ်းကစောင့်ပြီး ကားတား၊ ရဲစခန်းထဲမောင်း၊ အခု ကျူးလွန်သူကို အရေးယူနေပြီ။

Myat mon (7.7.2018 ကပါ။)

Add a Comment

Your email address will not be published. Required fields are marked *