“လတ္တေလာ ေခတ္စားေန တဲ့ လိမ္နည္း (၂) မ်ိဳး” အထူးသတိထားၾကပါ

ေျပာရရင္ အခုေဖာ္ျပမယ့္ လူလိမ္ မ်ိဳး နဲ႔ ကိုယ္ႀကဳံလာရင္ ေဖာ္ထုတ္ ေပးဖို႔ လိုအပ္ပါတယ္.. ဒါေပမဲ့ ေဖာ္ထုတ္တဲ့ ေနရာမွာေတာ့ သတိ ႀကီးႀကီး ဉာဏ္ႀကီး ႀကီး ထားဖို႔လိုပါတယ္.. (ကိုယ္နာမည္ႀကီးဖို႔ ၊ သူအရွက္ကြဲေစဖို႔ ဦးမတည္ သင့္ပါဘူး..) မဟုတ္ရင္ေတာ့ ေမတၱာ ေစ တနာကို မ်က္စိစုံမွိတ္ၿပီး ခံစားသက္ဝင္တဲ့ ဒီႏိုင္ငံမွာ အမွန္တရားရဲ႕ သူရဲေကာင္းလုပ္ခ်င္တဲ့ ခင္ဗ်ားဟာ အားလုံးရဲ႕အျမင္မယ္ လူဆိုး တစ္ ေယာက္ ျဖစ္သြားႏိုင္ပါတယ္။

တစ္ေန႔က ျဖဴးကို ကိစၥေလး ရွိလို႔ အျမန္လမ္း ကေန အသြား ဘုန္းဘုန္း တစ္ပါး ေနပူႀကီးထဲ လမ္းေဘးမွာ ကားေစာင့္ေနတာ ေတြ႕လို႔ ကားရပ္ေပးလိုက္တယ္.. (ကားက ကြၽန္ေတာ့္အသင္းက Ambulance ကားပါ..)“ဘုန္းဘုန္း…ကားေစာင့္ေနတာလား..” ဆိုေတာ့ ကား ကို တစ္ခ်က္ ၾကည့္ၿပီး အိုးတို႔ အန္းတမ္းနဲ႔ ဟုတ္တယ္တဲ့.. “ဘယ္ႂကြ မလို႔လဲ ဘုရား..” “ဒကာေလးက ဘယ္သြားမွာလဲ..” “ျဖဴး..ကိုသြားမလို႔ ဘုရား..” “ဥဴးဇင္းက ေတာင္ငူႂကြမွာ.. သြားသြား..ဒကာေလး..” “ရတယ္ဘုရား..တပည့္ေတာ္က ျဖဴးမွာ ခဏရယ္..။

ေတာင္ငူ ခ်က္ျခင္းသြားမွာ.. လိုက္ခဲ့..” (အမွန္က ေတာင္ငူသြားစရာအေၾကာင္းမရွိပါ.. တမင္ ေျပာတာ..) “သြားပါ..ဒကာေလး.. ရတယ္.. ရတယ္. မလိုက္ဘူး.. .” ဆိုၿပီး အနားကေန ခ်ာခနဲ ထြက္သြားတယ္.ေနထိုင္ရာ ဖဒိုၿမိဳ႕က အျမန္လမ္းေဘးမွာ ရွိေနတာကတစ္ေၾကာင္း အျမန္လမ္းကို ဖန္တစ္ရာေတေအာင္ Ambulance အသုံးျပဳရတာကတစ္ေၾကာင္း လမ္းေဘးမွာ မၾကာခဏကားတားစီးတဲ့ ရဟန္း သံဃာမ်ားနဲ႔ ဆုံရတတ္ပါတယ္.. ေတြ႕တိုင္း ကြၽန္ေတာ္လမ္းႀကဳံ တင္တယ္.. ။

႐ိုး႐ိုးသားသား လမ္းႀကဳံလိုက္ခ်င္တဲ့ ရဟန္း သံဃာေတြဆို ခ်က္ျခင္းလိုက္ပါတယ္.. သြားလိုတဲ့ မိုင္တိုင္ကိုေျပာၿပီး ကားေပၚမွာ ေအးခ်မ္း စြာ သီတင္းသုံး လိုက္လာတတ္တယ္..ဆန္းဆန္းျပားျပား ကိုယ္ေတာ္ေတြဆိုရင္ေတာ့ ကြၽန္ေတာ့္ Ambulance ကို မစီးပါ.. သူတို႔က အိမ္ စီးကားမွ စီးပါတယ္.. ၿပီးရင္ေတာ့ ကားေပၚေရာက္ရင္ အလာပ သလာပ ေျပာပါလိမ့္မယ္.. ကားေမာင္းတဲ့သူက “အရွင္ဘုရား ဘယ္က ႂကြ လာတာလဲ ” လို႔ ေမးတဲ့အခါ.. သာသနာအတြက္ အင္မတန္ပင္ပန္းဆင္းရဲႀကီးစြာ အားထုတ္ေနရတဲ့။သူ႔ဘဝအေၾကာင္းနဲ႔ သူေဆးကုဖို႔။

သို႔မဟုတ္။သူ႔ဝါး ဓနိ ေက်ာင္းေလး မိုးယိုေနတာ ျပဳျပင္ေပးမယ့္သူမရွိလို႔ ႐ြာမွာရွိေနတဲ့ အမ်ိဳးေတြဆီလာၿပီး ေငြေလး ၅ေသာင္း ေလာက္ ေခ်းငွါးတာ အဆင္မေျပခဲ့တဲ့အေၾကာင္း …. ဇာတ္နာစြာ ျပန္ေျပာျပပါလိမ့္မယ္.. အဲဒီအခါ ကားေမာင္းသူက သဒၵါေပါက္ၿပီး လမ္းႀကဳံဒါန အေနနဲ႔ လႉပါလိမ့္မယ္.. (ကိုယ္ပိုင္ကားစီးႏိုင္သူေလ..) (လိုအပ္ေနတဲ့ ေငြကလည္း ၅ေသာင္း ထဲေလ..)အျမန္လမ္းနားမွာေနတဲ့ ကြၽန္ ေတာ္တို႔အတြက္ ဖန္တရာေတ ႐ိုးေနတဲ့ ဇာတ္လမ္းျဖစ္ေပမယ့္ လူေတြ ခုခ်ိန္ထိ အလိမ္ခံေနရဆဲ.. တစ္ခါတစ္ေလ ။

အဲ့လို လႉလိုက္တဲ့အေၾကာင္း ေဖ့ဘြတ္ ေပၚမွာပုံေလးေတြနဲ႔ ေတြ႕ရတဲ့အခါ မခ်ိၿပဳံးပဲ ၿပဳံးမိေတာ့တယ္.. အဲဒီလို လူလိမ္ကိုယ္ေတာ္ေတြ အ ျမန္လမ္းေဘးမွာ မ်ားလာေတာ့ တကယ့္ ကို ကားႀကဳံလိုက္ခ်င္တဲ့ ရဟန္းေတာ္ေတြအတြက္ ခက္ခဲသြားတယ္.. ဒီအေၾကာင္းသိတဲ့ ကား ေတြကလည္း လူႀကဳံ မတင္ရဲေတာ့ဘူး.. ဒီလို လိမ္နည္းမ်ိဳးကို “ေမတၱာ ေစတနာကို နင္းၿပီး လိမ္နည္း” လို႔ ေခၚပါတယ္..ေလာကမွာ လူ လိမ္ေတြ အသုံးျပဳတဲ့ အေျခခံလိမ္နည္း ၂ မ်ိဳးပဲ ရွိပါတယ္… (၁) လူေတြရဲ႕ ေလာဘကိုနင္းၿပီး လိမ္နည္း နဲ႔။(၂) လူေတြရဲ႕ ေမတၱာ ေစတနာ ကို နင္းၿပီး လိမ္နည္း ပါ။

(၁) လူေတြရဲ႕ ေလာဘကို နင္းၿပီး လိမ္နည္း

အစုစပ္လုပ္ငန္းေတြလုပ္ၾကမယ္ေဟ့ တစ္လကို ၁၀ တိုး ၊ ၂၀ တိုး ရမယ္.. အိုး…ထည့္လိုက္ၾကတဲ့ ေငြေတြဆိုတာ ႏွစ္လ ေလာက္နဲ႔ သိန္း ေပါင္း ေသာင္းခ်ီတယ္.. ဟိုးအရင္ .. ႏွစ္ေပါင္း ၂၀ ေက်ာ္က ဧရာေျမ ကုမၼဏီ TV မွာ ေၾကာ္ျငာၿပီး တစ္ႏိုင္ငံလုံးကို လိမ္သြားတာကေန ခု ခ်ိန္ထိ လူေတြ မမွတ္ေသးဘူး.. ဒီလို လူေတြရဲ႕ ေလာဘကို နင္းၿပီး လိမ္နည္းဟာ အလိမ္ခံရသူမွာ ေငြေၾကးဆုံးရႈံးမႈမ်ားလို႔ သူတစ္ဦးထဲသာ ထိခိုက္ နစ္နာတယ္.. က်န္တဲ့သူကို မထိခိုက္ဘူး..။

(၂) လူေတြရဲ႕ ေမတၱာ၊ ေစတနာကို နင္းၿပီး လိမ္နည္း

ဆူးေလဘုရားနားမွ ဖိနပ္ျပတ္သြားတဲ့ ကိုယ္ေတာ္ ခုခ်ိန္ထိ ဖိနပ္အသစ္ မဝယ္ရေသးဘူး.. ကားေပၚမွာ စာ႐ြက္ေလးေတြ လိုက္ကမ္းေနတဲ့ ကေလးမေလး .. သူ႔အသက္သာႀကီးလာတယ္.. သူ႔အေမရဲ႕ ကိုယ္ေရျပားေဝဒနာ မေပ်ာက္ေသးဘူး.. ကေလးတစ္ဖက္နဲ႔ စပါးႏွံ ေတာင္း ႀကီးထမ္းၿပီး ငွက္စာေတြ လိုက္ေရာင္းေနတဲ့ စံျပဖခင္ ဦးေလးႀကီးကလည္း လူစည္တဲ့ေနရာဆို ေသြးတိုးၿပီး အာဟာရျပတ္ မူးလဲေနတာ ခုခ်ိန္ထိ ေဝဒနာ မေပ်ာက္ေသးဘူး..။

ေအာင္မဂၤလာ အေဝးေျပးမွာ နယ္ကိုျပန္ဖို႔ လမ္းစရိတ္ကုန္သြားတဲ့ ကိုယ္ေတာ္ ခုခ်ိန္ထိ သူျပန္လိုတဲ့နယ္ကို မေရာက္ေသးဘူး.. လူေတြရဲ႕ ေမတၱာ ေစတနာကို နင္းၿပီး လိမ္ေနလိုက္ၾကတာ.. ျမန္မာလူမ်ိဳးေတြရဲ႕ သနားတဲ့စိတ္ ကိုယ္ခ်င္းစာတဲ့စိတ္ကို နင္းၿပီး ထြက္ေပၚလာတဲ့ လိမ္နည္းေတြ.. ဒီလို လိမ္နည္းက အလိမ္ခံရသူမွာ ေငြေၾကးဆုံးရႈံးမႈနည္းတယ္..ဒါေပမဲ့ ဒီလို လိမ္နည္းေတြေၾကာင့္ ေလာကပါလ တရား ပ်က္စီးပါတယ္.. ဗုဒၶဘာသာ ႏိုင္ငံမို႔ သကၤန္းဝတ္ၿပီး လိမ္တဲ့အခါ သံဃာစစ္ သံဃာမွန္ေတြအေပၚ အင္မတန္ နစ္နာတယ္.. ။

အမွန္ ဒုကၡႀကဳံရသူမွာလည္း သူတို႔ေတြေၾကာင့္ အကူအညီရဖို႔ ခက္သြားတယ္..ဥပမာ.. တကယ္ နယ္ျပန္ဖို႔ လမ္းစရိတ္ျပတ္သြားတဲ့ ရဟန္း ေတာ္တစ္ပါး ၊ တကယ္ ဖိနပ္ျပတ္သြားတဲ့ ရဟန္းေတာ္တစ္ပါး ၊ ေဈးေရာင္းရင္း တကယ္မူးလဲသြားတဲ့ သူ ၊ မိဘႏွစ္ပါး တကယ္ေရာဂါ ရေန လို႔ အကူအညီလိုအပ္ေနတဲ့ ကေလးငယ္ ၊ အကူအညီရဖို႔ ခက္ခဲသြားတယ္.. သူ႔ကိုယ္မယုံ သူ႔ကိုယ္မယုံ အေျခအေနေတြ ျဖစ္ေပၚလာတာ ဟာ ေမတၱာ ေစတနာကို ခုတုံး လုပ္ၿပီး လိမ္သူေတြေၾကာင့္ပါ.. သိပ္ဆိုးပါတယ္…။

ကိုစိုးထိုက္(ဖဒို)

UNICODE

ပြောရရင် အခုဖော်ပြမယ့် လူလိမ် မျိုး နဲ့ ကိုယ်ကြုံလာရင် ဖော်ထုတ် ပေးဖို့ လိုအပ်ပါတယ်.. ဒါပေမဲ့ ဖော်ထုတ်တဲ့ နေရာမှာတော့ သတိ ကြီးကြီး ဉာဏ်ကြီး ကြီး ထားဖို့လိုပါတယ်.. (ကိုယ်နာမည်ကြီးဖို့ ၊ သူအရှက်ကွဲစေဖို့ ဦးမတည် သင့်ပါဘူး..) မဟုတ်ရင်တော့ မေတ္တာ စေ တနာကို မျက်စိစုံမှိတ်ပြီး ခံစားသက်ဝင်တဲ့ ဒီနိုင်ငံမှာ အမှန်တရားရဲ့ သူရဲကောင်းလုပ်ချင်တဲ့ ခင်ဗျားဟာ အားလုံးရဲ့အမြင်မယ် လူဆိုး တစ် ယောက် ဖြစ်သွားနိုင်ပါတယ်။

တစ်နေ့က ဖြူးကို ကိစ္စလေး ရှိလို့ အမြန်လမ်း ကနေ အသွား ဘုန်းဘုန်း တစ်ပါး နေပူကြီးထဲ လမ်းဘေးမှာ ကားစောင့်နေတာ တွေ့လို့ ကားရပ်ပေးလိုက်တယ်.. (ကားက ကျွန်တော့်အသင်းက Ambulance ကားပါ..)“ဘုန်းဘုန်း…ကားစောင့်နေတာလား..” ဆိုတော့ ကား ကို တစ်ချက် ကြည့်ပြီး အိုးတို့ အန်းတမ်းနဲ့ ဟုတ်တယ်တဲ့.. “ဘယ်ကြွ မလို့လဲ ဘုရား..” “ဒကာလေးက ဘယ်သွားမှာလဲ..” “ဖြူး..ကိုသွားမလို့ ဘုရား..” “ဥူးဇင်းက တောင်ငူကြွမှာ.. သွားသွား..ဒကာလေး..” “ရတယ်ဘုရား..တပည့်တော်က ဖြူးမှာ ခဏရယ်..။

တောင်ငူ ချက်ခြင်းသွားမှာ.. လိုက်ခဲ့..” (အမှန်က တောင်ငူသွားစရာအကြောင်းမရှိပါ.. တမင် ပြောတာ..) “သွားပါ..ဒကာလေး.. ရတယ်.. ရတယ်. မလိုက်ဘူး.. .” ဆိုပြီး အနားကနေ ချာခနဲ ထွက်သွားတယ်.နေထိုင်ရာ ဖဒိုမြို့က အမြန်လမ်းဘေးမှာ ရှိနေတာကတစ်ကြောင်း အမြန်လမ်းကို ဖန်တစ်ရာတေအောင် Ambulance အသုံးပြုရတာကတစ်ကြောင်း လမ်းဘေးမှာ မကြာခဏကားတားစီးတဲ့ ရဟန်း သံဃာများနဲ့ ဆုံရတတ်ပါတယ်.. တွေ့တိုင်း ကျွန်တော်လမ်းကြုံ တင်တယ်.. ။

ရိုးရိုးသားသား လမ်းကြုံလိုက်ချင်တဲ့ ရဟန်း သံဃာတွေဆို ချက်ခြင်းလိုက်ပါတယ်.. သွားလိုတဲ့ မိုင်တိုင်ကိုပြောပြီး ကားပေါ်မှာ အေးချမ်း စွာ သီတင်းသုံး လိုက်လာတတ်တယ်..ဆန်းဆန်းပြားပြား ကိုယ်တော်တွေဆိုရင်တော့ ကျွန်တော့် Ambulance ကို မစီးပါ.. သူတို့က အိမ် စီးကားမှ စီးပါတယ်.. ပြီးရင်တော့ ကားပေါ်ရောက်ရင် အလာပ သလာပ ပြောပါလိမ့်မယ်.. ကားမောင်းတဲ့သူက “အရှင်ဘုရား ဘယ်က ကြွ လာတာလဲ ” လို့ မေးတဲ့အခါ.. သာသနာအတွက် အင်မတန်ပင်ပန်းဆင်းရဲကြီးစွာ အားထုတ်နေရတဲ့။သူ့ဘဝအကြောင်းနဲ့ သူဆေးကုဖို့။

သို့မဟုတ်။သူ့ဝါး ဓနိ ကျောင်းလေး မိုးယိုနေတာ ပြုပြင်ပေးမယ့်သူမရှိလို့ ရွာမှာရှိနေတဲ့ အမျိုးတွေဆီလာပြီး ငွေလေး ၅သောင်း လောက် ချေးငှါးတာ အဆင်မပြေခဲ့တဲ့အကြောင်း …. ဇာတ်နာစွာ ပြန်ပြောပြပါလိမ့်မယ်.. အဲဒီအခါ ကားမောင်းသူက သဒ္ဒါပေါက်ပြီး လမ်းကြုံဒါန အနေနဲ့ လှူပါလိမ့်မယ်.. (ကိုယ်ပိုင်ကားစီးနိုင်သူလေ..) (လိုအပ်နေတဲ့ ငွေကလည်း ၅သောင်း ထဲလေ..)အမြန်လမ်းနားမှာနေတဲ့ ကျွန် တော်တို့အတွက် ဖန်တရာတေ ရိုးနေတဲ့ ဇာတ်လမ်းဖြစ်ပေမယ့် လူတွေ ခုချိန်ထိ အလိမ်ခံနေရဆဲ.. တစ်ခါတစ်လေ ။

အဲ့လို လှူလိုက်တဲ့အကြောင်း ဖေ့ဘွတ် ပေါ်မှာပုံလေးတွေနဲ့ တွေ့ရတဲ့အခါ မချိပြုံးပဲ ပြုံးမိတော့တယ်.. အဲဒီလို လူလိမ်ကိုယ်တော်တွေ အ မြန်လမ်းဘေးမှာ များလာတော့ တကယ့် ကို ကားကြုံလိုက်ချင်တဲ့ ရဟန်းတော်တွေအတွက် ခက်ခဲသွားတယ်.. ဒီအကြောင်းသိတဲ့ ကား တွေကလည်း လူကြုံ မတင်ရဲတော့ဘူး.. ဒီလို လိမ်နည်းမျိုးကို “မေတ္တာ စေတနာကို နင်းပြီး လိမ်နည်း” လို့ ခေါ်ပါတယ်..လောကမှာ လူ လိမ်တွေ အသုံးပြုတဲ့ အခြေခံလိမ်နည်း ၂ မျိုးပဲ ရှိပါတယ်… (၁) လူတွေရဲ့ လောဘကိုနင်းပြီး လိမ်နည်း နဲ့။(၂) လူတွေရဲ့ မေတ္တာ စေတနာ ကို နင်းပြီး လိမ်နည်း ပါ။

(၁) လူတွေရဲ့ လောဘကို နင်းပြီး လိမ်နည်း

အစုစပ်လုပ်ငန်းတွေလုပ်ကြမယ်ဟေ့ တစ်လကို ၁၀ တိုး ၊ ၂၀ တိုး ရမယ်.. အိုး…ထည့်လိုက်ကြတဲ့ ငွေတွေဆိုတာ နှစ်လ လောက်နဲ့ သိန်း ပေါင်း သောင်းချီတယ်.. ဟိုးအရင် .. နှစ်ပေါင်း ၂၀ ကျော်က ဧရာမြေ ကုမ္မဏီ TV မှာ ကြော်ငြာပြီး တစ်နိုင်ငံလုံးကို လိမ်သွားတာကနေ ခု ချိန်ထိ လူတွေ မမှတ်သေးဘူး.. ဒီလို လူတွေရဲ့ လောဘကို နင်းပြီး လိမ်နည်းဟာ အလိမ်ခံရသူမှာ ငွေကြေးဆုံးရှုံးမှုများလို့ သူတစ်ဦးထဲသာ ထိခိုက် နစ်နာတယ်.. ကျန်တဲ့သူကို မထိခိုက်ဘူး..။

(၂) လူတွေရဲ့ မေတ္တာ၊ စေတနာကို နင်းပြီး လိမ်နည်း

ဆူးလေဘုရားနားမှ ဖိနပ်ပြတ်သွားတဲ့ ကိုယ်တော် ခုချိန်ထိ ဖိနပ်အသစ် မဝယ်ရသေးဘူး.. ကားပေါ်မှာ စာရွက်လေးတွေ လိုက်ကမ်းနေတဲ့ ကလေးမလေး .. သူ့အသက်သာကြီးလာတယ်.. သူ့အမေရဲ့ ကိုယ်ရေပြားဝေဒနာ မပျောက်သေးဘူး.. ကလေးတစ်ဖက်နဲ့ စပါးနှံ တောင်း ကြီးထမ်းပြီး ငှက်စာတွေ လိုက်ရောင်းနေတဲ့ စံပြဖခင် ဦးလေးကြီးကလည်း လူစည်တဲ့နေရာဆို သွေးတိုးပြီး အာဟာရပြတ် မူးလဲနေတာ ခုချိန်ထိ ဝေဒနာ မပျောက်သေးဘူး..။

အောင်မင်္ဂလာ အဝေးပြေးမှာ နယ်ကိုပြန်ဖို့ လမ်းစရိတ်ကုန်သွားတဲ့ ကိုယ်တော် ခုချိန်ထိ သူပြန်လိုတဲ့နယ်ကို မရောက်သေးဘူး.. လူတွေရဲ့ မေတ္တာ စေတနာကို နင်းပြီး လိမ်နေလိုက်ကြတာ.. မြန်မာလူမျိုးတွေရဲ့ သနားတဲ့စိတ် ကိုယ်ချင်းစာတဲ့စိတ်ကို နင်းပြီး ထွက်ပေါ်လာတဲ့ လိမ်နည်းတွေ.. ဒီလို လိမ်နည်းက အလိမ်ခံရသူမှာ ငွေကြေးဆုံးရှုံးမှုနည်းတယ်..ဒါပေမဲ့ ဒီလို လိမ်နည်းတွေကြောင့် လောကပါလ တရား ပျက်စီးပါတယ်.. ဗုဒ္ဓဘာသာ နိုင်ငံမို့ သင်္ကန်းဝတ်ပြီး လိမ်တဲ့အခါ သံဃာစစ် သံဃာမှန်တွေအပေါ် အင်မတန် နစ်နာတယ်.. ။

အမှန် ဒုက္ခကြုံရသူမှာလည်း သူတို့တွေကြောင့် အကူအညီရဖို့ ခက်သွားတယ်..ဥပမာ.. တကယ် နယ်ပြန်ဖို့ လမ်းစရိတ်ပြတ်သွားတဲ့ ရဟန်း တော်တစ်ပါး ၊ တကယ် ဖိနပ်ပြတ်သွားတဲ့ ရဟန်းတော်တစ်ပါး ၊ ဈေးရောင်းရင်း တကယ်မူးလဲသွားတဲ့ သူ ၊ မိဘနှစ်ပါး တကယ်ရောဂါ ရနေ လို့ အကူအညီလိုအပ်နေတဲ့ ကလေးငယ် ၊ အကူအညီရဖို့ ခက်ခဲသွားတယ်.. သူ့ကိုယ်မယုံ သူ့ကိုယ်မယုံ အခြေအနေတွေ ဖြစ်ပေါ်လာတာ ဟာ မေတ္တာ စေတနာကို ခုတုံး လုပ်ပြီး လိမ်သူတွေကြောင့်ပါ.. သိပ်ဆိုးပါတယ်…။

ကိုစိုးထိုက္(ဖဒို)

Add a Comment

Your email address will not be published. Required fields are marked *