လူကြည့်များနေတဲ့ ဆုမြတ်နိုးဦးနဲ့ ညီထွဋ်ခေါင်ရဲ့ စွန့်စားခန်း ဟာသဗီဒီယို(VIDEO)




CRD: TIKTOK MYANMAR

UNICODE

အခုပြသမယ့် ဇာတ်လမ်းတို ထဲမှာ စွန့်စွန့်စားစားလုပ်တဲ့အလုပ်တွေကို သဘောကျဟန်နဲ့ စွန့်စားရတာကြိုက်တဲ့အကြောင်းကို ညီထွဋ် ခေါင်က ဆုမြတ်နိုးဦးကို ခပ်ကြွားကြွား လေးပြောတဲ့အချိန်မှာ ဆုမြတ်နိုးဦးက အရမ်းကိုကြွေသွားခဲ့ပြီး စွန့်စားမယ်လိုက်မလားလို့ ကိုညီ ကခေါ်တဲ့အချိန်မှာ မငြင်းဘဲ အပြေးလေး လိုက်သွားခဲ့ ပါသေးတယ်။

ဒီနောက်မှာတော့ ဘုရားဆွမ်းတော်ကို စွန့်ပြီးစားတဲ့အကြောင်းသိလိုက်ချိန်မှာဖြစ်သွားတဲ့ ဆုမြတ်နိုးဦးရဲ့မျက်နှာထားဟာ ကြည့်ရှုသူတွေ ကို အရယ်အတောမသတ်နိုင်လောက်အောင် ဟာသမြောက်လွန်းပါတယ်။ အမြဲတမ်းပျော်စရာလေးတွေတင်ဆက်ပေးတဲ့သူငယ်ချင်း သုံး ယောက်ဟာ ဒီတစ်ခေါက်မှာလည်း အခွီလေးထပ်လုပ်လိုက်ပြန်ပါပြီ။

မြန်မာစကားဟာ အပြောမတတ်ရင် အဓိပ္ပါယ် များစွာထွက်သလို လည်ရင်လည်သလို အမျိုးမျိုးပြောင်းလဲပြီးပြောလို့ရတယ်ဆိုတာ စကား ကြွယ်သူ တွေအသိပါပဲ။ ဒီတစ်ခေါက် မှာလည်း ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့နှစ်ယောက်သား ဟာသဗီဒီယိုလေး ရိုက်ကူးထားပြီး ” စွန့် စား ” ဆိုတဲ့ စကားလုံးလေးကို လက်တစ်လုံးခြားလုပ်သွားတဲ့ ကိုညီကြောင့် ဆုမြတ်နိုးဦးခံလိုက်ရပုံကို ရိုက်ကူးထားတာဖြစ်ပါ တယ်။

CRD:  TIKTOK  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *