မြန်မာဟေ့လို့ ဂုဏ်ယူနိုင်ပြီ တကမ္ဘာလုံး ကို သီချင်းရောင်းဖို့ စာချုပ်ချုပ် နိုင်ခဲ့တဲ့ “မအတွက်” သီချင်း ပိုင်ရှင် အဆိုတော် (၂)ဦး
UNICODE
ဒီလောက်ပေါက်မယ်လို့ မထင်ထားခဲ့မိပါဘူး သူငယ်ချင်းတွေ လာပြတော့ နောက်နေတယ်ထင်ခဲ့တာ နောက်မှတကယ်ဖြစ်နေတာပေါ့။ အ ရမ်းဝမ်းသာသွားတယ် ကျွန်တော်တို့အခုတော့ တရုတ် Company တစ်ခုကို ၃ နှစ်ရောင်းချခွင့်ပေးထားပါတယ် မြန်မာပြည်မှာတော့ စိတ် ကြိုက်သုံးခွင့်ရှိပါတယ် ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ် ပရိသတ်ကြီးရေဒါ ကတော့ ဘာသာအမျိုးမျိုးနဲ့ ပြန်လည်သီဆိုကြသလို Amazo n မှာပါ ရောင်းချနိုင်နေပြီဖြစ်တဲ့ မအတွက် သီချင်းပိုင်ရှင် ကိုဂျူလိုင်ထွန်းနဲ့ ကိုရှိုင်းမင်းအောင်တို့ ပြောပြလာခဲ့တာဖြစ်ပါတယ်။
ပရိသတ်ကြီးရေ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ ကိစ္စရပ်လေး ဖြစ်တာကြောင့် ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။လွန်ခဲ့တဲ့ ၈ နှစ်ကျော် ၂၀၁၁ တဝိုက်မှာ ရှိုင်းမင်းအောင် ၊ ဂျူလှိုင်ထွန်း နဲ့ ရဲထွေးတို့ လူငယ်တွေ ပူးပေါင်းပြီး မေမြို့သူ ဆိုတဲ့ Mp-3 အယ်ဘမ် တခုကို ထုတ်ခဲ့ကြတယ် ။ ကျောင်းသားတွေရဲ့ ပါးစပ် မှာ စွဲနေရစ်တဲ့ ” မအတွက်” ဆိုတဲ့ သီးချင်းတပုဒ်ဟာလဲ မေမြို့သူ အယ်ဘမ်ထဲက သီချင်း တပုဒ်ဖြစ်ခဲ့တယ် ။ ဒါပေမယ့် အဆိုတော်ဟာ ဟိုလေး တကျော် ဖြစ်တဲ့အထဲ မပါခဲ့ပါဘူး လူသိမများခဲ့ပါဘူး။
ယခုအချိန်မှာတော့ မအတွက် သီချင်းဟာ ကမ္ဘာကျော် Online Shopping Website Amazon မှာရောင်းချရတဲ့အထိ အောင်မြင်နေပြီ ဖြစ်သလို ဘာသာပေါင်းစုံနဲ့ ပြန်လည်သီဆိုကြတဲ့အထိ လူကြိုက်များနေခဲ့ပြီဖြစ်ပါတယ် “မအတွက်” သီချင်း သီဆိုသူ ဂျူလိုင်ထွန်းနဲ့ ရှိုင်းမင်းအောင်တို့ကတော့ သူတို့အနေနဲ့ အဲ့လောက်ကြီး အောင်မြင်မယ်လို့မထင် ခဲ့တဲ့အကြောင်း အခုလိုပြောပြလာခဲ့တာပါ ကိုဂျုလိုင် ထွန်းက “ကျွန်တော်တို့ မ သီချင်းက လွန်ခဲ့တဲ့ ၁၀ နှစ် လောက် ကတည်းက ထွက်တာ။
ပြည်ပရောက် မြန်မာတွေရော၊ ပြည်တွင်းက ပရိသတ်တွေရော ကြောင့် အတိုင်းအတာတစ်ခုအထိပေါက်သွားခဲ့တယ်။ Tik Tok ပေါ်လာ တဲ့အချိန်မှာနိုင်ငံခြားမှာပါ ပေါက်သွားတယ်။ တရုတ်က ဒီသီချင်းကို တစ်ကမ္ဘာလုံးကိုရောင်းဖို့အတွက် သုံးနှစ် စာချုပ်ချုပ်တယ်။ ကိုဗစ် မဖြစ်ခဲ့ရင် ကျွန်တော်တို့ကို တရုတ်ရှိုးပွဲလုပ်ဖို့တောင်ကမ်းလှမ်းထားတာ” လို့ ပြောကြားလာခဲ့တာပါ။
Credit : ShweYaungMyanmar