ႏိုင္ငံေရးပါတီမ်ား(၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိေရးျပည္သူကိုသာ အားကိုးရမွာျဖစ္ၿပီး အားယူပုံလြဲေနသည္ဟု မုံ႐ြာေအာင္ရွင္ေျပာၿပီ

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ႏိုင္ငံေရးပါတီ ၃၄ပါတီေတြ႕ဆုံခဲ့ျခင္းႏွင့္ ပတ္သက္၍ ရခိုင္ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ (ALD) မွ အ တြင္းေရးမႉးျဖစ္သူ ဦးမ်ိဳးေက်ာ္ က ယခုကဲ့သို႔ မွတ္ ခ်က္ျပဳသည္။ဦးမ်ိဳးေက်ာ္ က `ႏိုင္ငံေရးမွာကေတာ့ အၿမဲတမ္း ဘတ္ဆိုတာ ရွိၾကတာ ပဲေလ။ အဲဒီေတာ့ ကိုယ္ယုံၾကည္ရာ ကိုယ္သန္ရာကို စုၾကတဲ့သေဘာ ေျပာၾကရမွာေပါ့ေနာ္` ဟု ဆိုသည္။ တပ္မေတာ္ ကာကြယ္ေရးဦးစီး ခ်ဳပ္ႏွင့္ ေတြ႕ဆုံခဲ့သည့္ ႏိုင္ငံရးပါတီမ်ားတြင္ ျပည္ခိုင္ၿဖိဳးပါတီ အမ်ိဳးသားဒီမိုကေရစီ ပါတီသစ္၊အ မ်ိဳးသား တိုးတက္ေရးပါတီ၊ အမ်ိဳးသား ဒီမိုကေရစီ အင္အားစုပါတီႏွင့္ ျပည္သူ႔ေရွ႕ ေဆာင္ပါတီတို႔ ပါဝင္ေၾကာင္းသိရသည္။

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ အျခားသူတစ္ဦးကို အားကိုးရမွာမဟုတ္ဘဲ ျပည္သူလူထုကိုသာ အားကိုးရမွာျဖစ္ၿပီး၊ ၎တို႔၏ အားယူပုံမွာ လြဲေနသည္ဟု NLD ပါတီ ဗဟိုျပန္ၾကားေရးေကာ္မတီမွ အတြင္းေရးမႉျဖစ္သူ မုံ႐ြာေအာင္ရွင္က ေျပာၾကားလိုက္သည္။ မုံ႐ြာေအာင္ရွင္ က `တကယ္ကေတာ့ ႏိုင္ငံေရးပါတီေတြဟာ အားကိုးရမွာက ျပည္သူပါ။ ျပည္သူလူထုကို အားကိုးရမွာပါ။ တျခားလူ အားကိုးရမွာ မဟုတ္ပါ ဘူး။ ျပည္သူလူထုနဲ႔ ပူးေပါင္းေဆာင္႐ြက္ရင္။ ျပည္သူလူထုရဲ႕အားကို ယူႏိုင္လို႔ရွိရင္ သူတို႔အတြက္ အေျခအေနေကာင္း တာေပါ့။ အခုဟာ ကေတာ့ သူတို႔အားယူပုံက လြဲေနတယ္လို႔ပဲထင္ပါတယ္` ဟု ဆိုသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ႏိုင္ငံေရးပါတီမ်ားအေပၚ တူတူတန္တန္ ဆက္ဆံျခင္းမျပဳဘဲ၊ လုပ္ခ်င္ရာလုပ္ကာ NLD ကို ဘက္ေနသည္ဟု ႏိုင္ငံေရးပါတီမ်ားက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုေျပာၾကားေၾကာင္း၊ ေတြ႕ဆုံပြဲတြင္ပါဝင္သည့္ အမ်ိဳးသားဒီမို ကေရစီ အင္အားစုပါတီ (NDF) ဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာၾကားထား သည္။ မုံ႐ြာေအာင္ရွင္ကမူ ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ လုပ္ သင့္ လုပ္ထိုက္သည္မ်ားကို အမွန္ အတိုင္းလုပ္ေဆာင္ေနေၾကာင္း၊ ယင္းအေပၚတြင္ အယုံအၾကည္မရွိဘူးဆိုသည္မွာ မျဖစ္ သင့္ေၾကာင္း တုန႔္ျပန္ေျပာၾကားသည္။ေနာက္တစ္ခါ ေ႐ြးေကာက္ပြဲတရားမွ်တမႈ မရွိဘူးဆိုရင္။

ကြၽန္ေတာ္တို႔ ဘယ္သူကို ကာခ်ဳပ္ႀကီးက ဘာလုပ္ေပးမလဲ ဆိုတာမ်ိဳးေတြေျပာတာ။ ေတာင္းဆိုတာမ်ိဳးေတြကလည္း ဒါလည္း မျဖစ္သင့္ ဘူးလို႔ ထင္ပါတယ္။ အာလုံးဟာ တညီတၫြတ္ထဲနဲ႔ ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္ၾက ရမယ္။ ေျဖရွင္ၾကရမယ့္ ကိစၥမ်ိဳးမွာ။ ဒီလိုတိုင္တာ ေတာတာမ်ိဳး ပုံစံမ်ိဳးေတြနဲ႔ လုပ္တာမ်ိဳး ကေတာ့ မျဖစ္သင့္ဘူးလို႔ ထင္ပါတယ္` ဟု ၎က ဆိုသည္။ ယခုအခ်ိန္သည္ ႏိုင္ငံေရးပါတီမ်ား ေ႐ြးေကာက္ပြဲဝင္ရန္ျပင္ဆင္ေနသည့္ အခ်ိန္ျဖစ္ကာ ထူးျခားသည့္ အက်ပ္အတည္းလည္း မရွိဘဲ ကာလုံအစည္းအေဝး ေခၚယူေပးရန္ ေတာင္းဆို ေနျခင္းမွာလည္း မသင့္ေတာ္ေၾကာင္း မုံ႐ြာေအာင္ရွင္က ေျပာသည္။

ဒီအခ်ိန္မွာ ေျပာဖို႔မသင့္ေတာ္တဲ့ ကာလုံေခၚေပးဖို႔ကိစၥေတြ။ ေျပာလာတယ္။ ဆိုလာတယ္။ ဆိုတဲ့ဟာေတြကေတာ့ သိပ္ေတာ့ အဓိပၸာယ္ မရွိဘူးလို႔ ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုပဲ ေ႐ြးေကာက္ပြဲက လာေနၿပီဗ်ာ။ ေ႐ြးေကာက္ပြဲလုပ္ေပးၾကေတာ့မယ္။ ႏိုင္ငံေရးပါ တီေတြ ေ႐ြးေကာက္ပြဲ ဝင္ၾကေတာ့မယ့္ အေျခအေနမွာ။ ဘာမွလည္း အေျခအေနထူးထူးျခားျခား အက်ပ္ အတည္း မရွိဘဲနဲ႔ ေပါ့ေလ။ ကာလုံေခၚေပးဖို႔ခ်ည္းပဲ တစာစာနဲ႔ သခြပ္ပင္က မီးတက်ီက်ီ လုပ္ေနတာမ်ိဳး ကေတာ့ မသင့္ေတာ္ဘူးလို႔ထင္တယ္` ဟု ဆိုသည္။

ေအာင္ရဲေနာင္

CRD: The Ladies News

UNICODE

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ပါတီတွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်၍ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) မှ အ တွင်းရေးမှူးဖြစ်သူ ဦးမျိုးကျော် က ယခုကဲ့သို့ မှတ် ချက်ပြုသည်။ဦးမျိုးကျော် က `နိုင်ငံရေးမှာကတော့ အမြဲတမ်း ဘတ်ဆိုတာ ရှိကြတာ ပဲလေ။ အဲဒီတော့ ကိုယ်ယုံကြည်ရာ ကိုယ်သန်ရာကို စုကြတဲ့သဘော ပြောကြရမှာပေါ့နော်` ဟု ဆိုသည်။ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရးပါတီများတွင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊အ မျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် ပြည်သူ့ရှေ့ ဆောင်ပါတီတို့ ပါဝင်ကြောင်းသိရသည်။

နိုင်ငံရေးပါတီများအနေဖြင့် အခြားသူတစ်ဦးကို အားကိုးရမှာမဟုတ်ဘဲ ပြည်သူလူထုကိုသာ အားကိုးရမှာဖြစ်ပြီး၊ ၎င်းတို့၏ အားယူပုံမှာ လွဲနေသည်ဟု NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူဖြစ်သူ မုံရွာအောင်ရှင်က ပြောကြားလိုက်သည်။ မုံရွာအောင်ရှင် က `တကယ်ကတော့ နိုင်ငံရေးပါတီတွေဟာ အားကိုးရမှာက ပြည်သူပါ။ ပြည်သူလူထုကို အားကိုးရမှာပါ။ တခြားလူ အားကိုးရမှာ မဟုတ်ပါ ဘူး။ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ရင်။ ပြည်သူလူထုရဲ့အားကို ယူနိုင်လို့ရှိရင် သူတို့အတွက် အခြေအနေကောင်း တာပေါ့။ အခုဟာ ကတော့ သူတို့အားယူပုံက လွဲနေတယ်လို့ပဲထင်ပါတယ်` ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများအပေါ် တူတူတန်တန် ဆက်ဆံခြင်းမပြုဘဲ၊ လုပ်ချင်ရာလုပ်ကာ NLD ကို ဘက်နေသည်ဟု နိုင်ငံရေးပါတီများက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုပြောကြားကြောင်း၊ တွေ့ဆုံပွဲတွင်ပါဝင်သည့် အမျိုးသားဒီမို ကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားထား သည်။ မုံရွာအောင်ရှင်ကမူ ရွေးကောက်ပွဲကော်မရှင်သည် လုပ် သင့် လုပ်ထိုက်သည်များကို အမှန် အတိုင်းလုပ်ဆောင်နေကြောင်း၊ ယင်းအပေါ်တွင် အယုံအကြည်မရှိဘူးဆိုသည်မှာ မဖြစ် သင့်ကြောင်း တုန့်ပြန်ပြောကြားသည်။နောက်တစ်ခါ ရွေးကောက်ပွဲတရားမျှတမှု မရှိဘူးဆိုရင်။

ကျွန်တော်တို့ ဘယ်သူကို ကာချုပ်ကြီးက ဘာလုပ်ပေးမလဲ ဆိုတာမျိုးတွေပြောတာ။ တောင်းဆိုတာမျိုးတွေကလည်း ဒါလည်း မဖြစ်သင့် ဘူးလို့ ထင်ပါတယ်။ အာလုံးဟာ တညီတညွတ်ထဲနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြ ရမယ်။ ဖြေရှင်ကြရမယ့် ကိစ္စမျိုးမှာ။ ဒီလိုတိုင်တာ တောတာမျိုး ပုံစံမျိုးတွေနဲ့ လုပ်တာမျိုး ကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်` ဟု ၎င်းက ဆိုသည်။ ယခုအချိန်သည် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်နေသည့် အချိန်ဖြစ်ကာ ထူးခြားသည့် အကျပ်အတည်းလည်း မရှိဘဲ ကာလုံအစည်းအဝေး ခေါ်ယူပေးရန် တောင်းဆို နေခြင်းမှာလည်း မသင့်တော်ကြောင်း မုံရွာအောင်ရှင်က ပြောသည်။

ဒီအချိန်မှာ ပြောဖို့မသင့်တော်တဲ့ ကာလုံခေါ်ပေးဖို့ကိစ္စတွေ။ ပြောလာတယ်။ ဆိုလာတယ်။ ဆိုတဲ့ဟာတွေကတော့ သိပ်တော့ အဓိပ္ပာယ် မရှိဘူးလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုပဲ ရွေးကောက်ပွဲက လာနေပြီဗျာ။ ရွေးကောက်ပွဲလုပ်ပေးကြတော့မယ်။ နိုင်ငံရေးပါ တီတွေ ရွေးကောက်ပွဲ ဝင်ကြတော့မယ့် အခြေအနေမှာ။ ဘာမှလည်း အခြေအနေထူးထူးခြားခြား အကျပ် အတည်း မရှိဘဲနဲ့ ပေါ့လေ။ ကာလုံခေါ်ပေးဖို့ချည်းပဲ တစာစာနဲ့ သခွပ်ပင်က မီးတကျီကျီ လုပ်နေတာမျိုး ကတော့ မသင့်တော်ဘူးလို့ထင်တယ်` ဟု ဆိုသည်။

အောင်ရဲနောင်

CRD: The Ladies News

Add a Comment

Your email address will not be published. Required fields are marked *